လူအများကအရူးအလုပ်လို့ ထင်မှတ်ထားတဲ့ ငါးမွေးမြူရေးကို လုပ်ကိုင်ပြီး မီလီယံနာသူဋ္ဌေးဖြစ်လာခဲ့သူ

News Social News

လူအများကအရူးအလုပ်လို့ ထင်မှတ်ထားတဲ့ ငါးမွေးမြူရေးကို လုပ်ကိုင်ပြီး မီလီယံနာသူဋ္ဌေးဖြစ်လာခဲ့သူ

ဘယ်သူကမှ မတွေးထင်ထားတဲ့ ငါးမျိုးစပ်တွေကိုမွေးမြူခဲ့လို့ အရူးအလုပ်ဆိုပြီး လူအတော်အများရဲ့ ထင်မြင်ခြင်းကိုခံခဲ့ရတဲ့ မလေးရှားနိုင်ငံက အမျိုးသားဟာ အခုဆိုရင် အသက် 38 နှစ်အရွယ်သာရှိနေသေးပေမဲ့ မီလီယံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ လုပ်ငန်းစတင်ခဲ့တဲ့ 2007 ခုနှစ်မှာ သူ့ရဲ့လက်ထဲမှာ ငွေ RM 10,000 (မြန်မာငွေ သိန်း 30 ကျော်) သာရှိခဲ့ပါတယ် ။ Hybrid grouper ဆိုတဲ့ ငါးမျိုးစိပ်ရဲ့ အကြောင်းကို လေ့လာပြီး မွေးမြူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။အစပိုင်းမှာ ရွာသားတွေက ‘ မင်းရူးနေလား ၊ 500 လီတာပဲရှိတဲ့ ရေကန်ထဲမှာ ငါးအကောင်ရေ 500 ထည့်ရင် အကုန်သေ သွားလိမ့်မယ် ‘ ဆိုပြီး သူ့အား အကြံပေးပြောဆိုခဲ့ပါတယ် ။

ထင်ထားသလိုပဲ ငါးအတော်များများ သေဆုံးသွားခဲ့ပါတယ် ။အစပိုင်းမှာ အသိပညာဗဟုသုတတွေ နဲခဲ့လို့ အဆင်မပြေပေမဲ့ နောက်ပိုင်း ငါးအဖွဲ့အစည်းတွေဆီမှ အကြံပေးစကား နဲ့ လမ်းညွန်မှုတွေကြောင့် အတော်လေး တိုးတက်လာခဲ့ပါတယ် ။

အခုဆိုရင် အဆိုပါ Hybrid grouper ငါးမျိုးဟာ အတော်လေးကို ကြီးထွားလွယ်ပြီး ငါးဥစျေး နဲ့ အကောင်စျေးတွေဟာလည်း အတော်လေးကောင်းနေခဲ့လို့ ဝင်ငွေတွေက အတော်လေးတောင့်တင်းနေပါပြီ ။ အရင်က ငါးလှောင်ကန် 8 ကန်သာရှိပေမဲ့ အခုဆိုရင်လှောင်ကန်ပေါင်း 200 ခန့် တိုးချဲ့နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ် ။

Jasmine (Mckzone Daily)
Source : worldofbuzz

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

လူအများကအရူးအလုပ်လို့ ထင်မှတ်ထားတဲ့ ငါးမွေးမြူရေးကို လုပ်ကိုင်ပြီး မီလီယံနာသူဋ္ဌေးဖြစ်လာခဲ့သူ

ဘယ်သူကမှ မတွေးထင်ထားတဲ့ ငါးမျိုးစပ်တွေကိုမွေးမြူခဲ့လို့ အရူးအလုပ်ဆိုပြီး လူအတော်အများရဲ့ ထင်မြင်ခြင်းကိုခံခဲ့ရတဲ့ မလေးရှားနိုင်ငံက အမျိုးသားဟာ အခုဆိုရင် အသက် 38 နှစ်အရွယ်သာရှိနေသေးပေမဲ့ မီလီယံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ လုပ်ငန်းစတင်ခဲ့တဲ့ 2007 ခုနှစ်မှာ သူ့ရဲ့လက်ထဲမှာ ငွေ RM 10,000 (မြန်မာငွေ သိန်း 30 ကျော်) သာရှိခဲ့ပါတယ် ။ Hybrid grouper ဆိုတဲ့ ငါးမျိုးစိပ်ရဲ့ အကြောင်းကို လေ့လာပြီး မွေးမြူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။အစပိုင်းမှာ ရွာသားတွေက ‘ မင်းရူးနေလား ၊ 500 လီတာပဲရှိတဲ့ ရေကန်ထဲမှာ ငါးအကောင်ရေ 500 ထည့်ရင် အကုန်သေ သွားလိမ့်မယ် ‘ ဆိုပြီး သူ့အား အကြံပေးပြောဆိုခဲ့ပါတယ် ။

ထင်ထားသလိုပဲ ငါးအတော်များများ သေဆုံးသွားခဲ့ပါတယ် ။အစပိုင်းမှာ အသိပညာဗဟုသုတတွေ နဲခဲ့လို့ အဆင်မပြေပေမဲ့ နောက်ပိုင်း ငါးအဖွဲ့အစည်းတွေဆီမှ အကြံပေးစကား နဲ့ လမ်းညွန်မှုတွေကြောင့် အတော်လေး တိုးတက်လာခဲ့ပါတယ် ။

အခုဆိုရင် အဆိုပါ Hybrid grouper ငါးမျိုးဟာ အတော်လေးကို ကြီးထွားလွယ်ပြီး ငါးဥဈေး နဲ့ အကောင်ဈေးတွေဟာလည်း အတော်လေးကောင်းနေခဲ့လို့ ဝင်ငွေတွေက အတော်လေးတောင့်တင်းနေပါပြီ ။ အရင်က ငါးလှောင်ကန် 8 ကန်သာရှိပေမဲ့ အခုဆိုရင်လှောင်ကန်ပေါင်း 200 ခန့် တိုးချဲ့နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ် ။

Leave a Reply