လူထူထပ်တဲ့ ပွဲလမ်းသဘင်တွေသွားရင် လူနင်းမခံရအောင် သိထားသင့်တဲ့ အချက်များ

လူထူထပ်တဲ့ ပွဲလမ်းသဘင်တွေသွားရင် လူနင်းမခံရအောင် သိထားသင့်တဲ့ အချက်များ..
မသွားခင် ပြင်ဆင်ရန်.. ၁။ ပွဲအကြောင်းလေ့လာပါ.. ၂။ ပွဲခင်းထဲဝင်တာနဲ့ ပါတ်ဝန်းကျင်ကို သတိထားကြည့်ပါ.. ၃။ ဘယ်နေရာတွေမှာ ထွက်ပေါက်ရှိသလဲ လေ့လာပါ..
ပွဲပျက် မပျက် ဘယ်လိုသိမလဲ.. ကိုယ့်အနားလူတွေ သိပ်ကြပ်လာရင်၊ တာဝန်ရှိသူတွေက လူကျလာနေပြီလို့ ကြေငြာသံကြားရင် ချက်ချင်းနေရာပြောင်းဖို့ ကြိုးစားပါ။ လူအရမ်းများလာလို့ ပိုပူတယ်လို့ ခံစားရကာ အသက်ရှုရခက်လာမယ်။ လူတွေတိုးခွေ့တဲ့အကြား ရောက်ခဲ့ရင်..
၁။ လက်ဝှေ့သမားလို နေရာယူတဲ့ပုံစံမျိုးနေပါ၊ လက်နှစ်ဖက်ရင်ညွန့်မှာထား၊ ခြေ ၂ ချောင်းရှေ့နောက် ကလန့်ထားပါ.. ၂။ တခုခုပြုတ်ကျသွားရင် ပြန်ကောက်ဖို့မကြိုးစားပါနဲ့.. ၃။ ကြောက်လန့်တကြားမအော်ပါနဲ့၊ သင့်အောက်ဆီဂျင်ကို ချွေတာပါ..
၄။ နောက်ကတွန်းလို့ လဲကျသွားရင် တစောင်းအနေအထား နေပါ။ ဖြစ်နိုင်ရင် နှလုံးနဲ့အဆုတ်ကိုကာဖို့ ဘယ်ဖက်စောင်းလှဲပါ။ ပက်လက်အနေအထား မနေမိပါစေနဲ့။ ၅။ ရွေ့တဲ့လူအုပ်အတိုင်း ထောင့်ဖြတ်မျောလိုက်ကာ ဘေးဖက်ရအောင်ထွက်ဖို့ ကြိုးစားပါ.. (Francis Zin)
The post လူထူထပ်တဲ့ ပွဲလမ်းသဘင်တွေသွားရင် လူနင်းမခံရအောင် သိထားသင့်တဲ့ အချက်များ appeared first on White Sone.
Crd