
Ran Guanghui အမည်ရှိအဆိုပါဖခင်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကုန်ထမ်းသူတစ်ဦး ဖြစ်ပြီး သူ၏ချစ်စဖွယ်သားဖြစ်သူအပေါ်ပြုမူတဲ့သူ့ရဲ့ရိုးရှင်းတဲ့အပြုအမူကြောင့် လူများစွာကို ထိမိသွားစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က Chongqing ပြည်နယ်ရှိတရုတ်သတင်းထောက်တစ်ဦးက ၎င်းဓာတ်ပုံကိုရိုက်ယူထားခဲ့တာပါ။ ထိုအချိန်က Mr.Ran က အသက် ၄၁နှစ်နှင့် သားဖြစ်သူ Ran Junchao က ၃နှစ်အရွယ်ဘဲရှိပါသေးတယ်။ ဇနီးဖြစ်သူက စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေခဲ့တာကြောင့် သားဖြစ်သူကို Mr.Ran က သူ့ရဲ့အလုပ်သို့ခေါ်သွားခဲ့တာပါ။
Mr. Ran ဟာ လှေကားထစ်ဆင်းနေစဉ် ကီလို ၁၀၀ (၂၂၀ ပေါင်) အလေးချိန်ရှိတဲ့အိတ်ကိုသယ်ဆောင်နေခဲ့ပြီး သားဖြစ်သူကလည်း သူ့ရဲ့နောက်သို့လိုက်ပါနေစဉ်ဓာတ်ပုံကို လှပစွာဖမ်းယူနိုင်ခဲ့ပါတယ်။သို့ပေမယ့် သားဖြစ်သူကငယ်သေးလို့ သူ့အဖေရဲ့လှေကားကနေလမ်းလျှောက်ဆင်းတာကိုအမီလိုက်ဖို့ခက်နေခဲ့ပါတယ်။ သူဆင်းလာတဲ့အချိန်မှာ သူ့သားဘယ်လိုရုန်းကန်နေလဲဆိုတာကိုသတိထားမိပြီး သူ့အိတ်ကိုလက်တစ်ဖက်နဲ့သယ်ဖို့သူ့အစွမ်းကိုသုံးခဲ့တာကိုတွေ့မြင်နိုင်ပါတယ်။
ဓာတ်ပုံကိုရိုက်ယူခဲ့တဲ့ သတင်းထောက် Xu Kangping က ထိုနေ့ဟာ ၂၀၁၀ ခုနှစ် ဇွန်လ ၂၀ ရက်ဖြစ်ပြီး ဖခင်ဖြစ်သူဟာ ၎င်းအိတ်ကြီးကို ထမ်းရက်း ရှည်လျားတဲ့လှေကားထစ်ကိုဆင်းနေခဲ့ကြောင်း ၊ ၎င်းကလွယ်ကူတဲ့ခရီးမဟုတ်ပေမဲ့ ဖခင်ဖြစ်သူက ဝင်ရှာရန်အတွက် ကုန်စည်များကိုထမ်းရင်း ၎င်းလှေကားထစ်တွေကို တစ်နေ့ကို အကြိမ် ၂၀ လောက်အတက်အဆင်းလုပ်နေခဲ့ရကြောင်း ကို အံ့ဩစွာပြောပြခဲ့ပါတယ်။
Mr.Ran က ဖခင်တစ်ဦးအနေနဲ့ ဘယ်လောက်ဘဲအလုပ်တွေရှုပ်ပြီးဘယ်လောက်ပင်ပန်းနေပါစေ ဘယ်တော့မှညည်းညူမှာမဟုတ်သလို သားဖြစ်သူအတွက် သက်တောင့်သက်သာရှိတဲ့ဘဝကိုဖန်တီးပေးဖို့ နောက်ထပ်အနှစ် ၂၀ အထိအလုပ်လုပ်ဖို့ဆန္ဒရှိကြောင်းလည်းဆိုခဲ့ပါတယ်။ယခု အသက် ၅၀ကျော်ပြီဖြစ်တဲ့ Mr.Ran ဟာ ကုန်ထမ်းသမားတစ်ဦးဖြစ်နေသေးသလို တစ်ရက်ကိုဝင်ငွေ ယွမ် ၂၅၀ ခန့်နဲ့ အလုပ်လုပ်နေဆဲဖြစ်ပြီး ဈေးနှင့်ဆိုင်များအားလုံးပိတ်တဲ့တရုတ်နှစ်သစ်ကူးပွဲတော်ရက်မှလွှဲ၍ တစ်နှစ်ကို ၃၆၄ ရက်လုံးအလုပ်လုပ်နေဆဲဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းတွင် Mr.Ran ဟာ ယွမ် ၄၀၀,၀၀၀ ကိုစုဆောင်းနိုင်ခဲ့ပြီး ဇနီးနှင့်သားဖြစ်သူတို့သက်တောင့်သက်သာနေနိုင်ရန်အတွက် Chongqing ရှိတိုက်ခန်းတစ်ခန်းကိုဝယ်ယူခဲ့ပါတယ်။ သို့ပေမဲ့ သူ့သားအတွက်အကောင်းဆုံးကိုဘဲအမြဲပေးချင်ခဲ့တာကြောင့် သူဟာနောင်တမရဘဲ နေ့တိုင်း အလုပ်ကိုပိုတောင်လုပ်ခဲ့ပါတယ်။
Zawgyi
Ran Guanghui အမည္ရွိအဆိုပါဖခင္ဟာ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းရွိ ကုန္ထမ္းသူတစ္ဦး ျဖစ္ၿပီး သူ၏ခ်စ္စဖြယ္သားျဖစ္သူအေပၚျပဳမူတဲ့သူ႔ရဲ႕႐ိုးရွင္းတဲ့အျပဳအမူေၾကာင့္ လူမ်ားစြာကို ထိမိသြားေစခဲ့ပါတယ္။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က Chongqing ျပည္နယ္ရွိတ႐ုတ္သတင္းေထာက္တစ္ဦးက ၎ဓာတ္ပုံကို႐ိုက္ယူထားခဲ့တာပါ။ ထိုအခ်ိန္က Mr.Ran က အသက္ ၄၁ႏွစ္ႏွင့္ သားျဖစ္သူ Ran Junchao က ၃ႏွစ္အ႐ြယ္ဘဲရွိပါေသးတယ္။ ဇနီးျဖစ္သူက စားေသာက္ဆိုင္တစ္ခုတြင္ အလုပ္လုပ္ေနခဲ့တာေၾကာင့္ သားျဖစ္သူကို Mr.Ran က သူ႔ရဲ႕အလုပ္သို႔ေခၚသြားခဲ့တာပါ။
Mr. Ran ဟာ ေလွကားထစ္ဆင္းေနစဥ္ ကီလို ၁၀၀ (၂၂၀ ေပါင္) အေလးခ်ိန္ရွိတဲ့အိတ္ကိုသယ္ေဆာင္ေနခဲ့ၿပီး သားျဖစ္သူကလည္း သူ႔ရဲ႕ေနာက္သို႔လိုက္ပါေနစဥ္ဓာတ္ပုံကို လွပစြာဖမ္းယူႏိုင္ခဲ့ပါတယ္။
သို႔ေပမယ့္ သားျဖစ္သူကငယ္ေသးလို႔ သူ႔အေဖရဲ႕ေလွကားကေနလမ္းေလွ်ာက္ဆင္းတာကိုအမီလိုက္ဖို႔ခက္ေနခဲ့ပါတယ္။ သူဆင္းလာတဲ့အခ်ိန္မွာ သူ႔သားဘယ္လို႐ုန္းကန္ေနလဲဆိုတာကိုသတိထားမိၿပီး သူ႔အိတ္ကိုလက္တစ္ဖက္နဲ႔သယ္ဖို႔သူ႔အစြမ္းကိုသုံးခဲ့တာကိုေတြ႕ျမင္ႏိုင္ပါတယ္။
ဓာတ္ပုံကို႐ိုက္ယူခဲ့တဲ့ သတင္းေထာက္ Xu Kangping က ထိုေန႔ဟာ ၂၀၁၀ ခုႏွစ္ ဇြန္လ ၂၀ ရက္ျဖစ္ၿပီး ဖခင္ျဖစ္သူဟာ ၎အိတ္ႀကီးကို ထမ္းရက္း ရွည္လ်ားတဲ့ေလွကားထစ္ကိုဆင္းေနခဲ့ေၾကာင္း ၊ ၎ကလြယ္ကူတဲ့ခရီးမဟုတ္ေပမဲ့ ဖခင္ျဖစ္သူက ဝင္ရွာရန္အတြက္ ကုန္စည္မ်ားကိုထမ္းရင္း ၎ေလွကားထစ္ေတြကို တစ္ေန႔ကို အႀကိမ္ ၂၀ ေလာက္အတက္အဆင္းလုပ္ေနခဲ့ရေၾကာင္း ကို အံ့ဩစြာေျပာျပခဲ့ပါတယ္။
Mr.Ran က ဖခင္တစ္ဦးအေနနဲ႔ ဘယ္ေလာက္ဘဲအလုပ္ေတြရႈပ္ၿပီးဘယ္ေလာက္ပင္ပန္းေနပါေစ ဘယ္ေတာ့မွညည္းညဴမွာမဟုတ္သလို သားျဖစ္သူအတြက္ သက္ေတာင့္သက္သာရွိတဲ့ဘဝကိုဖန္တီးေပးဖို႔ ေနာက္ထပ္အႏွစ္ ၂၀ အထိအလုပ္လုပ္ဖို႔ဆႏၵရွိေၾကာင္းလည္းဆိုခဲ့ပါတယ္။
ယခု အသက္ ၅၀ေက်ာ္ၿပီျဖစ္တဲ့ Mr.Ran ဟာ ကုန္ထမ္းသမားတစ္ဦးျဖစ္ေနေသးသလို တစ္ရက္ကိုဝင္ေငြ ယြမ္ ၂၅၀ ခန႔္နဲ႔ အလုပ္လုပ္ေနဆဲျဖစ္ၿပီး ေဈးႏွင့္ဆိုင္မ်ားအားလုံးပိတ္တဲ့တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ရက္မွလႊဲ၍ တစ္ႏွစ္ကို ၃၆၄ ရက္လုံးအလုပ္လုပ္ေနဆဲျဖစ္ပါတယ္။
ယခုႏွစ္အေစာပိုင္းတြင္ Mr.Ran ဟာ ယြမ္ ၄၀၀,၀၀၀ ကိုစုေဆာင္းႏိုင္ခဲ့ၿပီး ဇနီးႏွင့္သားျဖစ္သူတို႔သက္ေတာင့္သက္သာေနႏိုင္ရန္အတြက္ Chongqing ရွိတိုက္ခန္းတစ္ခန္းကိုဝယ္ယူခဲ့ပါတယ္။ သို႔ေပမဲ့ သူ႔သားအတြက္အေကာင္းဆုံးကိုဘဲအၿမဲေပးခ်င္ခဲ့တာေၾကာင့္ သူဟာေနာင္တမရဘဲ ေန႔တိုင္း အလုပ္ကိုပိုေတာင္လုပ္ခဲ့ပါတယ္။
Crd