လျှပ်စစ်ကား ဝယ်ဖို့ လက်တွန့်နေကြတဲ့ ရွှေမြန်မာတို့ရဲ့ အတွေများ (ဒါဖတ်ပြီး ဝယ်ဖို့ စဉ်းစားပါ)

လျှပ်စစ်ကား ဝယ်ဖို့ လက်တွန့်နေကြတဲ့ ရွှေမြန်မာတို့ရဲ့ အတွေများ (ဒါဖတ်ပြီး ဝယ်ဖို့ စဉ်းစားပါ)

လျှပ်စစ်ကား ဝယ်ဖို့ လက်တွန့်နေကြတဲ့ ရွှေမြန်မာတို့ရဲ့ အတွေများ (ဒါဖတ်ပြီး ဝယ်ဖို့ စဉ်းစားပါ)..

မြန်မာပြည်မှာ လျှပ်စစ်ကား (EV) တွေ အကြောင်း သန်ရာသန်ရာရေး ကျပါတယ်။ တချို့တွေကတော့ အချက်အလက်တွေ မဟုတ်ပဲ EV ကို စိတ်ပျက်သွားလောက်အောင် ရေးကျပါတယ်။ Myth story သဘောမျိုးတွေ ဖြစ်လာတယ်။ EV ဝယ်မဲ့ သူတွေ ကြားရင် ဝယ်ရမှာ နောက်တွန့် သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ Oil and Gas က လျှပ်စစ်အင်ယာ တယောက် Experience အခြေခံပြီး ရေးပါတယ်။ ဒါလေးဖတ်ပြီးရင် လူတိုင်းက စဉ်းစားညာဏ် ရှိပါတယ်။ မဝယ်ခင် စဉ်းစားပေါ့။

1 KW နဲ့ အားသွင်းမယ်.. ပထမဆုံးရေးတာက အားသွင်းတဲ့ အကြောင်းပါ။ သူတို့ရဲ့ စာတွေ ဖတ်လိုက်ရင် EV ဝယ်ပြီးတာနဲ့ လူတယောက်က နေ့မအားညမအား အားသွင်းဖို့ EV charger cable ကြီးကိုင်ပြီး လုပ်နေရတဲ့ ပုံ ကို မြင်လာအောင်တောင် ရေးနိုင်ပါတယ်။ နောက် အားသွင်းရင်လဲ 7KW charger ကြီးနဲ့ Aircon ၉ လုံးစာလောက်ကို အားစားပြီး တရက်ကွက်လုံး မှောင်မိုက်သွားတဲ့ ပုံစံပါပဲ။ မှားပါတယ်။ EV တွေ အားသွင်းရင် သုံးခဲ့တဲ့ battery ပမာဏ (လျော့သွားတဲ့ ပမာဏ) ကို ပဲ ပြန်ဖြည့်ရမှာပါ။

တွက်ချက်မှု အရ 1 KWh မှာကားက 5 miles or 8 kilometer သွားနိုင်ပါတယ်။ အဲတော့မိတ်ဆွေ ကားကို သွားသလောက်ပဲ ဖြည့်ရမှာပါ။ တနေ့မှာ မိုင် ၂၀ သွားရင် 4 Kilo watts ပဲ ပြန်ဖြည့်ရမှာပါ။ မိုင် ၄၀ သွားရင် 8 Kilowatts စာပဲ ပြန်ဖြည့်ရမှာပါ။ အဲတော့ ရိုးရိုး 1 KW charger ပဲ သုံးရင်တောင် ညဖက် ၉ နာရီက တပ်ထားရင် မနက် ၅ နာရီ အထိဆို မိုင် ၄၀ စာ ဖြည့်လို့ရပါတယ်။

အားသွင်းတယ်ဆိုတာလဲ ငုတ်တုတ် ထိုင်စောင့်ကြည့် ဖို့ မလိုပါဘူး။ Puld and play ပါ။ ပြည့်ရင် သူ့ဘာသာသူ ရပ်သွားမှာပါ။ မနက် ၈ နာရီလောက်သွားမယ်ဆို ဖြုတ်သိမ်း မောင်းသွားယုံပါပဲ။ ဒါကတော့နေ့တိုင်း အားပြည့်အောင် သွင်းချင်တဲ့ မိုင် ၄၀ မောင်းမဲ့ သူ အတွက်ပါ၊

မီးပျက်ရင် အားသွင်းရပ်ရင် Cycle count ရေတယ်။ (မှားပါတယ်) LiFePo4 battery count က 100 % သုံးလိုက်မှာ 1 cycle ရေပါတယ်။ အားသွင်းတာကို ရေတာမဟုတ်ပါဖူး။ မီးပျက်တာလာလိုက် ရပ်လိုက်ရင် Cycle count ကို ရေပြီး မြန်မာပြည်မှာဆို ခဏပဲ ခံမယ်လို့ ရေးထားကျလို့ပါ။ ဆရာတို့ကားတွေက တနေ့မှာ 5 KWh သုံးပြီး ပြန်အားသွင်းနေတယ်။ ကားမှာ 50 KWh battery pack တပ်ထားမယ် ဆိုရင် ၁၀ ရက်မှာ one cycle ပြည့်ပါမယ်။ ဒါကတော့ သာမန်လူ နားလည်အောင် ရေးပြတာပါ။ ကျန်တဲ့ factor တွေ ရှိပါသေးတယ်။ ပေးချင်တဲ့ မက်ဆေ့ကတော့ Cycle count ရေတာ ကို မီးပျက်တဲ့ အရည်အတွက်နဲ့ တိုင်းတာ မဟုတ်ဘူးဆိုတာပါပဲ။

Charging station ရှိမှ အားသွင်းလို့ရမယ်.. (မှားပါတယ်) EV ကားတွေ ဝယ်ရင် အားသွင်းလို့ရတဲ့ AC charger cable တွေ ပါပါတယ်။ level 1 charger ပေါ့။ အိမ်က 16 Amp plug ပေါက်မှာ လျပ်စစ်မီးဖို သုံးသလိုပဲ ထိုးပြီး အားသွင်းလို့ရပါတယ်။ အဲတော့ 16 Amp ELCB breaker လေးခံ ပလတ်ခုံ အကောင်းစားလေး လုပ်ပြီး အားသွင်းရင် ရပါတယ်။ 16 Amp ဆိုရင် 3 KW charger အထိ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ များများသုံး မိရင်တော့ ကြာကြာလေး အားသွင်းရမှာပေါ့ ။ အဲတော့ တနေ့ကို ဘယ်လောက်သုံးလဲ စဉ်းစားပေါ့။

လျှပ်စစ် ဓါတ်က မလုံလောက်ဘူး.. ဆရာတို့ စဉ်းစားရမှာက ဓါတ်ဆီနဲ့ လျှပ်စစ် ဘယ်ကလွယ်လွယ် ကူကူ ရနိုင်လဲ။ ဓါတ်ဆီက ကိုယ်ပိုင်ထုတ်နိုင်လား, လျပ်စစ်က ကိုယ်ပိုင်ထုတ်နိုင်လား။ ဓါတ်ဆီတွေ ပြတ်လို့ တန်းစီရတာတွေ, ဆီတွေ မသန့်လို့ အင်ဂျင်တွေ ချရတာတွေ မလိုချင်ဘူးဗျာ။ ဘယ်က ပိုအဆင်ပြေနိုင်မလဲ ဆိုတာတော့ ဖတ်တဲ့ ဆရာတွေရဲ့ အတွေးအတွက် ချန်ထားပါတယ်။ နောက်မှ ကိုယ်ပိုင်အိမ်သမားတွေ အတွက် ရေးပြပါ့မယ်။

မြို့တိုင်းမှာ ဆီဆိုင်တွေ ရှိတယ်.. (မှန်ပါတယ်) အိမ်တိုင်းမှာ လျပ်စစ်မီး ရှိပါတယ် (ဒါကလဲ မမှားဘူး) အားလဲ သွင်းလို့ရပါတယ်.. EV ကားတွေ Battery က ငါးနှစ်မှာလဲ ရမယ်.. အဲဖိုးပါထည့်တွက်ရမယ်..

ကားတွေရဲ့ LiFePo4 ကို ကြေညာထားတာက 80% DOC မှာ အကြိမ် ၆၀၀၀ ခံမယ်လို့ ရေးထားပါတယ်။ အလကားတော့ ရေးထားတာမဟုတ်ပါဖူး။ Test lab တွေကို ပိုပြီး မှာ Certify လုပ်ပြီး ကြော်ညာ ကျတာပါ။ Brand battery တွေ ကိုပြောတာပါ။ အဓိပ္ပာယ်ကတော့ တကြိမ်ကို ၈၀ % အထိ ကျအောင်သုံးရင် အကြိမ် ၆၀၀၀ သုံးလို့ရပါတယ် ပြောတဲ့ သဘောပါပဲ။ အဲတော့ ၆၀၀၀ ကို ၃၆၅ နဲ့ စားရင် ၁၆ နှစ်လောက် သုံးရမယ် ဆိုတဲ့ သဘောပါပဲ။ ဒါတောင် တနေ့ ၈၀% အထိ သုံးရင်ပြောတာပါ။

ဒါကြောင့်မို့ EV ကားတွေ ထုတ်တဲ့ သူတွေက ၈ နှစ် မိုင် တသိန်း warranty ပေးကျပါတယ်။ ဒီမှာ တချို့က warranty ပြောရင် အဲဒီအချိန် ပျက်မှာလား။ မဟုတ်ပါ ။ warranty သဘောက အာမခံပါ။ လျော်မယ့် သဘောပါ။ warranty ထက် အများကြီး ကျော်သုံးရပါတယ်။ တချို့က Nissan Leaf ကို ကြည့်ပြီး နှိုင်းယှည် ကျတယ်။ မတူတော့ပါဖူး။ Technology ကတော့ အမြဲ ပြောင်းလဲနေတာပါ။ ဖုန်းတွေ laptop တွေ ကိုကြည့်ပါ။

အဲတော့ ကျွန်တော်ရဲ့ အတွေ့ အကြုံအရတော့ အခုထုတ်တဲ့ Grade A LiFePo4 battery တွေ ကတော့ အနည်းဆုံး ၁၅ နှစ်လောက်တော့ သုံးရမယ်ထင်ပါတယ်။ နောက်ဆုံး အခု ထုတ်နေတဲ့ CATL battery ကတော့ကြမ်းတယ်။ အခုထုတ်မဲ့ battery တွေကတော့ မိုင် တသန်းနဲ့နှစ်သိန်း 1.2 miiloin miles နဲ့ ၁၆ နှစ် warranty ပေးပါတယ်တဲ့။

“Traffic Cost”

EV သုံးရင် သိသာထင်ရှားစေတာကတော့ Traffic တွေမှာပါ။ မော်တာတွေရဲ့သဘောက ရပ်ထားလို့ရပါတယ်။ အင်ဂျင်တွေလို idle speed လို မောင်းနေစရာမလိုပါ။ ဒါကြောင့်မို့လဲ စက်မှုလုပ်ငန်းတွေ မှာ Motor ပဲသုံးတာပေါ့။ အဲတော့ Traffic တွေမှာ ကားပိတ်မိနေရင် EV ကားက ရပ်ထားရင် Zero power consumption ပါ။ မီးပိုင့် မှာရပ်နေရရင် Zero ပါ။ Aircon ကတော့ သုံးရင် တချို့ တော့ ကုန်မှာပေါ့။

ဒါပေမဲ့ ကားအင်ဂျင်သုံးတဲ့ AC လောက်တော့ မကုန်ဘူး။ ကျွန်တော်တို့နိုင်ငံလို Traffic များတဲ့နိုင်ငံမှာဆို EV ကတော့ ဘယ်လို ပြောမလဲ။ မကုန်တော့ဖူးပေါ့နော်။ ကလေးတွေ ပြောသလို လုံးဝ အငြိမ်လို့ပြောရမှာပေါ့နော်။ ပေးချင်တဲ့ မက်ဆေ့ကတော့ Traffic များလေ EV အတွက် ကတော့ big gain များလေပါ။

“EV Carry Light Truck” (လျှပ်စစ် ကုန်တင်ကား အသေးများ)

မြန်မာပြည်မှာ EV တွေ သွင်းခွင့်ပြုရင် အရောင်းရဆုံးဖြစ်မှာက (ခန့်မှန်းကြည့်တာပါ) Light truck EV တွေ ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းတွေမှာ သယ်ယူ ပို့ဆောင်ရေး မရှိမဖြစ်ပါ။ ပြဿနာ တခုက ဆီ ပြဿနာပါ။ ပထမ က ဆီဈေးတွေ ကြီးတာ ပြဿနာရယ်။ ယာဉ်မောင်းတော်တော် များများက ဆီကို အလွဲ သုံးစားလုပ်တာရယ်ပါ။ ဒါကို တော့ လုပ်ငန်းရှင်တွေ ကြုံဖူးကျပါတယ်။ လျှပ်စစ်ကားဆိုရင် ဘာမှ လုပ်လို့မရတဲ့ အပြင် တလတလ ကုန်နေရတဲ့ ဆီဖိုးသက်သာ သွားမှာပါ။ တကယ့်ကို Win-Win အခြေ အနေပါ။

နောက်ဆီကားတွေက လျှပ်စစ်ကားကို သယ်ယူပို့ဆောင်ရေး စရိတ်မှာ သွားပြိုင်လို့ မရနိုင်တော့ဘူး။ လုပ်ငန်းရှင်တွေကတော့ သူ့ထက်ငါ အပြိုင်ချကြမှာပါ။ တနေကုန်သုံး ပြီးရင် အလုပ်ရုံ ပြန်လာ အားသွင်းထား။ မနက်မှာပြန်သုံးလို့ ရနိုင်ပါတယ်။ အဓိကကတော့ အားသွင်းပြီးရပ်ဖို့ နေရာတခုတော့ လုပ်ပေးရမှာပေါ့။ အလုပ်ရုံတွေ အတွက်ကတော့ ခက်လောက်မယ် မထင်ပါဘူး။ ‌အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Kyaw Oo (EI Engineering)



Post Views:
2

Crd