လျှပ်စစ်ကားတွေမှာ တပ်ဆင်ထားတဲ့ Motor အမျိုးမျိုးနှင့် မြန်မာပြည်နဲ့ အသင့်တော်ဆုံးမှာ

လျှပ်စစ်ကား (EV ကား) တွေမှာ တပ်ဆင်ထားတဲ့ မော်တာ (Motor) အမျိုးမျိုးနှင့် မြန်မာပြည်နဲ့ အသင့်တော်ဆုံးမှာ..
EV ကားတွေက မော်တာနဲ့ မောင်းသလို တပ်ဆင်ထားတဲ့ မော်တာ System က အမျိုးမျိုး ရှိနေပါတယ်။ Detail တော့မဟုတ်ပေမဲ့ အကြမ်းဖျင်း အားဖြင့် လက်ရှိမှာ Type 4 မျိုး ရှိပါတယ်။ (၁) Single Motor, (၂) Duel Motors (2 motors) (၃) Tri (3 motors) (၄) Four Motors System တွေ ရှိတယ်လို့ သိရပါတယ်။
(၁) Single motor ကတော့ motor တလုံးထဲ တပ်ထားပြီး ရှေ့ယက် (or) နောက်ယက် သဘောမျိုးပေါ့။ သူကတော့ transmission gear ပါပြီး ဘိန်း ၂ လုံး ကို Synchro ဖြစ်အောင်မောင်းပါမယ်။
(၂) Duel motor (2 motors + transmission gear) ကလည်း မော်တာ ကို အရှေ့တလုံး အနောက်တလုံး တပ်ထားပြီး မော်တော်ကားသဘော တရားအရ all wheels drive ပေါ့။
(၃) Tri (3 motors) ကတော့ အရှေ့မှာ တလုံး နောက်မှာ ၂ လုံးတပ်ထားပါတယ်။ အရှေ့ ကမော်တာကတော့ transmission gear ပါပြီး နောက် ၂ လုံးကတော့ ဘာမှ မပါပဲ ဘီးကို တိုက်ရိုက် မောင်းပါတယ်။
(4) Four motor system ကတော့ ဘီးတွေ တလုံး ခြင်းစီမှာ မော်တာကို တပ်ထားပြီး အားလုံးကို တိုက်ရိုက်မောင်းပါတယ်။
မြန်မာပြည်မှာ ဝယ်မယ်ဆိုရင် အရိုး အရှင်းဆုံး Single မော်တာ (3 phase induction motor) နဲ့ 30~40 KWh လောက်ရှိတဲ့ battery pack နဲ့ ဆို အဆင်ပြေနိုင်ပါတယ်။ မြို့ထဲနဲ့ မြို့ပြင် သုံးပေါ့။
EV ကားတွေမှာ ဘယ်မော်တာတွေ သုံးသလဲ.. လျှပ်စစ်မော်တာတွေ ဆိုတာ တကယ်တော့ သံလိုက်တုန်း ၂ တုံး က မျိုးတူရင် တွန်းကန်လည်ရတဲ့ သဘာဝပါ။ magnetic field တွေ နဲ့ လည်ရတာပါ။ လျပ်စစ်ဓါတ်ပေးလိုက်တဲ့ အခါ သံလိုက်တွေ ဖြစ်သွားပြီးလည် ကျတာပါ။ EV ကားတွေလောက မှာ လျပ်စစ်မော်တာတွေ သုံးတာကတော့ AC + DC 7 မျိုးလောက် ရှိတယ် ဆိုပါတယ်။
ဒါပေမဲ့ မသုံးတော့တဲ့ DC motor တွေဖယ်ရင် EV ကားတွေမှာ အဓိ ကတွေ့ရမဲ့ AC မော်တာ (၃) မျိုးရှိပါ တယ်။ ဒါတွေကတော့..
1. Permanent Magnet Synchronous Motor (PMSM)
2. Three Phase AC Induction Motors
3. Switched Reluctance Motors (SRM) တွေဖြစ်ပါတယ်။
Motor တွေ မှာ အဓိက လုပ်ဆောင် ရမဲ့ တခုကတော့ Speed ကို လိုသလို Control ထိန်း နိုင်ဖို့ အရေးကြီးတာပါပဲ။ ဒါမှလဲ ကားကို အနှေး အမြန်ထိန်းချုပ် လို့ရမှာပါ။ PMSM ကတော့ သံလိုက်တုံးတွေ ပါပြီး ဈေးကြီးတယ်လို့ဆိုပါတယ်။ အမြဲတမ်းသံလိုက် တုံးတွေ နဲ့ တည်ဆောက်ထားတဲ့ AC synchronous motor ဖြစ်ပြီး sinusoidal back EMF လှိုင်းပုံစံရှိ ပါတယ်။ PMSM သည် ကို Sinewave DC induction motor လို့လဲ နာမည်ပြောင်ပေးထားပါတယ်။
Induction motor ကတော့ ကျွန်တော်တို့ စက်မှုလုပ်ငန်းမှာ တွေ့နေရတဲ့ မော်တာပါပဲ။ သူကတော့ Speed control လုပ်ရတာ ခက်ခဲပါတယ်။ အဓိကကတော့ Frequency နဲ့ အနှေး အမြန်လုပ်ပါတယ်။ မော်တာကတော့ ရိုးရှင်းပြီး ဈေးနှုန်းသက်သာပါတယ်။ Speed contro လုပ်ရတာဈေးကြီးပါတယ်။
SRM ကတော့ တောင့်တင်:မာကြော ပြီး ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်း၊ အမြဲတမ်းသံလိုက်များမသုံး ရခြင်း၊ ပါဝါ ကောင်းခြင်း ကြံ့ခိုင်မှုတို့ကြောင့် (SRM) သည် လျှပ်စစ်ကား (EV) များအတွက်အသုံးပြုလာပါတယ်။ သံလိုက်တုံးတွေ မပါတော့ ဈေးသက်သာပါတယ်။
အဲတော့ EV ကားဝယ်မယ်ဆိုရင် ဘယ်မော်တာ သုံးလဲ ဆိုတာတော့ Customer တွေ သိထားရပါမယ်။ အားသာချက် အားနည်းချက်တွေ သ်ထားရပါမယ်။ ကျေးဇူးပါ (Kyaw Oo)
Post Views:
6
Crd