လူတစ်ယောက်ခန္ဓာကိုယ်လောက်အလေးချိန်ရှိသည့် ခွေးကြီးကို နေမကောင်းသည့်အချိန်မှာ မနိုင်မနင်းဖြင့် ကျောပိုးပြီးဆေးခန်းသို့အပြေးခေါ်သွားခဲ့သည့် မိန်းမလှလေး

News Social News




Dhoon (Cele Daily)

Zawgyi

လူတစ်ယောက်ခန္ဓာကိုယ်လောက်အလေးချိန်ရှိသည့် ခွေးကြီးကို နေမကောင်းသည့်အချိန်မှာ မနိုင်မနင်းဖြင့် ကျောပိုးပြီးဆေးခန်းသို့အပြေးခေါ်သွားခဲ့သည့် မိန်းမလှလေး

လူသားတို့၏နှလုံးသားလေးဟာ အနေနီးလာခဲ့ပြီဆိုတာနဲ့ သာမန်ထက်ပိုသောသံယောဇဉ်လေးတွေကို ချည်နှောင်မိလာတတ်ကြပါတယ်။မကြာသေးမီအချိန်ကလည်း တရုတ်နိုင်ငံ၏အင်တာနက်အသုံးပြုသူများကို ကောင်မလေးတစ်ဦး၏အပြုအမူက ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

ကောင်မလေးဟာ Guangxi Zhuangကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းနင်းမြို့တွင်နေထိုင်သူဖြစ်ပြီး ကြီးအားတုတ်ခိုင်လှသည့် ခွေးကြီးကို ကျောပိုးထားခဲ့တာဖြစ်ပါတယ်။ခွေးကလေးဟာ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကောင်မလေးဟာ အလွန်လေးလံသည်ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းဖြစ်နေခဲ့သော်လည်း မရရအောင် ကျောပိုးပြီးဆေးခန်းကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အရမ်းချစ်ရတဲ့တိရိစ္ဆာန်လေးအတွက် အနစ်နာခံပြီးပေဆပ်ကြိုးစားနေသည့် ကောင်မလေး၏မေတ္တာတွေဟာ မည်မျှကြီးမားနေမလဲဆိုတာ အတိုင်းသာမြင်နေခဲ့ရပါတယ်။

Dhoon (Cele Daily)

 

Crd