တောင်အမေရိက Galapagos အဏ္ဍဝါဘေးမဲ့ဇုန် အနီးတွင် ငါးမန်း အများဆုံးကျက်စားရာ ရေပြင်တွင် ငါးဖမ်းနေသော တရုတ်ငါးဖမ်းသင်္ဘော အုပ်စုများကို အီကွေဒေါ အစိုးရက ကမ္ဘာကို နှစ်စပိုင်းက အသိပေးခဲ့ပြီး၊ ယူအက်(စ) ကမ်းခြေစောင့်တပ် ကို စောင့်ကြည့် အရေးယူပေးဖို့ ပြောခဲ့ပါတယ်။ အစီးရေ ၃၅၀ ကျော်ရှိသော ထိုတရုတ် ငါးဖမ်းသင်္ဘောအုပ်စု သည်… အီကွေဒေါ၊ ချီလီ နှင့် ပီရူး နိုင်ငံ၏ ရေတပ်အင်အား အကုန်ပေါင်းစုထားသည်ထက်များသော အနေအထားတွင်ဖြစ်ခဲ့သဖြင့်၊ ယူအက်စ ကမ်းခြေစောင့်တပ်မှ သင်္ဘောများ လွတ်ပေးရသည်အထိဖြစ်ခဲ့ပါတယ်။ ကြီးမားတဲ့ အဏ္ဍဝါဂေဟ စနစ်နားတွင်ရှိသော၊ နိုင်ငံတကာ ရေပိုင်နက်တွင် ငါးဖမ်းခြင်းသည် တရားမဝင်မဟုတ်ပေမဲ့၊ ဆက်စပ်ရာ ဒေသခံ အဏ္ဍဝါ ဝန်းကျင်အတွက်တော့ အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

တရုတ်အစိုးရ၏ လက်နက်ကိုင် အစောင့်အရှောက်ဖြင့် တရုတ်ငါးဖမ်းသင်္ဘောများသည် ကမ္ဘာ့ အဏ္ဍဝါ ရေပြင် အသီးသီးတွင် အုပ်စုလိုက်ငါးဖမ်းနေကြရာ၊ သြဇီ ထိပ် Torres Strait ရှိ ပါပူဝါနယူးဂီနီ ဒါရူးကျွန်းတစ်ဝိုက်တွင် လည်း၊ ငါးဖမ်းစခန်းများ အကြီးအကျယ်ထူထောင်နေပါတယ်။ တရုတ်သမတ ရှင့်ကျင်ဖျင့် ကိုယ်တိုင်က သင်္ဘောကြီးကြီးဆောက်၍ ဝေးနိုင်သမျှ ဝေးဝေး သွား၍ ငါးဖမ်းရန် အားပေးတိုက်တွန်းထားခဲ့ပါတယ်။ ပီကင်း အစိုးရမှ ကမ္ဘာတစ်လွှားငါးဖမ်းနေသော သင်္ဘောများမှာ အစီးရေ ၂၅၀၀ ခန့်ရှိသော်လည်း၊ တကယ်တန်း ဆန်းစစ်ချက်များအရ အစီးရော ၁၇၀၀၀ ကျော် ဖြင့် ဝိုင်းပိုက်များ ဆွဲနေကြတယ်လို့ဆိုပါတယ်။

illegal, unreported and unregulated fishing (IUU fishing) တရားမဝင်ငါးဖမ်း စောင့်ကြည့်ဆန်းစစ်တဲ့ အဖွဲ့၏ စာရင်းတွင် တရုတ်ငါးဖမ်းသင်္ဘော အုပ်စုများသည် ထိပ်တန်းမှပါဝင်ပါတယ်။ ငွေလိုတဲ့ နိုင်ငံများရှိ အစိုးရများအနေဖြင့် ငါးဖမ်းကွက်များကို တရုတ်ကို ချရောင်းခြင်းမျိုးလည်း ရှိနေပါတယ်။ ပင်လယ်ရေပိုင်နက် အနည်းငယ်သာ ရှိသော ဂါနာလိုနေရာမျိုးတွင် တရုတ်ငါးဖမ်းသင်္ဘော အစီး ၁၀၀ ကျော် ဖမ်းနေပြီး၊ ငါးဖမ်းခြင်းနှင့် ပတ်သက်သော ဥပဒေများ ပြဌာန်းထားလင့်ကစား၊ ထိုဥပဒေများမှာ အသုံးမဝင်ဟု ဆိုပါတယ်။ တရုတ်ငါးဖမ်းသင်္ဘောများမှာ ဂါနာ ဒေသခံ ကုမ္ပဏီနာမည်များခံ၍ ဖမ်းနေခြင်းဖြစ်ပြီး၊ တရုတ်ငါးဖမ်း သင်္ဘော တစ်စီးသည် တစ်ရက်လျင်ငါး ၂၆ တန် ဖမ်းနိုင်ပြီး၊ ဒေသခံ ငါးဖမ်း လှေ အစီး ၄၀၀ ဖမ်းနိုင်သော ပမာဏကို ဖမ်းသည်နှင့် ညီမျှပါတယ်။

Credit- ⓒⓐⓟⓣⓐⓘⓝ ⓦⓘⓝ
https://www.facebook.com/Captain-Win
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://www.abc.net.au/…/how-china-is…/12971422