လောင်စာပူပေါင်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာကို အစ္စရေးတို့ လေကြောင်းတိုက်ခိုက်

News

လောင်စာပူပေါင်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာကို အစ္စရေးတို့ လေကြောင်းတိုက်ခိုက်

ဂါဇာဘက်မှ လွှတ်တင်လိုက်သည့် လောင်စာပူပေါင်းများ နိုင်ငံတောင်ပိုင်းတွင် ကျရောက်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးဘက်က ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၂၃ ရက်နေ့က အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း Khan Younes နှင့် မြောက်ပိုင်း Jabalia မြို့များတွင် သေဆုံးဒဏ်ရာရမှု တစုံတရာမရှိခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုမှ သိရသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
သို့သော်လည်း ပျက်စီးဆုံးရှုံးမှုများတော့ ရှိခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
အစ္စရေးကာကွယ်ရေးတပ်က ထုတ်ပြန်သည့် ကြေညာချက်၌ အစ္စရေးတိုက်လေယာဉ်များသည် ဟားမက်စ်တို့ လက်နက်ထုတ်လုပ်ရာ နေရာတစ်ခုအပြင် Jabalia ရှိ ဥမင်လိုဏ်ခေါင်း ဝင်ပေါက်ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

SheJaiya ရှိ အရပ်သားနေအိမ်များနှင့် စာသင်ကျောင်းတစ်ခုနှင့် နီးကပ်စွာ ဆောက်လုပ်ထားသည့် ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်ရာ မြေအောက်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးဘက် ပြောသည်။

“အစ္စရေးပိုင်နက်ထဲသို့ လောင်စာပူပေါင်းများ လွှတ်တင်တိုက်ခိုက်ခဲ့သည့် ဟားမက်စ်တို့၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း” ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးသည် ဟားမက်စ်တို့ လောင်စာပူပေါင်း တိုက်ခိုက်မှုများ ပြုလုပ်တိုင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်လေ့ရှိသည်။ လောင်စာထည့်ထားသည့် ပူပေါင်းများ လွှတ်တင်ပြီး တိုက်ခိုက်မှုသည် အစ္စရေးတို့ ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းဘက်က အသုံးများသည့် တိုက်ခိုက်နည်းတစ်ရပ် ဖြစ်သည်။
ဓာတ်ပုံ – AFP

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ေလာင္စာပူေပါင္းမ်ားျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ ဂါဇာကို အစၥေရးတို႔ ေလေၾကာင္းတိုက္ခိုက္

ဂါဇာဘက္မွ လႊတ္တင္လိုက္သည့္ ေလာင္စာပူေပါင္းမ်ား နိုင္ငံေတာင္ပိုင္းတြင္ က်ေရာက္ကာ မီးေလာင္ကၽြမ္းမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးဘက္က ဂါဇာကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေအအက္ဖ္ပီသတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

ၾသဂုတ္လ ၂၃ ရက္ေန႔က အစၥေရးတို႔၏ တိုက္ခိုက္မႈေၾကာင့္ ဂါဇာေတာင္ပိုင္း Khan Younes ႏွင့္ ေျမာက္ပိုင္း Jabalia ၿမိဳ႕မ်ားတြင္ ေသဆုံးဒဏ္ရာရမႈ တစုံတရာမရွိခဲ့ေၾကာင္း ပါလက္စတိုင္း လုံျခဳံေရး သတင္းရင္းျမစ္တစ္ခုမွ သိရသည္ဟု ေအအက္ဖ္ပီသတင္းက ေဖာ္ျပသည္။
သို႔ေသာ္လည္း ပ်က္စီးဆုံးရႈံးမႈမ်ားေတာ့ ရွိခဲ့သည္ဟု အဆိုပါ သတင္းရင္းျမစ္က ဆိုသည္။
အစၥေရးကာကြယ္ေရးတပ္က ထုတ္ျပန္သည့္ ေၾကညာခ်က္၌ အစၥေရးတိုက္ေလယာဥ္မ်ားသည္ ဟားမက္စ္တို႔ လက္နက္ထုတ္လုပ္ရာ ေနရာတစ္ခုအျပင္ Jabalia ရွိ ဥမင္လိုဏ္ေခါင္း ဝင္ေပါက္ကိုလည္း တိုက္ခိုက္ခဲ့သည္ဟု ေဖာ္ျပထားသည္။

SheJaiya ရွိ အရပ္သားေနအိမ္မ်ားႏွင့္ စာသင္ေက်ာင္းတစ္ခုႏွင့္ နီးကပ္စြာ ေဆာက္လုပ္ထားသည့္ ဟားမက္စ္တို႔၏ ဒုံးက်ည္ပစ္လႊတ္ရာ ေျမေအာက္စခန္းတစ္ခုကိုလည္း တိုက္ခိုက္ခဲ့သည္ဟု အစၥေရးဘက္ ေျပာသည္။

“အစၥေရးပိုင္နက္ထဲသို႔ ေလာင္စာပူေပါင္းမ်ား လႊတ္တင္တိုက္ခိုက္ခဲ့သည့္ ဟားမက္စ္တို႔၏ လုပ္ရပ္ကို တုံ႔ျပန္သည့္အေနျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ျခင္း” ျဖစ္ေၾကာင္း အစၥေရးစစ္တပ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အစၥေရးသည္ ဟားမက္စ္တို႔ ေလာင္စာပူေပါင္း တိုက္ခိုက္မႈမ်ား ျပဳလုပ္တိုင္း ေလေၾကာင္းတိုက္ခိုက္မႈမ်ားျဖင့္ လက္တုံ႔ျပန္ေလ့ရွိသည္။ ေလာင္စာထည့္ထားသည့္ ပူေပါင္းမ်ား လႊတ္တင္ၿပီး တိုက္ခိုက္မႈသည္ အစၥေရးတို႔ ပိတ္ဆို႔ထားသည့္ ဂါဇာကမ္းေျမာင္တြင္ ပါလက္စတိုင္းဘက္က အသုံးမ်ားသည့္ တိုက္ခိုက္နည္းတစ္ရပ္ ျဖစ္သည္။
ဓာတ္ပုံ – AFP

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။