■လေယာဥ်ပျံများရဲ့အတောင်တစ်ဖက်တစ်ချက်စီမှ မီးရောင်များ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လေယာဥ်ပျံများရဲ့အတောင်တစ်ဖက်တစ်ချက်စီမှ မီးရောင်များ

သင်ဟာသင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုအသေးစိတ်ကအစသတိထားမိတဲ့သူတစ်ယောက်လား။ဒါဆိုရင်တော့လေယာဉ်တောင်ပံတွေမှာတစ်ဖက်ကအစိမ်းရောင်မီးရှိပြီးနောက်တစ်ဖက်မှာအနီရောင်မီးရှိတယ်ဆိုတာသတိထားမိမှာပါ။
ဘာကြောင့်ဒီလိုမတူညီတဲ့မီးရောင်တွေရှိနေကြတာလဲ?

တကယ်တော့ဒီစူးရှတဲ့မီးရောင်တွေနဲ့လေယာဉ်အမြီးမှာရှိနေတဲ့အဖြူရောင်မီးတွေဟာလေယာဉ်သွားနေတဲ့လမ်းကြောင်းကိုပြနေတဲ့အချက်ပြမီးတွေပဲဖြစ်ပါတယ်။ဘယ်ဘက်တောင်ပံမှာအနီရောင်မီးနဲ့ညာဘက်တောင်ပံမှာတော့အစိမ်းရောင်မီးရှိနေပြီးအဲ့ဒီမီးတွေကိုအမြဲတမ်းဖွင့်ထားရတာပါ။ဒါမှသာကောင်းကင်မှာရှိနေတဲ့တခြားယာဉ်တွေကဒီလေယာဉ်ရဲ့တည်နေရာကိုအတိအကျမြင်နိုင်မှာမလို့ပါပဲ။

ဥပမာ ရဟတ်ယာဉ်မောင်းတဲ့သူတစ်ယောက် ကသူ့ရှေ့မှာအနီရောင်မီးနဲ့အဖြူရောင်မီးကိုမြင်နေရတယ်ဆိုရင်လက်ယာဘက်ကနေလက်ဝဲဘက်ကိုသွားနေတဲ့လေယာဉ်တစ်စီးရှိနေတယ်သိနိုင်ပြီးတော့အစိမ်းရောင်နဲ့အဖြူရောင်မီးကိုမြင်နေရရင်တော့လေယာဉ်ကဘယ်ဘက်ကနေညာဘက်ကိုသွားနေတယ်ဆိုတာသိနိုင်မှာပါ။ဒီလိုပဲအစိမ်းရောင်မီးကောအနီရောင်မီးကောမြင်နေရတယ်ဆိုရင်ဒီလေယာဉ်ကသူ့ဆီမျက်နှာချင်းဆိုင်ကနေလာနေတယ်ဆိုတာနဲ့အဖြူရောင်မီးတစ်ခုပဲမြင်နေတာဆိုတာကသူနဲ့လမ်းကြောင်းအတူတူသွားနေတယ်ဆိုတာအချက်ပြခြင်းပါပဲ။

ဒီလိုလမ်းကြောင်းပြမီးတွေကကောင်းကင်မှာယာဉ်တိုက်မှုတွေမဖြစ်ရအောင်ကူညီပေးပါတယ်။ဒီလမ်းကြောင်းပြမီးတွေအပြင်လေယာဉ်ကိုယ်ထည်ရဲ့အပေါ်ဘက်နဲ့အောက်ဘက်မှာတပ်ထားတဲ့အနီရောင်အချက်ပြမီးတွေရှိနေပါသေးတယ်။ဒီအချက်ပြမီးတွေဖွင့်လိုက်ပြီမြေပြင်ပေါ်မှာရှိတဲ့အလုပ်သမားတွေနဲ့တခြားယာဉ်တွေကိုလေယာဉ်စက်စနှိုးနေပြီဆိုတာသတိပေးလိုက်ခြင်းပါ၊အဲ့ဒါဆိုရင်တော့ဒီလေယာဉ်အနီးကနေအမြန်ဆုံးထွက်ခွါကြဖို့လိုပါတယ်။လေယာဉ်မှူးတွေကမြေပြင်ကနေထွက်ခွါပြီးအချိန်အနည်းငယ်ထိဒီအချက်ပြမီးတွေကိုဖွင့်ထားတတ်ကြပါတယ်။

လေယာဉ်အတက်အဆင်းတွေမှာပြေးလမ်းတစ်လျှောက်မြင်နိုင်မယ့်မီးတွေလည်းပါရှိပါသေးတယ်။လေယာဉ်ရှေ့မီးတွေကလေယာဉ်ရဲ့ဦးပိုင်းမှာရှိပြီးတော့အဆင်းမီးတွေကတော့လေယာဉ်ကိုယ်ထည်နားကတောင်ပံအောက်မှာရှိပါတယ်။လေယာဉ်တက်တဲ့အချိန်အမြင့်ပေ၁၀၀၀၀ကိုရောက်တဲ့အခါအဲ့ဒီမီးတွေကိုပိတ်လိုက်ပြီးတော့လေယာဉ်အဆင်းမှာတော့အမြင့်ပေ၁၀၀၀၀ရောက်မှအဆင်းမီပြန်ဖွင့်ပါတယ်။

ကောင်းကင်ပေါ်မှာလေယာဉ်တစ်စီးကိုလှမ်းမြင်လိုက်ရင်သင်ဘယ်မီးကိုအရင်ဆုံးသတိထားမိပါလဲ။အဲ့ဒါကတော့လေယာဉ်တောင်ပံအဖျားတွေမှာတပ်ထားတဲ့မှိတ်တုတ်မှိတ်တုတ်မီးတွေပါပဲ။အဲ့ဒီမီးတွေကိုမိုင်ပေါင်းများစွာအကွာကနေမြင်နိုင်ပါတယ်။
လေယာဉ်စီးနေကျသူတွေတောင်တခြားသတိမထားမိတဲ့တခြားအရာလေးတွေရှိနေပါသေးတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ေလယာဥ္ပ်ံမ်ားရဲ့အေတာင္တစ္ဖက္တစ္ခ်က္စီမွ မီးေရာင္မ်ား

သင္ဟာသင့္ပတ္ဝန္းက်င္မွာရွိတဲ့အရာေတြကိုအေသးစိတ္ကအစသတိထားမိတဲ့သူတစ္ေယာက္လား။ဒါဆိုရင္ေတာ့ေလယာဥ္ေတာင္ပံေတြမွာတစ္ဖက္ကအစိမ္းေရာင္မီးရွိၿပီးေနာက္တစ္ဖက္မွာအနီေရာင္မီးရွိတယ္ဆိုတာသတိထားမိမွာပါ။
ဘာေၾကာင့္ဒီလိုမတူညီတဲ့မီးေရာင္ေတြရွိေနၾကတာလဲ?

တကယ္ေတာ့ဒီစူးရွတဲ့မီးေရာင္ေတြနဲ႔ေလယာဥ္အၿမီးမွာရွိေနတဲ့အျဖဴေရာင္မီးေတြဟာေလယာဥ္သြားေနတဲ့လမ္းေၾကာင္းကိုျပေနတဲ့အခ်က္ျပမီးေတြပဲျဖစ္ပါတယ္။ဘယ္ဘက္ေတာင္ပံမွာအနီေရာင္မီးနဲ႔ညာဘက္ေတာင္ပံမွာေတာ့အစိမ္းေရာင္မီးရွိေနၿပီးအဲ့ဒီမီးေတြကိုအျမဲတမ္းဖြင့္ထားရတာပါ။ဒါမွသာေကာင္းကင္မွာရွိေနတဲ့တျခားယာဥ္ေတြကဒီေလယာဥ္ရဲ့တည္ေနရာကိုအတိအက်ျမင္နိုင္မွာမလို႔ပါပဲ။

ဥပမာ ရဟတ္ယာဥ္ေမာင္းတဲ့သူတစ္ေယာက္ ကသူ႔ေရွ႕မွာအနီေရာင္မီးနဲ႔အျဖဴေရာင္မီးကိုျမင္ေနရတယ္ဆိုရင္လက္ယာဘက္ကေနလက္ဝဲဘက္ကိုသြားေနတဲ့ေလယာဥ္တစ္စီးရွိေနတယ္သိနိုင္ၿပီးေတာ့အစိမ္းေရာင္နဲ႔အျဖဴေရာင္မီးကိုျမင္ေနရရင္ေတာ့ေလယာဥ္ကဘယ္ဘက္ကေနညာဘက္ကိုသြားေနတယ္ဆိုတာသိနိုင္မွာပါ။ဒီလိုပဲအစိမ္းေရာင္မီးေကာအနီေရာင္မီးေကာျမင္ေနရတယ္ဆိုရင္ဒီေလယာဥ္ကသူ႔ဆီမ်က္ႏွာခ်င္းဆိုင္ကေနလာေနတယ္ဆိုတာနဲ႔အျဖဴေရာင္မီးတစ္ခုပဲျမင္ေနတာဆိုတာကသူနဲ႔လမ္းေၾကာင္းအတူတူသြားေနတယ္ဆိုတာအခ်က္ျပျခင္းပါပဲ။

ဒီလိုလမ္းေၾကာင္းျပမီးေတြကေကာင္းကင္မွာယာဥ္တိုက္မႈေတြမျဖစ္ရေအာင္ကူညီေပးပါတယ္။ဒီလမ္းေၾကာင္းျပမီးေတြအျပင္ေလယာဥ္ကိုယ္ထည္ရဲ့အေပၚဘက္နဲ႔ေအာက္ဘက္မွာတပ္ထားတဲ့အနီေရာင္အခ်က္ျပမီးေတြရွိေနပါေသးတယ္။ဒီအခ်က္ျပမီးေတြဖြင့္လိုက္ၿပီေျမျပင္ေပၚမွာရွိတဲ့အလုပ္သမားေတြနဲ႔တျခားယာဥ္ေတြကိုေလယာဥ္စက္စႏွိုးေနၿပီဆိုတာသတိေပးလိုက္ျခင္းပါ၊အဲ့ဒါဆိုရင္ေတာ့ဒီေလယာဥ္အနီးကေနအျမန္ဆုံးထြက္ခြါၾကဖို႔လိုပါတယ္။ေလယာဥ္မႉးေတြကေျမျပင္ကေနထြက္ခြါၿပီးအခ်ိန္အနည္းငယ္ထိဒီအခ်က္ျပမီးေတြကိုဖြင့္ထားတတ္ၾကပါတယ္။

ေလယာဥ္အတက္အဆင္းေတြမွာေျပးလမ္းတစ္ေလၽွာက္ျမင္နိုင္မယ့္မီးေတြလည္းပါရွိပါေသးတယ္။ေလယာဥ္ေရွ႕မီးေတြကေလယာဥ္ရဲ့ဦးပိုင္းမွာရွိၿပီးေတာ့အဆင္းမီးေတြကေတာ့ေလယာဥ္ကိုယ္ထည္နားကေတာင္ပံေအာက္မွာရွိပါတယ္။ေလယာဥ္တက္တဲ့အခ်ိန္အျမင့္ေပ၁၀၀၀၀ကိုေရာက္တဲ့အခါအဲ့ဒီမီးေတြကိုပိတ္လိုက္ၿပီးေတာ့ေလယာဥ္အဆင္းမွာေတာ့အျမင့္ေပ၁၀၀၀၀ေရာက္မွအဆင္းမီျပန္ဖြင့္ပါတယ္။

ေကာင္းကင္ေပၚမွာေလယာဥ္တစ္စီးကိုလွမ္းျမင္လိုက္ရင္သင္ဘယ္မီးကိုအရင္ဆုံးသတိထားမိပါလဲ။အဲ့ဒါကေတာ့ေလယာဥ္ေတာင္ပံအဖ်ားေတြမွာတပ္ထားတဲ့မွိတ္တုတ္မွိတ္တုတ္မီးေတြပါပဲ။အဲ့ဒီမီးေတြကိုမိုင္ေပါင္းမ်ားစြာအကြာကေနျမင္နိုင္ပါတယ္။
ေလယာဥ္စီးေနက်သူေတြေတာင္တျခားသတိမထားမိတဲ့တျခားအရာေလးေတြရွိေနပါေသးတယ္။
Ref:youtube
Trans:thegeektext