လုံခြုံရေးပိုင်းအားနည်းမှုကြောင့် အာဖဂန်ရာဇဝတ် သားတွေကို လေယာဉ်ပေါ်ခေါ်တင်ခဲ့မိတဲ့ ဂျာမနီ

News

လုံခြုံရေးပိုင်းအားနည်းမှုကြောင့် အာဖဂန်ရာဇဝတ် သားတွေကို လေယာဉ်ပေါ်ခေါ်တင်ခဲ့မိတဲ့ ဂျာမနီ

ကဘူးလ်ကနေ ဂျာမနီကို ကယ်ထုတ်ပေးခဲ့တဲ့ အာဖဂန်တွေမှာ ရာဇဝတ်မှုကျူးလွန်မှုကြောင့် ပြည်နှင်ဒဏ်ပေးခံရဖူးသူ ၄ ဦးအထိ ပါဝင်ခဲ့တယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။စုစုပေါင်း ၇ ဦးဟာ လုံခြုံရေးပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို လှည့်စားကျော်ဖြတ်ကာ လိုက်ပါခဲ့တာဖြစ်ပြီး အန္တရာယ်ကြီးမားတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်တွေ့ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

” ၃ ဦးက စာရွက်စာတမ်းအတုတွေပြုလုပ်ခဲ့ပြီး ၄ ဦးကတော့ အရင်က ရာဇဝတ်မှုကျူးလွန်ခဲ့လို့ ဂျာမနီကနေ အာဖဂန်ကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့သူတွေပါ” လို့ ပြည်ထဲရေးဝန်ကြီး Horst Seehofer က RND သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။ ပြည်နှင်ဒဏ်ပေးခံရဖူးသူ ၄ ဦးကိုတော့ လက်ရှိမှာ ထိန်းသိမ်းထားပြီးဖြစ်တယ်လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။

အာဖဂန်ရဲ့အခြေအနေတွေက ဥရောပမှာရွှေ့ပြောင်းနေထိုင်ဖို့အတွက် အကြောင်းပြချက်မဟုတ်ဘူးလို့ အရင်က ပြောဆိုခဲ့ဖူးတဲ့ Seehofer က လိုအပ်လာရင်ဂျာမနီအနေနဲ့ နယ်စပ်တွေမှာ လုံခြုံရေးတွေကို ပြင်း ပြင်းထန်ထန်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ပတ်သက်ပြီး သဘောထားတင်းမာဟန်ရှိတဲ့ Seehofer က

“ငါ့ နိုင်ငံထဲကို ဝင်ချင်တဲ့သူတိုင်း ဝင်ခွင့်ပြုမှာမဟုတ်ဘူး၊ ဝင်ခွင့်ပေးမယ့်လူတွေဆိုရင်လည်း ဘယ်သူတွေလဲ ငါတို့သိရမယ်” လို့ ထပ်မံပြောဆိုခဲ့ပါတယ်။သြဂုတ်လ ၁၅ ရက်နေ့မှာ တာလီဘန်တွေက ကဘူးလ်ကို ထိန်းသိမ်းခဲ့ပြီးနောက် ဂျာမနီအပါအဝင် အနောက်နိုင်ငံအများအပြားဟာ သူတို့ရဲ့လူမျိုးတွေနဲ့ အကူအညီပေးခဲ့တဲ့ အာဖဂန်အရပ်သားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။

ဂျာမနီကတော့ လူပေါင်း ၅၄၀၀ အထိ ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒီလိုကယ်ထုတ်မှုမှာ အစွန်းရောက်အကြမ်း ဖက်တွေရဲ့ အန္တရာယ်တွေရှိနိုင်တယ်လို့ တာလီဘန်တွေက သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ကဘူးလ်လေ ဆိပ်မှာလည်း အသေခံဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လေယာဉ်တွေပေါ်မှာ IS တွေ လိုက်ပါသွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ စာရွက်စာတမ်းအတုကိုင်ဆောင်ပြီး လိုက် ပါခဲ့သူ ၃ ဦးနဲ့ ပြည်နှင်ဒဏ်ပေးခဲ့သူ ၄ ဦးက ဂျာမနီကို လိုက်ပါနိုင်ခဲ့တာဖြစ်ပြီး အဆိုပါလူတွေသာအကြမ်း ဖက်သမားတွေဖြစ်နေခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာကိစ္စတွေဖြစ်ပေါ်လာနိုင်မှာလည်းဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

လုံျခဳံေရးပိုင္းအားနည္းမႈေၾကာင့္ အာဖဂန္ရာဇဝတ္ သားေတြကို ေလယာဥ္ေပၚေခၚတင္ခဲ့မိတဲ့ ဂ်ာမနီ

ကဘူးလ္ကေန ဂ်ာမနီကို ကယ္ထုတ္ေပးခဲ့တဲ့ အာဖဂန္ေတြမွာ ရာဇဝတ္မႈက်ဴးလြန္မႈေၾကာင့္ ျပည္ႏွင္ဒဏ္ေပးခံရဖူးသူ ၄ ဦးအထိ ပါဝင္ခဲ့တယ္လို႔ ဂ်ာမနီျပည္ထဲေရးဝန္ႀကီးဌာနက ေျပာဆိုလိုက္ပါတယ္။စုစုေပါင္း ၇ ဦးဟာ လုံျခဳံေရးပိုင္းဆိုင္ရာစစ္ေဆးမႈေတြကို လွည့္စားေက်ာ္ျဖတ္ကာ လိုက္ပါခဲ့တာျဖစ္ၿပီး အႏၲရာယ္ႀကီးမားတဲ့အေျခအေနတစ္ခုကို ရင္ဆိုင္ေတြ႕ၾကဳံခဲ့ရတာလည္း ျဖစ္ပါတယ္။

” ၃ ဦးက စာရြက္စာတမ္းအတုေတြျပဳလုပ္ခဲ့ၿပီး ၄ ဦးကေတာ့ အရင္က ရာဇဝတ္မႈက်ဴးလြန္ခဲ့လို႔ ဂ်ာမနီကေန အာဖဂန္ကို ျပည္ႏွင္ဒဏ္ေပးခဲ့တဲ့သူေတြပါ” လို႔ ျပည္ထဲေရးဝန္ႀကီး Horst Seehofer က RND သတင္းေအဂ်င္စီကို ေျပာၾကားခဲ့ပါတယ္။ ျပည္ႏွင္ဒဏ္ေပးခံရဖူးသူ ၄ ဦးကိုေတာ့ လက္ရွိမွာ ထိန္းသိမ္းထားၿပီးျဖစ္တယ္လို႔လည္း သူက ထပ္မံေျပာဆိုခဲ့ပါတယ္။

အာဖဂန္ရဲ့အေျခအေနေတြက ဥေရာပမွာေရႊ႕ေျပာင္းေနထိုင္ဖို႔အတြက္ အေၾကာင္းျပခ်က္မဟုတ္ဘူးလို႔ အရင္က ေျပာဆိုခဲ့ဖူးတဲ့ Seehofer က လိုအပ္လာရင္ဂ်ာမနီအေနနဲ႔ နယ္စပ္ေတြမွာ လုံျခဳံေရးေတြကို ျပင္း ျပင္းထန္ထန္လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။ နယ္စပ္ျဖတ္ေက်ာ္မႈေတြနဲ႔ပတ္သက္ၿပီး သေဘာထားတင္းမာဟန္ရွိတဲ့ Seehofer က

“ငါ့ နိုင္ငံထဲကို ဝင္ခ်င္တဲ့သူတိုင္း ဝင္ခြင့္ျပဳမွာမဟုတ္ဘူး၊ ဝင္ခြင့္ေပးမယ့္လူေတြဆိုရင္လည္း ဘယ္သူေတြလဲ ငါတို႔သိရမယ္” လို႔ ထပ္မံေျပာဆိုခဲ့ပါတယ္။ၾသဂုတ္လ ၁၅ ရက္ေန႔မွာ တာလီဘန္ေတြက ကဘူးလ္ကို ထိန္းသိမ္းခဲ့ၿပီးေနာက္ ဂ်ာမနီအပါအဝင္ အေနာက္နိုင္ငံအမ်ားအျပားဟာ သူတို႔ရဲ့လူမ်ိဳးေတြနဲ႔ အကူအညီေပးခဲ့တဲ့ အာဖဂန္အရပ္သားေတြကို ကယ္ထုတ္ခဲ့ၾကပါတယ္။

ဂ်ာမနီကေတာ့ လူေပါင္း ၅၄၀၀ အထိ ကယ္ထုတ္ေပးခဲ့ပါတယ္။ ဒီလိုကယ္ထုတ္မႈမွာ အစြန္းေရာက္အၾကမ္း ဖက္ေတြရဲ့ အႏၲရာယ္ေတြရွိနိုင္တယ္လို႔ တာလီဘန္ေတြက သတိေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ကဘူးလ္ေလ ဆိပ္မွာလည္း အေသခံဗုံးေဖာက္ခြဲမႈ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေလယာဥ္ေတြေပၚမွာ IS ေတြ လိုက္ပါသြားနိုင္တယ္ဆိုတဲ့ သတိေပးခ်က္ေတြ ထြက္ေပၚခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲ စာရြက္စာတမ္းအတုကိုင္ေဆာင္ၿပီး လိုက္ ပါခဲ့သူ ၃ ဦးနဲ႔ ျပည္ႏွင္ဒဏ္ေပးခဲ့သူ ၄ ဦးက ဂ်ာမနီကို လိုက္ပါနိုင္ခဲ့တာျဖစ္ၿပီး အဆိုပါလူေတြသာအၾကမ္း ဖက္သမားေတြျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ မေတြးဝံ့စရာကိစၥေတြျဖစ္ေပၚလာနိုင္မွာလည္းျဖစ္ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။