TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လေထီးတွေ၊လေထီးခုန်အင်္ကျီတွေမပါပဲ လေယာဥ်ပေါ်ကနေ ခုန်ချခဲ့တဲ့ပထမဦးဆုံးလူ

လု့ခ်အေကင်စ်ကတော့စွန့်စားရတာအလွန်ကြိုက်ပါတယ်။ ဒီ ၄၅ နှစ်အရွယ် အမျိုးသားကတော့သူ့ဘဝတစ်လျှောက်လုံးမှာလေထီးခုန်ခြင်းကို အကြိမ်ရေ ၁၈,၀၀၀ခန့်ပြုလုပ်ခဲ့တာပါ။

သူဟာ Iron Man 3 ရုပ်ရှင်ကားထဲမှာ စတန့်ပြကွက်ကိုတောင်ပြုလုပ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းက ဇူလိုင်လ ၃၀ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပြကွက်အတွက်နာမည်ကြီးပါတယ်။

အေကင်စ်ဟာ လေထီးတွေ၊ လေထီးခုန်အင်္ကျီတွေမပါပဲ လေယာဥ်ပေါ်ကနေ ခုန်ချခဲ့တဲ့ပထမဦးဆုံးလူပါ။ အလွတ်ခုန်ခြင်းကို အမြင့် ၇၆၀၀ မီတာကနေ ခုန်ချခဲ့ပြီး စတန့်လုပ်တဲ့လူဟာ တစ်စက္ကန့်ကို၅၃ မီတာနှုန်းဖြင့်ခုန်ချခဲ့တာပါ။

သူ အသက်ရှင်ခဲ့တာကိုပရိသတ်ကြီးကတော့ယုံမယ်မထင်ပါဘူး။ သူဟာ မီတာ၃၀ အကျယ်ရှိတဲ့ ပိုက်ကွန်ထဲကိုစီစဥ်ထားတဲ့အတိုင်းပြုတ်ကျခဲ့ပါတယ်။ ဒီပိုက်ကွန်ဟာ သူ့အတွက်အထူးပြုလုပ်ထားတာပါ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ေလထီးေတြ၊ေလထီးခုန္အကၤ်ီေတြမပါပဲ ေလယာဥ္ေပၚကေန ခုန္ခ်ခဲ့တဲ့ပထမဦးဆုံးလူ
လု႔ခ္ေအကင္စ္ကေတာ့စြန႔္စားရတာအလြန္ႀကိဳက္ပါတယ္။ ဒီ ၄၅ ႏွစ္အရြယ္ အမ်ိဳးသားကေတာ့သူ႔ဘဝတစ္ေလၽွာက္လုံးမွာေလထီးခုန္ျခင္းကို အႀကိမ္ေရ ၁၈,၀၀၀ခန႔္ျပဳလုပ္ခဲ့တာပါ။
သူဟာ Iron Man 3 ႐ုပ္ရွင္ကားထဲမွာ စတန႔္ျပကြက္ကိုေတာင္ျပဳလုပ္ခဲ့ပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူဟာ ကယ္လီဖိုးနီးယားေတာင္ပိုင္းက ဇူလိုင္လ ၃၀ ရက္ေန႔မွာျပဳလုပ္ခဲ့တဲ့ ျပကြက္အတြက္နာမည္ႀကီးပါတယ္။
ေအကင္စ္ဟာ ေလထီးေတြ၊ ေလထီးခုန္အကၤ်ီေတြမပါပဲ ေလယာဥ္ေပၚကေန ခုန္ခ်ခဲ့တဲ့ပထမဦးဆုံးလူပါ။ အလြတ္ခုန္ျခင္းကို အျမင့္ ၇၆၀၀ မီတာကေန ခုန္ခ်ခဲ့ၿပီး စတန႔္လုပ္တဲ့လူဟာ တစ္စကၠန႔္ကို၅၃ မီတာႏႈန္းျဖင့္ခုန္ခ်ခဲ့တာပါ။
သူ အသက္ရွင္ခဲ့တာကိုပရိသတ္ႀကီးကေတာ့ယုံမယ္မထင္ပါဘူး။ သူဟာ မီတာ၃၀ အက်ယ္ရွိတဲ့ ပိုက္ကြန္ထဲကိုစီစဥ္ထားတဲ့အတိုင္းျပဳတ္က်ခဲ့ပါတယ္။ ဒီပိုက္ကြန္ဟာ သူ႔အတြက္အထူးျပဳလုပ္ထားတာပါ။
Ref:youtube
Trans:thegeektext