မြန်မာနိုင်ငံမှာ မိခင်တွေနို့လှန်တိုက်တာကို ဘယ်သူမှ မကောင်းမပြောပါဘူး။ ဒါပေမဲ့ အနောက်ဉရောပနိုင်ငံတွေမှာတော့ လူမြင်ကွင်းမှာ ကလေးနို့တိုက်တာနဲ့ပတ်သက်လို့ အမြင်တွေကဆိုးရွားပါတယ်။ အိမ်ထောင်သည်က လူမြင်ကွင်းမှာ ရင်သားကို လှန်ပြနေတယ်ဆိုပြီးတော့ပါ။

နို့တိုက်သတ္တဝါငယ်တွေဟာ မိခင်နို့ကို လိုအပ်တဲ့အချိန်မှာ ပြည့်ပြည့်ဝဝရဖို့လိုအပ်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ မိခင်နို့ရတဲ့ကလေးဟာ နို့မှုန်တိုက်ကြီးလာတဲ့ကလေးတွေထက် ဉာဏ်စွမ်း၊ ကိုယ်ခံအားစတာတွေမှာပိုကောင်းပြီး၊ ကလေးတွေဟာ မလိုလားအပ်တဲ့ရောဂါတွေက ကင်းဝေးပါတယ်။

အရှေ့အာရှနိုင်ငံတွေမှာ မိခင်က ကလေးကိုနို့လှန်တိုက်တာကို အပြစ်မမြင်လို့ ဉပဒေတွေမရှိပါဘူး။ အဲဒီအချိန်မှာ ပြင်သစ်ကတော့ ဉပဒေတရပ်ထုတ်လိုက်ပါတယ်။ လူမြင် ကွင်းမှာ နို့တိုက်တဲ့မိခင်တွေကို ကာကွယ်စောင့်ရှောက်တာနဲ့ပတ်သက်တဲ့ ဉပဒေပါ။

ဉပဒေက ” မိခင်တယောက်နို့တိုက်တာကို ဟန့်တားဖို့ကြိုးစားတာ၊ နှောင့်ယှက်တာနဲ့ ယူရို ၁၅၀၀ ဖိုင်းတပ်ခံရမယ် ” လို့သိရပါတယ်။ မြန်မာငွေနဲ့ဆို သိန်း (၃၀)လောက် ဒဏ်ကြေးပေးဆောင်ရမှာပါ။

ဉပေဒေကို အမျိုးသမီးတွေဘဝလုံခြုံရေးအတွက် ပြင်သစ်အမျိုးသားရေးဆိုင်ရာ အစည်းအဝေးကနေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ထွက်လာတဲ့ ဉပဒေကို လူထုက ထောက်ခံကြိုဆိုခဲ့ပြီး၊ မိခင်တွေဟာ ကလေးတွေကို နို့ပိုတိုက်ဖို့လိုကိုလိုအပ်တယ်လို့ အမြင်တူခဲ့ကြပါတယ်။

ဉပဒေထုတ်ဖို့အကြောင်းဖန်လာတာက လူမြင်ကွင်းမှာအလုပ်လုပ်ရတဲ့ ကလေးမိခင်တွေဟာ ကလေးကိုနို့လှန်တိုက်ချိန်မှာ ဆိုးရွားတဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာကြောင့်ဖြစ်ပြီး၊ အမျိုးသမီးတွေဘဝလုံခြုံမှု မရှိတော့တာကြောင့်လို့ ဉပေဒရေးဆွဲခဲ့တဲ့အထဲက အစိုးရအရာရှိတဦးက သတင်းစာရှင်းလင်းပွဲမှာဖြေကြားခဲ့ပါတယ်။
Ref: BrightSide
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
ZawGyi
လူမြင်ကွင်းမှာနို့တိုက်တဲ့မိခင်တွေကိုကာကွယ်ဖို့ ဉပဒေထုတ်လိုက်တဲ့ပြင်သစ်