တရုတ်နိုင်ငံဟာလည်းလျှို့ဝှက်လက်နက်တွေထုတ်လုပ်ခွင့်ရှိတယ်လို့ဆိုလာတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့တရုတ်Area 51ဒေသ
တရုတ်နိုင်ငံအနောက်မြောက်ဘက်ဒေသရှိဝေးလံပြီးဆန်းကြယ်တဲ့လေယာဉ်ကွင်းကိုဒရုန်းအသစ်တွေ၊အဆင့်မြင့်ဂျက်လေယာဉ်တွေအတွက်ဖွံ့ဖြိုးတိုးတက်ဖွယ်ရာတိုင်းပြည်ကြိုးစားအားထုတ်မှုတခုအဖြစ်ကျွမ်းကျင်ပညာရှင်တချို့ကစိတ်ဝင်စားနေကြပါတယ်လို့ July 11ရက်နေ့ရှရှားနိုင်Sputnikရဲ့ဖော်ပြချက်အရသိရပါတယ်၊
ထိုဖော်ပြချက်ဟာဆိုရင်အမေရိကန်War Zoneဝက်ဆိုဒ်အားကိုးကားထားတာဖြစ်ပြီး ထိုဒေသဟာအမေရိကန်ရဲ့ဒရုန်းအသစ်တွေ၊ဆဌမမြောက် ဂျက်လေယာဉ်တွေကိုတည်ဆောက်ဖို့အသုံးပြုတဲ့ Area 51နဲ့ပုံစံတူတရုတ်ကတည်ဆောက်ထားတယ်လို့ထင်ကြေးပေးခံရတာတွေလဲရှိပါတယ်၊
ဒီသတင်းကိုတော့အမည်မဖော်လိုသူတရုတ်ကျွမ်းကျင်ပညာရှင်တဦးက Global Time ကို၁၂ရက်နေ့ကသတင်းပေးခဲ့တာဖြစ်ပြီးအနောက်နိုင်ငံသတင်းဌာနအနေနဲ့ တရုတ်Area 51အကြောင်းခန့်မှန်းချက်ဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး၊ဒါ့အပြင်တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ဒေသတချို့ဟာလည်း အကြောင်းအရင်းအတိအကျမသိရပဲတရုတ်Area 51နဲ့ဆက်သွယ်မှုရှိနေတယ်လို့လဲသိရပါတယ်၊
ပညာရှင်တွေက “အနောက်နိုင်ငံသတင်းဌာန ရဲ့ Area 51ဒေသကိုခန့်မှန်းပြီးထင်ကြေးပေးနေတာတွေဟာဆိုရင်တရုတ်စစ်တပ်တိုးတတ်ဖွံ့ဖြိုးမှုအပေါ် အလွန်အကျွံစိုးရိမ်ပူပန်နေတာကလွဲရင် တခြားကိစ္စမရှိနိုင်ပါဘူး”လို့ပြောကြပါတယ်၊အနောက်နိုင်ငံသတင်းဌာနအတွက်တရုတ်နိုင်ငံစစ်တပ်အင်အား ပုံမှန် ဖွံ့ဖြိုးတိုးတတ်လာတယ်ဆိုတဲ့အချက်ဟာ လက်မခံနိုင်စရာ အကြောင်းဖြစ်နေပြီး လိုက်ရောညီထွေဖြစ်ဖို့ ခက်ခဲနေပုံရပါတယ်၊ သူတို့ဟာ ခန့်မှန်းချက်တွေကတဆင့်အန္တရာယ်ကြီးတခုအဖြစ်ပုံကြီးချဲ့ဖို့မျော်လင့်နေကြပါတယ်၊
ပညာရှင်တွေရဲ့ပြောဆိုချက်အရ တရုတ်ဟာ Area 51 တည်ရှိမှုကိုဘယ်တုန်းကမှတရားဝင်အတည်ပြုထားတာမျိုးမရှိသေးပါဘူး၊နောက်ကြောင်းပြန်ပြောရမည်ဆိုလျှင်တရုတ် နိုင်ငံရဲ့ စမ်းသပ်မှုတွေ၊ဖွံ့ဖြိုးတိုးတတ်မှုတွေဟာသူတို့နိုင်ငံလုံခြုံရေးနဲ့ နယ်မြေဒေသကိုကာကွယ်ဖို့ဖြစ်ကြောင်းနားလည်နိုင်ပါတယ်၊အာဏာလွှမ်းမိုးနိုင်မှုနဲ့ကမ္ဘာ့ဘေးအန္တရာယ်လုံခြုံရေးတည်မြဲစေဖို့အတွက်အမေရိကန်နိုင်ငံတစ်နိုင်ငံကပဲဖွံ့ဖြိုးတိုးတတ်မှုတွေ လုပ်ဆောင်နိုင်တာလား?
ခုဆိုရင်တရုတ်ဟာ AI စနစ်ကိုပေါင်းစပ်ကာအမေရိကန်ရဲ့အလိုအလျောက်ထိန်းချုပ်စနစ်ပါဝင်တဲ့ Skyborg ဒရုန်းနဲ့ပုံစံတူတည်ဆောက်နေတာဟာသံသယဝင်စရာပါပဲ၊Skyborgဒရုန်းဟာဆိုရင်မေလတုန်းကပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့တဲ့အမေရိကန်ဒရုန်းဖြစ်ပါတယ်၊
writer:Evelyn
The Geek Text Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team
zawgyi
writer:Evelyn
သတိပေးကြေညာချက်
မိတ်ဆွေတို့ရဲ့
Admin Team