လူတွေသေဆုံးတဲ့အထိ ကခုန်စေခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်သော “ကခုန်ပလိပ်ရောဂါ”
၁၅၁၈ ခုနှစ်က အကပလိပ်ရောဂါ (သို့) အကကူးစက်ရောဂါဟာ ရောမအင်ပါယာရှိ Strasbourg၊ Alsace (မျက်မှောက်ခေတ်ပြင်သစ်) မှာ ဖြစ်ပွားခဲ့သော အကအသည်းရောဂါတစ်မျိုးဖြစ်ပါတယ်။
ဒီရောဂါကို ကူးစက်ခံလိုက်ရသူတွေဟာ ရက်သတ္တပတ်ပေါင်းများစွာ ကခုန်နေလေ့ရှိကြရင်း နောက်ဆုံးမှာ သေဆုံးကြရပါတယ်။
Strasbourg ရှိ လမ်းမထက်က အမျိုးသမီးတစ်ဦးဟာ ထူးဆန်စွာနဲ့ပဲ ထက်ထက်သန်သန် ကခုန်နေချိန် ၁၅၁၈ ခုနှစ် ဇူလိုင်လမှာ ဒီရောဂါဟဟ စတင်ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ အစောပိုင်းမှာတော့ ဒီရောဂါဖြစ်ပွားမှုဟာ လျော့ကျသွားခဲ့ပါတယ်။
သမားတော်မှတ်စုများ၊ ဘုရားရှိခိုးကျောင်းတရားဒေသနာများ၊ ဒေသဆိုင်ရာရာဇဝင်များ နဲ့ Strasbourg မြို့တော်ကောင်စီမှ ထုတ်ပြန်သော မှတ်စုများ” အပါအဝင် သမိုင်းဝင် စာရွက်စာတမ်းများ အားလုံးက သေဆုံးသူများဟာ မသေဆုံးခင်မှာ ရူးနှမ်းစွာ ကခုန်နေခဲ့ကြောင်း သက်သေပြလို့ နေပါတယ်။
ဘာအကြောင်းကြောင့်မှန်း မသိရှိခဲ့ရတဲ့ ဒီရောဂါအမျိုးအစားဟာ အမျိုးသမီးတစ်ဦးက စတင်ကပြပြီးနောက် အခြားသော လူတွေကိုပါ ကူးစက်ပြီး ကခုန်မှုတွေ ဖြစ်ပွားစေခဲ့ကြောင်း သမိုင်းအရင်းအမြစ်များက သဘောတူညီခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ အမျိုးသမီးငယ် အများစုဟာ စတင်ကူးစက်လာကြပြီး ရက်သတ္တပါတ်များစွာ ကခုန်နေခဲ့ကြပါတော့တယ်။
Strasbourg တရားသူကြီးနဲ့ ဘုန်းတော်ကြီးများကလည်း ဒီဖြစ်ရပ်ကို အထူးအာရုံစိုက်ခဲ့ကြပြီး အဖြေရှာမရဖြစ်ခဲ့သလို အချိန်အတော်ကြာပြီးနောက် နောက်ဆုံးမှာတော့ ဆရာဝန်အချို့ကပါ ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး ရောဂါကူးစက်သူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါတော့တယ်။
ဒီထူးဆန်းတဲ့ ရောဂါဟာ လူ ၄၀၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သူတို့တွေအားလုံးကို အနားမယူဘဲ ကခုန်စေခဲ့တာပါ။
ဒီလူများထဲမှ အချို့ဟာ နှလုံးဖောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လေဖြတ်ခြင်းများကြောင့် သေဆုံးခဲ့ကြရပါတယ်။
မစ္စစ်ထရိုဖီး အမည်ရှိ အမျိုးသမီးတစ်ဦးဟာ Strasbourg အလယ်၌ အထိန်းအကွပ်မဲ့ ကခုန်နေချိန်မှ အစပြုခဲ့ရာ နောက်ပိုင်းမှာ မိန်းကလေးငယ် အများစု ပါဝင်တဲ့ လူ ၃ ၄ ယောက်က ပူးပေါင်းလာခဲ့ပြီး မကြာခင်မှာပဲ ပလိပ်ရောဂါဟာ လူ ၄၀၀ လောက်ကို ကူးစက်သွားခဲ့ပါတယ်။
တစ်နေ့ကို လူ ၁၅ ယောက်လောက် ဒီရောဂါဟာ သေဆုံးစေခဲ့တယ်။ ဆရာဝန်များနှင့် အာဏာပိုင်များကတော့ ဒီရောဂါဟာ သဘာဝလွန် အကြောင်းရင်းများကြောင့် မဟုတ်ဘဲ ကူးစက်တတ်တဲ့ ပလိပ်ရောဂါ ဖြစ်တယ်လို့ အခိုင်အမာဆိုသော်လည်း ကူးစက်ခံရသူအားလုံး အထိန်းအကွပ်မဲ့စွာ ကခုန်နေသည့်အချက်မှာ လွန်စွာမှကိုထူးဆန်ပေသည်။
နောက်ဆုံးမှာတော့ ဆရာဝန်တွေကပါ လက်လျှော့ခဲ့ရပြီး လူနာများကို ကုသမယ့်အစား သစ်သားစင်မြင့်တစ်ခု တည်ဆောက်ပေးခဲ့ပြီး အဲ့ဒီနေရာမှာပဲ ကခုန်စေဖို့ ပို့ဆောင်ခဲ့ရပါတော့တယ်။
ယနေ့အချိန်အထိကို သိပ္ပံပညာရှင်များဟာ ဒီကြောက်မက်ဖွယ် ထူးဆန်းတဲ့ ကပ်ရောဂါကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းကို သေချာမသိရှိသေးပါဘူး။
အချို့သော သုတေတီတွေရဲ့ သုံးသပ်ချက်တွေအရတော့ ၎င်းဟာ ergot မှိုများရဲ့ အဆိပ်ဖြစ်စေသော ထုတ်ကုန်များကြောင့် အစာအဆိပ်သင့်ခြင်း သို့မဟုတ် အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးကြောင့်လို့သာ ဆိုထားခဲ့ရပါတယ်။
Knight News Team
Crd