
News Social News World

လူ့ ဦးနှောက်နဲ့ ချိတ်ဆက်မောင်းနှင်စေခိုင်းနိုင်မည့် တိုက်လေယာဉ်သစ် ပေါ်လာတော့မလား..???

BAE Systems ကုမ္ပဏီကတော့ လန်ကက်ရှိုင်းယားဒေသက သူတို့ရဲ့ ဝါတန်စက်ရုံမှာ အဲဒီလေယာဉ်အမျိုးကို ၂၀၂၇ မှာ စမ်းသပ်မှာ ဖြစ်တယ်လို့ ဖန်းဘရာ လေကြောင်းပြပွဲမှာ ထုတ်ပြန်ပြောဆို လိုက်ပါတယ်..

ဒုတိယကမ္ဘာစစ်ကာလမှာ Spitfire အမျိုးအစား တိုက်လေယာဉ်မောင်းတွေဟာ သူတို့ လေယာဉ်ကို မောင်းနှင် ပစ်ခတ်ရတာ ချောမွေ့ အသားကျလွန်းတဲ့အတွက်၄င်းတိုက် လေယာဉ်ကို သူတို့ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားမိတဲ့အထိပါပဲလို့ ဆိုခဲ့ကြဖူးပါတယ်။

လာမယ့် ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ တိုက်လေယာဉ်ကို မောင်းနှင်ရမယ့် လေယာဉ်မှူးတွေကတော့ သူတို့ မောင်းရတဲ့ တိုက်လေယာဉ်တွေနဲ့ ပိုပြီး တစ်သားတည်းဖြစ်တဲ့ ခံစားမှုမျိုး ပိုမိုရရှိ ခံစားလာနိုင်စရာ ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ပေါ်ထွက်လာမယ့် တိုက်လေယာဉ်အမျိုးအစားတွေက လူ့စိတ်ကို ဖတ်နိုင်ခြေ ရှိတဲ့အထိ ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

ဘယ်အတိုင်းအတာအထိ စိတ်နဲ့ လေယာဉ်ထိန်းချုပ်နိုင်မှာလဲ
ယူကေနိုင်ငံက BAE Systems၊ ရိုးရွိုက်စ်၊ European missiles group၊ MBDAနဲ့ အီတလီက Leonardo ကုမ္ပဏီတွေဟာ အခုလို စွမ်းဆောင်ရည် ရှိလာနိုင်တဲ့ Tempest jet အမျိုးအစားကို တီထွင် ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

အဲဒီ တိုက်လေယာဉ်မှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ တိုက်လေယာဉ်မှူးကို အထောက်အကူပေးမယ့် စက်အသိဉာဏ် artificial intelligence ဖြစ်ပြီး လူသားလေယာဉ်မောင်းက မနိုင်မနင်း ဖြစ်လာရင် ဒါမှမဟုတ် ဖိအားအရမ်းများလာရင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ကူညီပေးနိုင်ဖို့အတွက် လေယာဉ်မှူးဆောင်းမယ့် ဦးထုပ်မှာ ဦးနှောက်အတွင်း လှုပ်ရှားမှုတွေနဲ့ တကွ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဖမ်းယူနိုင်မယ့် စက်တွေ တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။

အခုလို တိုက်လေယာဉ်ကို မောင်းနှင်သူက အကြိမ်ကြိမ် မောင်းနှင်လာရင်း သူ့ရဲ့ ဇီဝဗေဒနဲ့ စိတ္တဗေဒဆိုင်ရာ အချက်အလက်တွေကို စက်အသိဉာဏ်က တောက်လျှောက် တိုးမြှင့်စုဆောင်းနေမှာလဲ ဖြစ်ပါတယ်။

ဒီလေယာဉ်ရဲ့ စက်အသိဉာဏ်ဟာ အခုလို အချက်အလက်တွေ စုဆောင်းလာရင်း သက်ဆိုင်ရာ လေယာဉ်မောင်းတစ်ဦးချင်းစီရဲ့ မတူခြားနားတဲ့ ဇီဝစိတ္တ အခြေအနေကိုလိုက်ပြီး အကူအညီလိုအပ်လာတဲ့ အချိန်မှာ သိရှိ လုပ်ဆောင်ပေးနိုင်ဖို့ စီမံထားပါတယ်။

ဥပမာအားဖြင့် တိုက်လေယာဉ်မောင်းသူက ကမ္ဘာ့ဆွဲအားမြင့်မားတဲ့ အခြေအနေမှာ သတိလစ်သွားမယ်ဆိုရင် စက်အသိဉာဏ်က ဝင်ရောက် ထိန်းကျောင်းပေးနိုင်မယ့် ပုံစံမျိုး ဖြစ်ပါတယ်။
Crd..BBC

Unicode











Crd..BBC

Crd