■လျိုဝှက်ထောက်လှမ်းရေးတွေကိုလည်းနိင်ငံအနှံဖြန့်ကျက်ထားတဲ့ JTF2

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လျိုဝှက်ထောက်လှမ်းရေးတွေကိုလည်းနိင်ငံအနှံဖြန့်ကျက်ထားတဲ့ JTF2

နောက်တစ်ခုကတော့ The Great White North လို့ခေါ်တဲ့ နှင်းတွေလွှမ်းတဲ့ဒေသ ဟော်ကီကစားခြင်းသင်ကေတ၊ မေပယ်ရွက်လေးရဲ့ သက်ေတ ၊ ဂျက်စတင်ဘီဘာရဲ့ဇာတိလို့ သိကြတဲ့အပြင် အလွန်ဖော်ရွေတဲ့သူတွေရှိတဲ့နေရာလို့ လူသိများတဲ့ ကနေဒါနိုင်ငံပါ။

ဒါပေမယ့် ၁၉၉၃ခုနှစ်ကဖွဲ့စည်းခဲ့ပြီး JTF2 လို့အတိုကောက်ခေါ်ကြတဲ့ သူတို့ရဲ့ အထူးလေ့ကျင်ရေးတပ်ဖွဲ နဲ့ ပတ်သတ်ပြီးပြောရရင်တော့ ညှာတာဖော်ရွေတယ်ဆိုတာမျိုးမရှိပါဘူး JTF2 ဟာ ကနေဒါနိုင်ငံကို အကြမ်းဖက်သမားတွေရန်ကကာကွယ်ပေးတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုပါ။ ကနေဒါနိုင်ငံ လုံခြုံရေးကိုတာဝန်ယူရပြီး လျိုဝှက်ထောက်လှမ်းရေးတွေကိုလည်းနိင်ငံအနှံ ဖြန့်ကျက်ထားတာပါ။

ဘော်စနီးယားမှာလည်း စနိုက်ပါ သေနတ်သမားတွေကို တားဆီးနိုင်ခဲ့သလို အီရတ်မှာလည်း ဓားစာခံတွေကို ကယ်တင်ခဲ့တဲ့အပြင် အာဖဂန်နစ်စတန်မှာလည်း လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ခဲ့ပါသေးတယ်။

အထူးတပ်ဖွဲ့ဖြစ်တဲ့ US ရေတပ် တပ်ဖွဲ့ SEAL နဲ့ စစ်ဆင်ရေးတွေ ပြင်ဆင်နေချိန်မှာ အာဖဂန်နစ်စတန်မှာရှိတဲ့ JTF2 ဟာ သူတို့လုပ်ဆောင်ချက်တွေကို ဘယ်လောက်ထိလျှို့ဝှက်လုပ်ဆောင်ခဲ့လဲဆိုတော့ ကနေဒါနိုင်ငံရဲ့ဝန်ကြီးချုပ်တောင်မှ သူတို့အဲ့မှာ တရားဝင်ရှိနေကြမှန်းမသိခဲ့ပါဘူး။

JTF2အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ကလည်း တကယ်ကို မလွယ်ကူတဲ့ကိစ္စပါ။2 ရဲ့လေ့ကျင့်ရေးတွေဟာ ခန္ဓာကိုယ် ကြံ ခိုင်သန်စွမ်းဖို့သာမက တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်တဲ့ ရင့်ကျက်တည်ငြိမ်ဖို့ ယုံကြည်မှုရှိဖို့ ရိုးသားဖြောင့်မတ်ဖို့ စိတ်ဓာတ်ကြံ ခိုင်ဖို့ အဖွဲ့အစည်းနဲ့ ပေါင်းစည်းလုပ်ဆောင်တတ်ဖို့ ကိုယ့်ရဲ့ သတ်မှတ်စည်းကမ်းကို မဖောက်ဖျက်စေဖို့ စတဲ့ အရာတွေကိုပါ လေ့ကျင့်သင်ကြားပေးကြတာပါ။
Ref:youtube
Trans:thegeektext

zawgyi



နောက်တစ်ခုကတော့ The Great White North လို့ခေါ်တဲ့ နှင်းတွေလွှမ်းတဲ့ဒေသ ဟော်ကီကစားခြင်းသင်ကေတ၊ မေပယ်ရွက်လေးရဲ့ သက်တေ ၊ ဂျက်စတင်ဘီဘာရဲ့ဇာတိလို့ သိကြတဲ့အပြင် အလွန်ဖော်ရွေတဲ့သူတွေရှိတဲ့နေရာလို့ လူသိများတဲ့ ကနေဒါနိုင်ငံပါ။




Ref:youtube
Trans:thegeektext