■လူသားတွေနဲ့စမ်းသပ်ခဲ့ကြတဲ့ ဓာတုစမ်းသပ်မှု

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လူသားတွေနဲ့စမ်းသပ်ခဲ့ကြတဲ့ ဓာတုစမ်းသပ်မှု

ပရိတ်သတ်ကြီးရေ..ဒါဟာ Captain America ရဲ့ မူလအစလို့တောင် ထင်ရပါတယ်။ဒါပေမယ့် ဒီလိုစမ်းသပ်မှု‌တွေဟာ စစ်အေးကာလအတွင်းမှာ အမှန်တကယ် ရှိခဲ့တာပါ။အမေရိကန်စစ်တပ်ဟာ ဓာတုစမ်းသပ်မှုအချို့ကို လူသားတွေပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ဆယ်စုနှစ်တစ်ခုစာအကြာမှာတော့ စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေရဲ့ ထုတ်ဖော်‌ပြောဆိုချက်တွေကို (၂၀၁၂) ခုနှစ်ရဲ့ New Yorker မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပေါ့။

အဲ့ဒီလို ဖော်ပြခဲ့ပီးတဲ့နောက်မှာတော့ အမေရိကန်တပ်ဟာ LSDခေါ် မူးယစ်ဆေးဝါးတစ်မျိုးကို စစ်သား‌တွေနဲ့ စမ်းသပ်ခဲ့တယ်ဆိုတာကို သိရှိခဲ့ကြရပါတယ်။သူတို့ဟာ (၁၉၅၀)ခုနှစ် အစောပိုင်းကာလ‌တွေမှာ မေရီလန်း(Maryland )ဒေသအတွင်းမှာ ရှိတဲ့အက်ဝုဒ်အာဆင်နယ်( Edgewood Arsenal)စစ်စခန်းမှာ စိတ်ကြွဆေးတွေနဲ့ အခြားသော ဓာတုဆေးဝါးတွေကို လျို့ဝှက်စွာ သုတေသနပြု လုပ်ဆောင်ခဲ့ကြတယ်ဆိုတာမမှားပါဖူး။

ဒီသုတေသနကြီးရဲ့ ရည်ရွယ်ချက်ကတော့ တိုက်ပွဲတွေနဲ့ ကြမ်းတမ်းတဲ့ စစ်ကြောရေးတွေမှာ အသုံးပြုနိုင်ဖို့ အရေးပါပြီးတကယ့်ကိုအစွမ်းထက်တဲ့ ဆေးဝါးတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းကအဓိပ္ပါယ်ရှိပြီးစိတ်ဝင်စားစရာကောင်းတာတော့အမှန်ပါဘဲ အကယ်၍ဒုက္ခသည်တွေထဲကတယောက်ဖြစ်တဲ့ တိုနီမန်ဟိန်း(Tony Mannheim)ကို အမှောင်ထဲမှာထိန်းသိမ်းထားတယ်ဆိုတဲ့အချက်သာအမှန်မဟုတ်ခဲ့ရင်ပေါ့။

ခုလိုဖန်တီးထားတဲ့ပရိုဂရမ်ဟာ စစ်သားပေါင်း(၅၀၀၀)နဲ့အထက်ကို ဆေးခြောက်ကနေရတဲ့မူးယစ်ဆေးဝါးအမျိုးအစားတွေနဲ့တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်အောင်PCPလို့ခေါ်တဲ့အရာတွေနဲ့ထောက်ပံ့ထားပါတယ်။

LSDနဲ့BZလို့ခေါ်တဲ့စိတ်ဂနာမငြိမ်ဖြစ်စေတဲ့ဓာတုဆေးတွေဟာ စစ်သားတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဒဏ်ရာတွေနဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွေကိုကျန်စေခဲ့တယ်ဆိုတာမမှားပါဖူး ပရိတ်သတ်ကြီးရေ။
Ref:youtube
Trans:thegeektext