လူရှုပ်တဲ့ ကားလမ်းပေါ်မှာ ငှက်ကုလားအုတ်စီးပြီး ကျောင်းသွားခဲ့ရာ လမ်းသွားလမ်းလာလူအများကို အံ့ဩစေခဲ့တဲ့ မိန်းကလေးငယ်

လူရှုပ်တဲ့ ကားလမ်းပေါ်မှာ ငှက်ကုလားအုတ်စီးပြီး ကျောင်းသွားခဲ့ရာ လမ်းသွားလမ်းလာလူအများကို အံ့ဩစေခဲ့တဲ့ မိန်းကလေးငယ်

မကြာသေးမီရက်ပိုင်းအတွင်းက ဟိုချီမင်းမြို့မှာ ကျောင်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က လမ်းပေါ်မှာ မိန်းကလေးက ကျောင်းကို လမ်းလျှောက်သွားခြင်း၊ ကား ၊ မော်တော်ဆိုင်ကယ်ဆီးခြင်းတို့ မလုပ်ဘဲ ငှက်ကုလားအုတ်ကို စီးသွားခဲ့ပါတယ်။ မိန်းကလေးငယ်က တိရစ္ဆာန်ရဲ့ နောက်ကျောမှာ သက်တောင့်သက်သာ ထိုင်နေခဲ့ပါတယ်။

လူရှုပ်တဲ့လမ်းမှာ နှစ်ယောက်စလုံးက အရှိန်နှေးနှေးလေးနဲ့ ချောချောမွေ့မွေ့ဖြတ်သန်းကြပါတယ်။ အကွေ့အကောက်တွေမှာ သူမဟာ တိရိစ္ဆာန်ရဲ့ မျက်နှာကို သူ့လက်တွေနဲ့ ဖုံးတဲ့အခါ ငှက်ကုလားအုတ်က ရှေ့ကိုမသွားဘဲ အလိုအလျောက် ဘယ်/ညာ လှည့်သွားခဲ့ပါတယ်။ ကျောင်းတံခါးရှေ့ရောက်တော့ မိန်းကလေးက ငှက်ကုလားအုတ်ပေါ်ကနေ ဆင်းဖို့ ငှက်ကုလားအုတ်ရဲ့ လည်ပင်းကို နှိမ့်ချပြီး ဆင်းခဲ့ပါတယ်။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းတွေက လူတွေကို အံ့ဩစေခဲ့ပါတယ်။ ဒါပေမဲ့ ကားဟွန်းသံများက ငှက်ကုလားအုတ်ကို အထိတ်တလန့်ဖြစ်စေပြီး မိန်းကလေးကို ထိခိုက်စေနိုင်တယ်လို့ လူတွေက စိုးရိမ်မိကြောင်း မှတ်ချက်ပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi

လူရႈပ္တဲ့ ကားလမ္းေပၚမွာ ငွက္ကုလားအုတ္စီးၿပီး ေက်ာင္းသြားခဲ့ရာ လမ္းသြားလမ္းလာလူအမ်ားကို အံ့ဩေစခဲ့တဲ့ မိန္းကေလးငယ္

မၾကာေသးမီရက္ပိုင္းအတြင္းက ဟိုခ်ီမင္းၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ မိန္းကေလးငယ္တစ္ဦးရဲ႕ ျမင္ကြင္းကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ဟာ တ႐ုတ္လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္က လမ္းေပၚမွာ မိန္းကေလးက ေက်ာင္းကို လမ္းေလွ်ာက္သြားျခင္း၊ ကား ၊ ေမာ္ေတာ္ဆိုင္ကယ္ဆီးျခင္းတို႔ မလုပ္ဘဲ ငွက္ကုလားအုတ္ကို စီးသြားခဲ့ပါတယ္။ မိန္းကေလးငယ္က တိရစာၦန္ရဲ႕ ေနာက္ေက်ာမွာ သက္ေတာင့္သက္သာ ထိုင္ေနခဲ့ပါတယ္။

လူရႈပ္တဲ့လမ္းမွာ ႏွစ္ေယာက္စလုံးက အရွိန္ေႏွးေႏွးေလးနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ျဖတ္သန္းၾကပါတယ္။ အေကြ႕အေကာက္ေတြမွာ သူမဟာ တိရိစာၦန္ရဲ႕ မ်က္ႏွာကို သူ႔လက္ေတြနဲ႔ ဖုံးတဲ့အခါ ငွက္ကုလားအုတ္က ေရွ႕ကိုမသြားဘဲ အလိုအေလ်ာက္ ဘယ္/ညာ လွည့္သြားခဲ့ပါတယ္။ ေက်ာင္းတံခါးေရွ႕ေရာက္ေတာ့ မိန္းကေလးက ငွက္ကုလားအုတ္ေပၚကေန ဆင္းဖို႔ ငွက္ကုလားအုတ္ရဲ႕ လည္ပင္းကို ႏွိမ့္ခ်ၿပီး ဆင္းခဲ့ပါတယ္။ ဒီစိတ္ဝင္စားစရာေကာင္းတဲ့ ျမင္ကြင္းေတြက လူေတြကို အံ့ဩေစခဲ့ပါတယ္။ ဒါေပမဲ့ ကားဟြန္းသံမ်ားက ငွက္ကုလားအုတ္ကို အထိတ္တလန႔္ျဖစ္ေစၿပီး မိန္းကေလးကို ထိခိုက္ေစႏိုင္တယ္လို႔ လူေတြက စိုးရိမ္မိေၾကာင္း မွတ္ခ်က္ေပးၾကပါတယ္။

JRose(Tgidailynews)

Crd



Post Views:
11

Crd