လျှပ်စစ်ကား (EV) စီးသူများ အဆင်ပြေစေဖို့ အဆင့် (၃) အမြန်အားသွင်းစက်များ မြန်မာပြည်ရောက်ပြီ

လျှပ်စစ်ကား (EV) စီးသူများ အဆင်ပြေစေဖို့ အဆင့် (၃) အမြန်အားသွင်းစက်များ မြန်မာပြည်ရောက်ပြီ

မြန်မာနိုင်ငံမှာ လျှပ်စစ်ကား (EV) တွေအဆင်ပြေပြေစီးနိုင်ဖို့ အဆင့် (၃) DC အမြန်အားသွင်းစက်များ (Level 3 DC Fast Charging Station) အား Prime Automotive Myanmar ကုမ္ပဏီက အစောဆုံးတင်သွင်းရောက်ရှိလာခဲ့ပြီလို့ ကုမ္ပဏီနှင့် နိုင်ငံပိုင် သတင်းစာများရဲ့ ထုတ်ပြန်မှုအရ သိရှိရပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံး တင်သွင်းရောက်ရှိလာသော လျှပ်စစ်ကားများအား ဓာတ်အား (Charging) ပြန်လည်ဖြည့်သွင်းနိုင်ရန် ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ အမှတ် (၃) တိုးဂိတ်၊ ဖြူးယာဉ်ရပ် နားစခန်း၊ နေပြည်တော် လမ်းဆုံ ယာဉ်ရပ်နားစခန်းတို့တွင် Charging Station များ တည်ဆောက်နိုင်ရေး အတွက် Prime Automotive Myanmar ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ EV Charger 60 KW ၅ စုံနှင့်200 KW ၂ စုံ စုစုပေါင်း ၇ စုံအား MITT ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်ခဲ့ပါတယ်။

ထို့နောက် ဖေဖော်ဝါရီ ၃ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ MITT ဆိပ်ကမ်း၌ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့ဖြင့် သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး မှန်ကန်မှုရှိခဲ့သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပေးထားကြောင်း နိုင်ငံပိုင် မီဒီယာရဲ့ ထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။

Prime Automotive Myanmar ကုမ္ပဏီအနေနဲ့ EV ကားများကို ချစ်နှစ်သက်သော ကားအသုံးပြုသူများ အဆင်ပြေဖို့ ထာဝရဦးစားပေးလုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် Prime Automotive Myanamar အနေနဲ့လည်း မိမိတို့ တရားဝင် တင်သွင်းသော EV ကားများ အားလုံး အတွက် Prime Automotive ရဲ့ Dealers များမှ တစ်ဆင့် EV ကားများ ကို ဝယ်ယူပြီး ရန်ကုန်၊ နေပြည်တော် အမြန်လမ်းရှိ (၀) မိုင် – (၁၁၅) မိုင် – (၂၀၀) မိုင် များရှိ Level 3 Fast Charging Stations များတွင်..

ဝယ်ယူသည့်နေ့မှ စပြီး တစ်နှစ် (တိတိ) အခမဲ့ စိတ်တိုင်းကျ အားသွင်းခြင်းကို ပြုလုပ်နိုင်မှာဖြစ်သော်လည်း Public Transportation အတွက်အသုံးပြုသော EV ယာဉ်များတော့ မပါဝင်ဘူးလို့ ၎င်းတို့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီနှစ်ခုကနေ BYD ကုမ္ပဏီထုတ် E2 မော်ဒယ် အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး အဲဒီအထဲကမှ ရန်ကုန်လေဆိပ်မှာ ၁၀ စီးနဲ့ နေပြည်တော်သပြေကုန်းဈေးမှာ ၁၀ စီးတို့ကို တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

4

Crd

Crd