လေပိုင်နက် ကျူးကျော်ခံလိုက်ရတဲ့ တောင်ကိုရီးယား

လေပိုင်နက် ကျူးကျော်ခံလိုက်ရတဲ့ တောင်ကိုရီးယား

လေပိုင်နက် ကျူးကျော်ခံလိုက်ရတဲ့ တောင်ကိုရီးယား

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေပိုင်နက်ကျူးကျော်လာတဲ့ ဒရုန်း (၅)စင်းကို တောင်ကိုရီးယားက ပစ်ခတ်‌ဖျက်စီးဖို့ ကြိုးစားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ တောင်ကိုရီးယားလေတပ်ရဲ့ လေယာဉ်တစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒရုန်း (၅)စင်းဟာ တောင်ကိုရီးယားလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ဒရုန်းတွေကို ပစ်ချဖို့ လေယာဉ်‌တွေချက်ချင်း စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့ တနင်္လာနေ့ (၂၆.၁၂.၂၀၂၂) ၊ မနေ့က ဖြစ်ပါတယ်။ ဒါဟာ ရန်လိုတဲ့လုပ်ရပ်ကို ရှင်းရှင်းလင်းလင်းပြလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဘက်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒါကို တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို မြောက်ကိုရီးယားလေပိုင်နက်ထဲ ဖြတ်ကျော်ပျံသန်းစေခဲ့ပါတယ်တဲ့။

ဒီမတိုင်ခင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယား အရှေ့ဖက် ပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည် (၂) စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ခုတလော တွေ့ရတာကတော့ ရုရှား-ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်ထောက်ပံ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

KA-1

ဂျပန်ရဲ့ စစ်အင်အားတိုးချဲ့တည်ဆောက်နေတာကို ရှုတ်ချလိုက်ပြီး အရေးယူသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ပြီး အရေးကြီးတဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ကြေငြာခဲ့ပါတယ်။

အခုဖြစ်စဉ်မှာတော့ ကိုရီးယားဝေဟင်မှာ မောင်းသူမဲ့လေယာဉ်တွေကို နံနက် ၁၀ နာရီ ၂၅ မိနစ် Gimpo (ဂင်ပို)မြို့ရဲ့ မြောက်ဖက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အယ်ဂျားဇီးယားသတင်းထောက် Eunice Kim က ဆိုးလ်မြို့တော်ကနေ အစီရင်ခံတင်ပြခဲ့ရာမှာတော့ ဒရုန်းတွေဟာ နာရီအတော်ကြာအောင် ပျံသန်းနေခဲ့ကြပါတယ်တဲ့။

တောင်ကိုရီးယားဟာ တိုက်လေယာဉ်များကို ချက်ချင်းစေလွှတ်ခဲ့ရာမှာ အပေါ့စားတိုက်လေယာဉ် KA-1 ဟာ မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို ကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။

လေယာဉ်မှူးနှစ်ဦးဟာ အချိန်မီ ခုန်ထွက်နိုင်ခဲ့ကြပြီး ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားတို့ရဲ့ ဒရုန်း (၅)စင်းအနက် တစ်စင်းဟာ မြို့တော်ဆိုးလ် အနီးတဝိုက်မှာ ပျံသန်းခဲ့ပြီး ကျန်တစ်စင်းကတော့ အနောက်ဖက်ကမ်းရိုးတန်း‌တလျှောက် ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား စစ်ဖက်အရာရှိ Lee Seung-o က ဒရုန်းတွေကို ပစ်ချဖို့ လုပ်ဆောင်ခဲ့ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပစ်ချမှု အောင်မြင်မှုရှိမရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Yonhap သတင်းဌာနက ဖော်ပြရာမှာတော့ တောင်ကိုရီးယားဟာ ပစ်ခတ်မှုပေါင်း (၁၀၀)ကျော် ပြုလုပ်ခဲ့ပေမဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မတော်တဆမှုဖြစ်ခဲ့တဲ့ KA-1

ဒီဒရုန်းတွေကြောင့် အင်ချွန်း (Incheon) လေဆိပ်နဲ့ ဂင်ပို (Gimpo) လေဆိပ်ရဲ့ လေယာဉ်ခရီးစဉ်တွေကို အာဏာပိုင်တွေက မိနစ်(၅၀)ခန့် ရပ်နားခိုင်းခဲ့ပါတယ်။

ဒရုန်းတွေဟာ ကင်းထောက်ဖို့လား၊ ဘယ်လိုလက်နက်တွေ တပ်ဆင်ထားသလဲ၊ မြောက်ကိုရီးယားဖက်ကို ပြန်လည်ဝင်ရောက်သွားသလားဆိုတာတော့ မသိရသေးပါဘူးတဲ့ခင်ဗျာ။ စာချစ်သူတို့အတွက် လတ်တလော သတင်းတစ်ခုကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Crd