၁၀။ Honjo Masamune(ဟန်ချို မဆန်မူနာ ဓါး)

ဂျပန်ရဲ့အကောင်းဆုံး ပန်းဘဲသမားဖြစ်တဲ့ ဂူရူနူဒေါ့မဆန်မူနာဟာ ဓါးကောင်းများစွာ ပြုလုပ်ခဲ့သူပါ။ဒါပေမဲ့ အများကြီးထဲမှာမှ ဟန်ချို မဆန်မူနာဓါးဟာ နံပါတ်တစ်နေရာကို ယူထားပါတယ်ရှင်။ဒီဒါးကိုတော့ ဂျပန်တပ်မတော်မှ ဗိုလ်ချုပ်ဟန်ဂျိုရှီနာဂါအတွက် ပြုလုပ်ပေးခဲ့တာပါ။ဓါးဟာ အနီးကပ်တိုက်ပွဲတွေမှာ အရမ်းနာမည်ကြီးခဲ့ပါတယ်။ ဂျိုရှီနာဂါတိုက်ပွဲတွေနိုင်ခဲ့သလို သူ့ဓါးကလည်း အထူးထင်ရှားခဲ့တာပါ။ဒါပေမဲ့ ဂျိုရှီနာဂါလည်း နံပါတ်တစ်ရှိုးဂန်းနေရာမှာ ကျရှုံးခဲ့ပြီးနောက်မှာ ဓါးကလည်း ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိ ထူးဆန်းစွာပျောက်ဆုံးနေခဲ့တာပါ။ဒါဟာ အမျိုးမျိုးသောထူးခြားမှုတွေရှိနေခဲ့ပြီး ဒီထဲမှာတော့ ဓါးရဲ့အစွန်အဖျားတွေရဲ့ အထူက အက်တမ်အရွယ်အစားလောက်ပဲ ထူပါတယ်။

ဆိုလိုတာက အလွန်ပါးလွန်းတယ်လို့ ပြောတာပါ။အဆိုအရတော့ အလင်းတောင် ကောင်းကောင်းဖောက်ထွင်းနိုင်တယ်လို့ သိရပါတယ်ရှင်။ ပြုလုပ်ထားတဲ့အရည်အသွေးက အလွန်ကောင်းပြီး ဓါးကောင်းတစ်လက်ဖြစ်တာကြောင့် ဖော်ပြပေးလိုက်တာပါ။
၉။ Curves Saver of San Martin(ကာ့ ဆေဗာ အော့ဖ် ဆန်း မာတင်)

ဒီဓါးကတော့ တောင်အမေရိကတိုက်ကပါ။ အချိန်ကတော့ တောင်အမေရိကမှာ လွတ်လပ်ရေးအတွက် စပိန်နဲ့ တိုက်ခိုက်နေစဉ်ကပါ။ဒီဓါးဟာ အာဂျင်တီးနားဗိုလ်ချုပ် ဂျိုဆေး ဒီဆန်း မာတင်ကို ကူညီပြီး ကျော်ကြားမှုတွေ ယူပေးခဲ့သလို ပီရူးမှလည်း လွတ်မြောက်စေခဲ့ပါတယ်။ဓါးသွားတစ်လျောက်လုံးဟာ လှပ ကျော့ရှင်းတဲ့ပုံစံရှိပြီး သေးသွယ်ကျစ်လစ်ကာ အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။ပုံမှန်အလေးချိန်ထက်လျော့နည်းအောင်ပြုလုပ်ထားပြီး မြင်းစီးရင်းတိုက်ခိုက်ဖို့ အထူးသင့်လျော်အောင် ဒီဇိုင်းထုတ်လုပ်ထားတာပါ။ ဆန်းမာတင်ဟာ ဓါးကို အလွန်နှစ်သက်ပြီး သူ့ရဲ့ မြင်းစီးစစ်သည်တွေအားလုံးကို ပုံစံတူဓါးတွေ ကိုင်စေခဲ့ပါတယ်။ဓါးရဲ့ဒီဇိုင်းဟာ အရမ်းကိုကျော်ကြားခဲ့ပြီး မြင်းစီးစစ်သည်တွေအားလုံး ဒီဓါးကိုကိုင်ဆောင်ပြီး စစ်ချီတက်ချိန်မှာ ရန်သူတွေအားလုံးကြောက်ရွံ့ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။ဒီဓါးနဲ့ တောင်အမေရိကတိုက်က တိုက်ပွဲတွေမှာ တိုက်ခိုက်ပေမဲ့ ဓါးကတော့ တခြားနေရာမှာ သွန်းလုပ်ခဲ့တာပါ။ဆန်းမာတင်က သူတောင်အမေရိကတိုက်ကို မထွက်ခင်က ဗြိတိန်နိုင်ငံက ဝယ်ယူခဲ့တာပါ။သူသေဆုံးချိန်မှာတော့ ဓါးဟာ တခြားခေါင်းဆောင်ထံရောက်ရှိခဲ့ပြီး မိသားစုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြပါတယ်။ယခုအချိန်မှာတော့ ဓါးဟာ နေရှင်နယ် ဟစ်စတိုရီကယ် မြူဇီယမ် အော့ဖ် ဗြူနိုအေးရစ်မှာ ကြည့်ရှုဖို့ ပြသထားပါတယ်။
၈။ Zulfiqar(ဇူဖီးကာ့)

Zulfiqar ကတော့ နောက်ထပ်ကွေးကောက်တဲ့ပုံစံရှိတဲ့ ဓားတစ်လက်ပါ။ဒါပေမဲ့ ခြားနားတဲ့ ပုံသဏ္ဍာန်နဲ့ပါ။ဒီဓါးကတော့ ဆော်ဒီအာရေးဗီးယားမှာ ရှိပါတယ်။ဓါးဟာ ဗြက်အကျယ်ရှိပြီး ထိပ်ဖျားမှာ အသွားနှစ်ခု ကွဲထွက်သွားတဲ့ပုံစံနဲ့ပါ။အခိုင်အမာဆိုကြတာကတော့ ဒီဓါးရဲ့ အရိပ်ရောင်ပြန်ဟပ်မှုကို ကြည့်ရင် မီးတောက်မီးလျှံတွေကို မြင်ရမှာဖြစ်ပြီး နောက်အဆိုတစ်ခုကတော့ မြွေရဲ့လျှာ ဒါမှမဟုတ် နဂါးရဲ့လျှာအတိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ရန်သူတော်တော်များများဟာလည်း ဓါးကိုမြင်ရင် ဓါးသွားနှစ်ဖက်နဲ့ အမြင်မှားကြပါတယ်။ဒီဓါးကိုတော့ အစ္စလမ်တို့ရဲ့ခေါင်းဆောင် တမန်တော် မိုဟာမက်အိုက်စလန်က သူရဲ့တမက် အလီကို ပေးခဲ့တာပါ။အလီက ဒီဓါးနဲ့ မဒီနာမြို့ကို ကာကွယ်တဲ့တိုက်ပွဲမှာ အသုံးပြုခဲ့ပြီး အဖိုးမဖြတ်နိုင်တဲ့လက်မှုပစ္စည်းပဲ ဖြစ်ပါတယ်ရှင်။
၇။ Seven Branched Sword(ဆဲဗန်း ဘရန့်ခ်ျ ဆော)

Seven branched sword ကတော့ အလွန်ကြောက်ဖို့ကောင်းတဲ့ သစ်ပင်ပုံစံအတိုင်း တည်ရှိနေပါတယ်။ဒီပုံစံပေါက်အောင်လည်း ဓါးသွားမှာ သစ်ကိုင်းလို ခွဲဖြာထွက်နေတဲ့ ဓါးသွားတွေ ထည့်သွင်းပြုလုပ်ထားပါတယ်။ဓါးသွားတွေအများကြီးထည့်သွင်းတဲ့ ဒီဇိုင်းက အသက်တွေအများကြီးနုတ်ယူမယ်လို့ ဆိုလိုတာပါ။ဒါပေမဲ့ ဓါးကို တိုက်ပွဲတွေမှာ ဘယ်တော့မှ ဝှေ့ယမ်းအသုံးမပြုခဲ့ပါဘူး။တိုက်ခိုက်ဖို့အတွက် ပြုလုပ်ခဲ့တာမဟုတ်ဘဲ ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ ပြုလုပ်ခဲ့တာပါ။ဒီဓါးကိုတော့ ကိုရီးယားဘုရင် ယုံဂျုံအူးက ဂျပန်ကို လက်ဆောင်အနေနဲ့ အေဒီ ၃၇၂ ခုနှစ်မှာ ပေးခဲ့တာပါ။ရှေးကတည်းက ဒီတိုင်းပြည်နှစ်ခုက မတည့်ကြတာဖြစ်ပြီး ဒီဓါးကတော့ တိုင်းပြည်နှစ်ခုအတွက် ကောင်းမွန်တဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်ရှင်။အခုအခါမှာတော့ ဓါးဟာ အများပြည်သူကြည့်ရှုဖို့ မှန်တွေရဲ့အနောက်ကို ရောက်ရှိခဲ့ပါပြီ။
၆။ Goujian(ဂေါ်ဂျန် ဓါး)

ဂေါ်ဂျန်ဓါးကတော့ ရှာဖွေတွေ့ရှိမှုတွေထဲကမှ အကောင်းဆုံးမူလအခြေအနေကို ထိန်းသိမ်းထားနိုင်တဲ့ ဓါးပါ။ဓါးဟာ သင်္ချိုင်းဂူထဲမှာ နှစ်ပေါင်း ၂၀၀၀ ကျော်လောက် သူ့ရဲ့ပိုင်ရှင်နဲ့အတူ မြှုပ်နှံထားခံရပြီး ပိုင်ရှင်ကတော့ တရုတ်ပြည်ဘုရင် ဂေါ်ဂျန်ဘုရင်ပါ။ဓါးက ထောင်စု နှစ်ခုလောက် မြေအောက်ဂူသင်္ချိုင်းမှာ လှဲလျောင်းနေခဲ့ပြီ ဖြစ်ပေမဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကို အံ့ဩစေခဲ့တာကတော့ ဓါးသွားတွေက ထက်မြနေဆဲဖြစ်ပြီး ဓါးဟာသတ္တုစပ်များစွာပါဝင်နေပေမဲ့ ကြေးဝါးကအများစုပါဝင်နေတာပါ။ကွဲအက်သွားတဲ့နေရာတွေကနေ တားဆီးမှုဖြစ်ပြီး ဓါးသွားစွန်းတွေကိုတော့ သံဖြူဒြပ်စင် နဲ့ပြုလုပ်ပြီး ထက်မြမှုတွေကို ထိန်းသိမ်းထားခဲ့ပါတယ်။သံဖြူနဲ့ ကြေးဟာ ဓါးသွားကို သံချေးတက်ခြင်းမှ ကာကွယ်နိုင်ခဲ့ပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတော့ သင်္ချိုင်းဂူဟာ အမြဲမပြတ်စီးဆင်းနေတဲ့ ဂျင်းမြစ်နားမှာ ဖြစ်ပြီး ဓါးဟာ ရေနဲ့အတူနီးကပ်စွာ နှစ်ပေါင်းနှစ်ထောင်လောက် အတူရှိနေခဲ့တာဖြစ်ပေမဲ့ မပျက်စီးတာကတော့ လေလုံတဲ့ ဓါးအိမ်ထဲမှာ ထည့်ထားတာကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
၅။ Tizona(တီဇိုးနား)

တကယ်လို့ သင်ဟာ အပန်းဖြေအားလပ်ရက်ကို စပိန်ကို ရွေးချယ်ခဲ့ရင် ရှေးဟောင်းပြတိုက် ဘရူကိုး ကို သွားရောက်လည်ပတ်သင့်ပါတယ်။အခုပြောနေတဲ့ ဓါးတွေထဲက တစ်လက်ကို သင်အပြင်မှာ မြင်နိုင်မှာပါ။တီဇိုးးနားဓါးဟာ ဓါးနှစ်လက်ပိုင်ရှင်ရဲ့ ဓါးတွေထဲက တစ်ခုပါ။ပိုင်ရှင်ကတော့ ကျော်ကြားလှတဲ့ စစ်တပ်မတော်ခေါင်းဆောင် ရိုဒီဂိုဒီရာ ဆေဗီပါ ပဲ ဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ အက်ဆီး ဒါမှမဟုတ် သခင်လို့ ခေါ်ခံရတဲ့သူပါ။တီဇိုးနားဓါးဟာ သူ့ရဲ့မရေတွက်နိုင်တဲ့အောင်မြင်မှုတွေမှာ ညီမဓါး ကိုဒါဒါနဲ့အတူ ကူညီပြီး အောင်ပွဲတွေ ရယူပေးခဲ့တာပါ။ဒီကျော်ကြားလှတဲ့ ဓါးနှစ်စုံဟာ တူညီတဲ့ကိုယ်ထည်ရှိပေမဲ့ ဓါးရိုးတွေကို ကြည့်ပြီး အလွယ်ခွဲခြားနိုင်ပါတယ်။ဓါးဟာ တိုက်ပွဲတွေမှာ သင်တုန်းဓါးလို အလွန်ထက်မြပြီး ဓါးကိုတော့ ဆီးရီးယားနိုင်ငံ ဒမက်စကတ်က သံမဏိတွေကို အရှေ့အလယ်ပိုင်းမှတဆင့် စပိန် ကိုဒိုးဘားကို တင်သွင်းပြီး ပြုလုပ်ခဲ့တာပါ။ဓါးရဲ့ ထက်မြမှုနဲ့ အရည်အသွေးကတော့ အလွန်ပဲ သန့်စင်လှပါတယ်။
၄။ နပိုလီယမ်ရဲ့ ဓားရှည်

နပိုလီယမ်ကတော့ အားလုံးသိကြသိလို စစ်တပ်ကို အုပ်ချုပ်ရာမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလို အလွန်တော်တဲ့ နိုင်ငံရေးသမားတစ်ယောက်ပါ။ပြင်သစ်တော်လှန်ရေးခေါင်းဆောင်တစ်ယောက်လည်းဖြစ်သလို ဒီလိုအချက်တွေကပဲ သူ့ကို အင်ပါယာအရှင်သခင်ဂုဏ်ပုဒ်ကို ရရှိစေခဲ့ပါတယ်။ဒီလိုထင်ပေါ်ကျော်ကြားတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ သူ့ရဲ့ များစွာတန်ဆာဆင်ထားတဲ့ ဓါးကလည်း ကဏ္ဍတစ်ခုက ပါဝင်ခဲ့ပါတယ်။ဒီ့အတူပဲ သူ့ရဲ့ပစ္စတိုသေနတ်နဲ့ ဓါးဟာ သူ့ရဲ့စတိုင်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ဒါဟာ သေချာတာတစ်ခုကတော့ အလွန်ကောင်းမွန်တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ရွှေတွေနဲ့ အလှဆင်မွမ်းမံပြုလုပ်ထားတာပါ။ဓါးကိုတော့ နပိုလီယမ်ဟာ သူ့ညီအစ်ကိုရဲ့မင်္ဂလာဆောင်မှာ နှုတ်ဆက်လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဘိုနာပတ်ပိုင်တဲ့ မိသားစုအမွေအဖြစ် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ပြီး နောက်ဆုံးရောင်းချတဲ့အထိပါပဲ။သူ့မိသားစုပြန်လည်ဝယ်ယူခဲ့ချိန်မှ တော့ မတန်တဆ ဈေးလို့ပြောရမဲ့ ၆.၄ မီလီယမ်ဒေါ်လာ ပေးချေခဲ့ရပါတယ်။
၃။ The Wallace sword(ဝေါလေ့စ် ဆော)

ဘရေ့စ်ဟတ် ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးရင် ပုံစံတူဓါးကို တိုက်ခိုက်ခန်းတွေမှာ သရုပ်ဆောင် မဲလ်ဂစ်စင်က စကော့ရှစ်တော်လှန်ရေးမှ သူရဲကောင်း ဝီလီယမ် ဝေါလေ့စ် ဇာတ်ရုပ်က သရုပ်ဆောင် တိုက်ခိုက်ခန်းတွေမှာ တွေ့ရမှာပါ။ဓါးကို ရုပ်ရှင်ထဲမှာ အရမ်းကို ကောင်းမွန်တဲ့ပုံစံအတိုင်း တွေ့ရမှာပါ။တကယ့်အပြင်မှာတော့ ဓါးဟာ ကွဲပြားခြားနားတဲ့သွင်ပြင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဓါးလက်ကိုင် နေရာမှာလည်း ကွေးညွတ်တဲ့ အကာအကွယ်နဲ့ ဖြစ်ပြီး အပေါ်ဘက်ကို ကွေးထားပါတယ်။ သမင်ရဲ့ ဦးချိုသဏ္ဍာန်နဲ့ဆင်တူတဲ့ ပုံစံကိုတွေ့ရမှာဖြစ်ပြီး ဒီဓါးကြီးအနေနဲ့ သာမန်ဓါးတွေနဲ့ ကွဲပြားတာက အလွန်ကြီးမားတဲ့စကော့ နှစ်ဖက်သွားဓါးကြီးပါ။ဓါးကြီးဟာ ငါးပေနဲ့ လေးလက်မရှည်လျားပြီး ထွားကြိုင်းလှတဲ့ ဝေါလေ့စ်အတွက်ပေးခဲ့တာပါ။ပုံမှန်ဓါးတွေက များသောအားဖြင့် နှစ်ပေါင်ကနေ လေးပေါင်လောက်သာရှိပေမဲ့ ဒီဓါးကြီးကတော့ ၅.၉ ပေါင်အထိ ရှိပါတယ်။ဝေါလေ့စ်ကို ကွပ်မျက်ပြီးနောက်မှာတော့ ဝေါလေ့စ်ဓါးကြီးဟာ တခြားသူလက်ထဲရောက်ခဲ့တာကနေ သူ့ရဲ့အိမ်အထိမ်းအမှတ် မာ်ကွန်းတိုက်ကိုမရောက်ခင်အထိပါပဲ။
၂။ Joyeuse(ဂျွိုင်းယု့စ်)

ချားလမိန်းကိုတော့ သိကြမယ်ထင်ပါတယ်။ရောမအင်ပါယာရဲ့ အရှင်သခင်တစ်ယောက်ပါ။နောက်ထပ်သိကြတာကတော့ မြင့်မြတ်တဲ့ချားလို့လည်းခါ်ခဲ့ကြပါတယ်။ကြီးမြတ်တဲ့ခေါင်းဆောင်တော်တော်များများမှာ ကြီးမြတ်တဲ့နာမည်နဲ့ဓါးတွေ ပိုင်ဆိုင်ခဲ့ကြတာပါ။ချားလမိန်းဟာလည်း သူ့ဘဝတလျှောက်လုံး ဂျွိုင်းယု့စ် ဓါးကြီးကို ကိုင်ဆောင်ခဲ့ပြီး သူသေတဲ့အချိန်အထိပါပဲ။တော်တော်များများသိချင်ကြမှာတော့ ဒီဓါးကြီးကို ဘယ်တိုက်ပွဲမှာ အသုံးပြုခဲ့လဲဆိုတာပါ။ချားလမိန်းဟာ ဓါးကြီးကို သူ့ရဲ့ကိုယ်ရေးကိုယ်တာရန်သူတွေနဲ့ သူကွပ်မျက်ရမဲ့သူတွေအတွက်သာ အသုံးပြုခဲ့ပါတယ်။ဒဏ္ဍာရီတွေအရတော့ ဓါးကို တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာရေးအသုံးအဆောင်တွေနဲ့ သွန်းလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။လုံဂီးနတ်လှံလိုအရာမျိုးတွေပါဝင်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ဓါးဟာ ချားလမိန်းကို ရောမအင်ပါယာရဲ့အရှင်သခင်ဖြစ်စေတဲ့အဆောင်လို့လည်း ပြောကြပါတယ်။ဓါးရဲ့လက်ကိုင်အနှောင့်ကိုတော့ ရွှေပန်းခွေများနဲ့ ပြုလုပ်ထားပြီး ဓါးသွားကိုတော့ သံမဏိနဲ့ ပြုလုပ်ထားတာပါ။
၁။ Cartana(ကာတားနား)

ဒီဓါးကတော့ ဘယ်သူကပိုင်တယ်လို့ သေချာမပြောနိုင်ပါဘူး။တချို့ယူဆချက်တွေအရ ဗြိတိန်ဘုရင် အက်ဒဝက်က ပိုင်ဆိုင်တယ်လို့ ပြောကြသလို တခြားယုံကြည်သူတွရဲ့အဆိုတွေအရတော့ စားပွဲဝိုင်းက ထရစ်စတာနိုက် သူရဲကောင်းတစ်ဦး ပိုင်ဆိုင်တယ်လို့ ပြောဆိုကြပါတယ်။သိရသလောက်ကတော့ ဓါးဟာစစ်ပွဲတွေမှာ သုံးဖို့ မဟုတ်ဘူးလို့ ယူဆရပါတယ်။ဘာလို့လဲဆိုရင် ဓါးသွားရဲ့ အဖျားက အချွန်မဟုတ်ဘဲ လေးထောင့်ဖြစ်နေလို့ပါ။ဒဏ္ဍာရီတွေအရတော့ အိန်ဂျယ်တွေဟာ ဓါးကို သတ်ဖြတ်နိုင်တဲ့အစွမ်းတွေ ဖယ်ထုတ်ပြီး သနားညှာတာမှုတွေကို ပြသဖို့ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ဒီဓါးကိုတော့ အခမ်းအနားပွဲတွေဖြစ်တဲ့ သူရဲကောင်းတွေက ဘုရင်၊ဘုရင်မရဲ့ သစ္စာခံယူပွဲနဲ့ တိုက်ခိုက်ခြင်းမပါတဲ့ အခမ်းအနားပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။