လေယာဥ်ချင်းတိုက်မိရာမှ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ အမေရိကန်က လေကြောင်းပြပွဲ

လေယာဥ်ချင်းတိုက်မိရာမှ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ အမေရိကန်က လေကြောင်းပြပွဲ

လေယာဥ်ချင်းတိုက်မိရာမှ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ အမေရိကန်က လေကြောင်းပြပွဲ

လေယာဥ်ပျံနှစ်စင်း တိုက်မိတယ်ဆိုတာကတော့ ယနေ့ခေတ်မှာ ကြုံတောင့်ကြုံခဲ ဖြစ်စဥ်တစ်ခုပါပဲ။

ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ၊ တက္ကဆက်က လေကြောင်းပြပွဲမှာ အခုလို လေယာဥ် မတော်တဆမှု ဖြစ်ပွားခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ခေတ်က စစ်လေယာဉ်နှစ်စင်းဟာ စနေနေ့ မွန်းလွဲပိုင်းက Dallas Executive လေဆိပ်မှာ လေကြောင်းပြသမှုအတွင်း အချင်းချင်း တိုက်မိကာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူအားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။

သေဆုံးသူ ၆ ဦးရှိခဲ့တဲ့ ဒီမတော်တဆ ဖြစ်စဥ်ဟာ ကမ္ဘာတစ်လွှားမှာ ဟိုးလေတကျော် ဖြစ်နေခဲ့တာပါ။ စစ်လေယာဥ် အမျိုးအစားနှစ်ခုရဲ့ အမျိုးအမည်ကတော့ B-17 Flying Fortress နဲ့ Bell P-63 Kingcobra တို့ ဖြစ်ကြပါတယ်။

Wings Over Dallas လို့ အမည်ပေးထားတဲ့ လေကြောင်းပြပွဲအတွင်း ဒီလေယာဥ်တွေဟာ ပျက်ကျခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ ၄၀ ကျော်က အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာရင်း အခြေအနေတွေကို ဖြေရှင်းခဲ့ရပါတယ်။

မြို့တော်ဝန် ကိုယ်တိုင်ကလည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ပျက်ကျသွားတဲ့ ဗီဒီယိုဖိုင်မှာတော့ လေယာဉ်နှစ်စင်းလုံးဟာ တိုက်မိပြီးနောက် လေထဲမှာပဲ ပေါက်ကွဲသွားကာ မီးမလောင်ကျွမ်းမီ စက္ကန့်ပိုင်းအတွင်း မြေပြင်ပေါ်သို့ ပျက်ကျလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လေယာဉ် မတော်တမှုမှာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုအတွင်း သေဆုံးသွားသူများထဲမှာ အငြိမ်းစား လေယာဉ်မှူးနှစ်ဦးနဲ့ သမဂ္ဂအဖွဲ့ဝင်ဟောင်းများ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူတွေရဲ့ နာမည်တွေကို ကြေကွဲဖွယ်ရာ ကြေငြာသွားခဲ့ရင်း ဒီဖြစ်ရပ်ဆိုးမှာ ဆုံးရှုံးခဲ့ရတဲ့ လေယာဥ်နှစ်စင်းလုံးကလည်း ရှားပါးလေယာဉ်တွေ ဖြစ်နေပြန်ပါတယ်။

B-17 ကတော့ “Texas Raiders” လို့ အမည်ပြောင်ပေးထားတဲ့ အထိမ်းအမှတ် လေတပ် စုစည်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဟူစတန်အနီးရှိ သိုလှောင်ရုံတစ်ခုမှာ နှစ်ရှည်လများစွာ သိမ်းထားခဲ့တဲ့ လေယာဥ်တစ်စင်းပါ။

သူ့မော်ဒယ်ရဲ့ ပြည့်စုံတဲ့ နမူနာ ၄၅ ခုအနက်မှ ၉ ခုသာ ပျံသန်းနိုင်တဲ့ လေယာဥ်တွေအဖြစ် ကျန်ရှိခဲ့ပြီး တစ်ဖြစ်စဥ်မှာ တစ်ခုကို ဆုံးရှုံးခဲ့ရတာပါ။

တစ်ဖက်မှာလည်း P-63 က ပိုပြီးတော့တောင် ရှားပါးနေခဲ့တာပါ။ အထိမ်းအမှတ်လေတပ်မှ ပိုင်ဆိုင်တဲ့ တစ်ခု အပါအဝင် ၄ ခုသာ အမေရိကန်မှာ တည်ရှိပြီး အခုချိန်မှာတော့ ၃ ခုသာ ကျန်ရှိခဲ့ပါတော့တယ်။

12,000 B-17 အစင်းရေ ၁၂,၀၀၀ ကျော်ကို Boeing, Douglas Aircraft နဲ့ Lockheed တို့မှ ထုတ်လုပ်ခဲ့ပြီး ၁၉၃၆ မှ ၁၉၄၅ ခုနှစ် စစ်ပွဲအတွင်း အစင်း ၅,၀၀၀ ကျော် နီးပါး ဆုံးရှုံးခဲ့ရပါတယ်။

ကျန်အများစုကိုတော့ ၁၉၆၀ ခုနှစ်အစောပိုင်းမှာ ဖျက်သိမ်းခဲ့ပါတယ်။ P-63 အစင်းရေ ၃,၃၀၀ ခန့်ကိုတော့ Bell Aircraft မှ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်လေတပ်မှ အဓိကအသုံးပြုခဲ့ကြပါတယ်။

လေယာဉ်ပျက်ကျရာ နေရာတွေကို နည်းပညာကျွမ်းကျင်သူများကို စေလွှတ်ခဲ့အပြီးမှာတော့ “Black Box” လို့ အများအားဖြင့် သိကြတဲ့ လေယာဉ်ပျံသန်းမှု ဒေတာ မှတ်တမ်းတင်စက် သို့မဟုတ် လေယာဉ်မှူးခန်းက အသံဖမ်းစက်ဟာ တပ်ဆင်ထားခြင်း မရှိခဲ့ဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။

စုံစမ်းစစ်ဆေးသူများက မတော်တဆမှုဖြစ်ပွားရာနေရာကို ဒရုန်းနဲ့အတူ ဝေဟင်မှဓာတ်ပုံရိုက်ကာ အပျက်အစီးများကို လုံခြုံတဲ့နေရာသို့ ရွှေ့ပြောင်းထားခဲ့ပြီး ဧရိယာကိုလည်း မှတ်တမ်းတင်ရန်အတွက် စူးစမ်းလေ့လာခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးသူတစ်ဦးက တိုက်မိမှုကို ခွဲခြမ်းစိတ်ဖြာဖို့ အရမ်းအရေးကြီးပြီး လေယာဉ်နှစ်စင်း ဘာကြောင့် တိုက်မိခဲ့တာလဲ ဆိုတာကို ဆုံးဖြတ်ဖို့နဲ့ အခြေခံအားဖြင့်တော့ ဒီမတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို ဆုံးဖြတ်ဖို့က စာရွက်စာတမ်းတွေကြောင့် အချိန်ကြာမြင့်နိုင်ကြောင်း ဆိုထားခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းပြပွဲမှာ လေယာဉ်ကို ပျံသန်းသူများက အငြိမ်းစား လေယာဥ်မှူးတွေနဲ့ စေတနာ့ ဝန်ထမ်းများဖြစ်တာကြောင့် တင်းကျပ်တဲ့ လေ့ကျင့်မှု လုပ်ငန်းစဉ်များကို လိုက်နာကြဖို့ဆိုတာကလည်း သိပ်မသေချာနေဘူးလို့ ဆိုထားပါတယ်။

တနင်္ဂနွေနေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီ Wings Over Dallas လေယာဥ်ပြပွဲကိုလည်း မတော်တဆမှုကြောင့် ဖျက်သိမ်းလိုက်ရသလို လူ ၆ ဦးအထိ သေဆုံးခဲ့ရတဲ့ ကြုံတောင့်ကြုံခဲ လေယာဥ်ပြပွဲက လေယာဥ်ချင်း မတော်တဆ တိုက်မိခဲ့တာကြောင့်လည်း ဒီသတင်းဟာ ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းစီးပိုင်းတွေမှာ နေရာယူသွားခဲ့ပါတယ်။

Knigh News Team

Knight News © 2022

Crd