TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လေဆင်နှာမောင်းထဲပါသွားခဲ့ပေမဲ့ ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့သူ
အခုပြောပြမယ့် မှတ်တမ်းကိုလဲ ဘယ်သူမှစံချိန်ချိုးချင်မှာမဟုတ်ပါဘူး။ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ရစ်သူ ကတော်တော်လေးကိုရှားပါးပါတယ်။အရမ်းကိုအားကောင်းတဲ့ လေတွေက လက်ရှိနေရာမှာရှိနေတဲ့အရာတွေကို အဝေးတစ် နေရာဆီကို အလွယ်လေးသယ်ဆောင်သွားနိုင်ပါတယ်။အင်မတန်ကံကောင်းတဲ့လူတွေမှာ လေဆင်နှာမောင်းနဲ့ပါသွားပြီး ပြင်းထန်တဲ့ ခွဲစိတ်ကုသမှုတွေလုပ်ပြီးမှ အသက်ရှင်ခွင့်ရလာတာပါ။
ဒါပေမယ့် ဒီစံချိန်ကိုတင်ခဲ့တဲ့သူကတော့ အသက်ရှင်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာ Mat Souter ဆိုတဲ့ ၁၉နှစ်အ ရွယ်အမေရိကန်ဆယ်ကျော်သ က်ကောင်လေးတစ်ယောက်က သူ့ရဲ့အဖွားဖြစ်သူထံသွားလည်ပက်ခဲ့ပါတယ်။သူ့ရဲ့အဖွားအိမ်ကိုတော့ အန္တရာယ်ကင်းကင်း ပဲရောက်ရှိသွားပြီး ဒါပေမယ့် အဲဒီအချိန်မှာပဲ ရာသီဥတုကဆိုးဝါးလာခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ အဲဒီဒေသမှာလေဆင်နှာမောင်းတိုက်ရင် အန္တရာယ်ကင်းကင်းနေနိုင်ဖို့အတွက် မြေအောက်ကျင်းတွေတူးထားလေ့ရှိပါတယ် ။ဒါပေမယ့် သူ့ရဲ့အဖွားအိမ်မှာတော့ မြေအောက်ခန်းရှိမနေပါဘူး။ဒါနဲ့အိမ်တစ်ခုလုံးလေဆင်နှာမောင်းကြောင့် ပရိဘောဂတွေ ပြတင်းပေါက်တွေနဲ့ အားလုံးကပြောင်းကပြန်ဖြစ်နေပြီး Mat ခဗျာလေဆင်နှမောင်းနဲ့ပါသွားပါတော့တယ်။
လေဆင်နှာမောင်းဟာ ၁နာရီကို၂၄ဝကီလိုမီတာနှုန်းနဲ့တိုက်ခတ်နေတာပါ။ပြဿနာကတော့အဲဒါတင်ပဲမဟုတ်ပါဘူး အဲဒီကောင်လေးဟာ လေဆင်နှာမောင်းကြောင့် အမြင့်ဆုံးနေရာကိုရောက်ရှိသွားပြီး အသက်တောင်မရှူနိုင်ခဲ့ပါဘူးတဲ့ ဒီလိုပြင်းထန်စွာမွှေနှောက်သွားတဲ့လေဆင်းနှာမောင်းဟာ ကောင်လေးကိုမီတာ၄ဝဝအကွာမှာ ထားရစ်ခဲ့ပါတယ်။
Mat သတိရတဲ့အခါမှာတော့ အပြင်းစားဘာဒဏ်ရာမှမရရှိပဲ ပွန်းရာပဲ့ရာလောက်ပဲရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လေဆင်နှာမောင်းကြောင့် စံချိန်တင်မှတ်တမ်းကိုရရှိသွားပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext