လုံခြုံရေးတင်းကြပ်တယ်လို့ နာမည်ကျော်တဲ့ အစ္စရေးအကျဉ်းထောင်ကနေ ပါလက်စတိုင်း ၆ ဦးလွတ်သွားတဲ့အစ္စရေးကထောင်ဖောက်မှု
လုံခြုံရေးတင်းကြပ်တယ်လို့ နာမည်ကျော်တဲ့ အစ္စရေးအကျဉ်းထောင်ကနေ ပါလက်စတိုင်း ၆ ဦး လှိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက်

အစ္စရေးနိုင်ငံက အတင်းကြပ်ဆုံးနဲ့ အလုံခြုံဆုံးလို့ နာမည်ကျော်ကြားတဲ့ Gilba အကျဉ်းထောင်ကနေ ပါလက်စတိုင်းအကျဉ်းသား ၆ ဦးဟာ ဥမင်လှိုဏ်ခေါင်းကတဆင့် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ အကျဉ်းထောင်အောက်ကြမ်းပြင်ကနေ တူးခဲ့ကြပြီးနောက် ထွက်ပြေးလတ်မြောက်ခဲ့ပြီး အစ္စရေးတာဝန်ရှိသူတွေအတွက်တော့ ထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။

လယ်ကွင်းတွေတလျှောက်ထွက်ပြေးနေတဲ့ အကျဉ်း သားတွေကို မြင်တွေ့ခဲ့ရတဲ့ လယ်သမားတွေက အာဏာ ပိုင်တွေကို သတိပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ လွတ် မြောက်သွားသူတွေထဲမှာတော့ စစ်သွေးကြွအဖွဲ့ Al-Aqsa အာဇာနည်တပ်ဖွဲ့ခေါင်းဆောင်ဟောင်းနဲ့ ဂျီဟတ်အဖွဲ့ဝင် ငါးဦးပါဝင်ခဲ့ပါတယ်။
အကျဉ်းထောင်အရာရှိတစ်ဦးက အကျဉ်းသားတွေလွတ်မြောက်ခဲ့တာဟာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးပျက်ကွက်မှုဖြစ်ခဲ့တာလို့ ပြောဆိုခဲ့ပြီး ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကတော့ အကျဉ်းသားတွေကို သူရဲကောင်းတွေလို့ ချီးကျူးခဲ့ပါတယ်။

အစ္စရေးမြောက်ပိုင်းမှာတည်ရှိတဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့နောက် လူစိမ်းတွေကို တွေ့ရှိခဲ့ကြောင်း ဒေသခံလယ်သမားတွေက သတိပေးခဲ့အပြီးမှာ ထောင်အတွင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ဒီနောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာတော့ အကျဉ်းသား ၆ ဦးပျောက် ဆုံးနေတာကို တွေ့ရှိခဲ့ရပြီး အရေးပါတဲ့လူတွေပါဝင်ခဲ့ကာ အကျဉ်းထောင်တာဝန်ရှိသူတွေအတွက် သွေးပျက်စရာဖြစ်ခဲ့ပါတယ်။
ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ရေချိုးခန်းကြမ်းပြင်အပေါက်ကို အတူတကွဖောက်ခဲ့ကြပြီး အတူတူထွက်ပြေးခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ The Jerusalem Post ကတော့ သူတို့ဟာ အကျဉ်းခန်းနံရံအနောက်မှာ သံဇွန်းတစ်ချောင်းကိုဖွက်ထားခဲ့ပြီး အဆိုပါဇွန်းကိုအသုံးပြုကာ ဥမင်တူးခဲ့တယ်လို့ ဖော်ပြခဲ့ကြောင်း BBC က ဆိုပါတယ်။

သူတို့တူးဖော်ခဲ့တဲ့လမ်းကြောင်းဟာ အကျဉ်းထောင်အောက်မှာရှိတဲ့ အပေါက်နေရာတစ်ခုဆီ ဦးတည်ခဲ့ပြီး အစ္စရေးတပ်မှုးတစ်ဦးကတော့ အကျဉ်းထောင်ဖွဲ့စည်းပုံမှာ ချို့ယွင်းချက်ရှိနေခဲ့တာကို အသုံးချသွားခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။ Shin Bet လုံခြုံရေးဝန်ဆောင်မှုကတော့ အကျဉ်းသားတွေဟာ မှောင်ခိုသွင်းယူခဲ့တဲ့ လက်ကိုင်ဖုန်းကိုအသုံးပြုကာ အပြင်ကလူတွေနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ကားနဲ့ခေါ်ဆောင်သွားခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျီဟတ် ၅ ဦးမှာတော့ ၄ဦးက ထောင်ဒဏ် တစ်သ က်တစ်ကျွန်းချမှတ်ခံထားရသူတွေဖြစ်ပြီး အစ္စရေးလူမျိုးတွေကို သ တ်ဖြ တ်ဖို့စီစဉ်ခြင်း ဒါမှမဟုတ် တိုက်ခိုက်ဖို့ကြံစည်မှုနဲ့ အပစ်ပေးခံရပြိး နောက်တစ်ဦးကိုတော့ အုပ်ချုပ်ရေးဆိုင်ရာအမိန့်နဲ့ ၂နှစ်ကြာစွဲချက်မတင်ဘဲ အကျဉ်းချထားတာဖြစ်တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
လုံျခဳံေရးတင္းၾကပ္တယ္လို႔ နာမည္ေက်ာ္တဲ့ အစၥေရးအက်ဥ္းေထာင္ကေန ပါလက္စတိုင္း ၆ ဦးလြတ္သြားတဲ့အစၥေရးကေထာင္ေဖာက္မႈ
လုံျခဳံေရးတင္းၾကပ္တယ္လို႔ နာမည္ေက်ာ္တဲ့ အစၥေရးအက်ဥ္းေထာင္ကေန ပါလက္စတိုင္း ၆ ဦး လွိုဏ္ေခါင္းတူးၿပီး ထြက္ေျပးလြတ္ေျမာက္
အစၥေရးနိုင္ငံက အတင္းၾကပ္ဆုံးနဲ႔ အလုံျခဳံဆုံးလို႔ နာမည္ေက်ာ္ၾကားတဲ့ Gilba အက်ဥ္းေထာင္ကေန ပါလက္စတိုင္းအက်ဥ္းသား ၆ ဦးဟာ ဥမင္လွိုဏ္ေခါင္းကတဆင့္ ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ဟာ အက်ဥ္းေထာင္ေအာက္ၾကမ္းျပင္ကေန တူးခဲ့ၾကၿပီးေနာက္ ထြက္ေျပးလတ္ေျမာက္ခဲ့ၿပီး အစၥေရးတာဝန္ရွိသူေတြအတြက္ေတာ့ ထိတ္လန႔္စရာျဖစ္ခဲ့ရပါတယ္။
လယ္ကြင္းေတြတေလၽွာက္ထြက္ေျပးေနတဲ့ အက်ဥ္း သားေတြကို ျမင္ေတြ႕ခဲ့ရတဲ့ လယ္သမားေတြက အာဏာ ပိုင္ေတြကို သတိေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။ လြတ္ ေျမာက္သြားသူေတြထဲမွာေတာ့ စစ္ေသြးႂကြအဖြဲ႕ Al-Aqsa အာဇာနည္တပ္ဖြဲ႕ေခါင္းေဆာင္ေဟာင္းနဲ႔ ဂ်ီဟတ္အဖြဲ႕ဝင္ ငါးဦးပါဝင္ခဲ့ပါတယ္။
အက်ဥ္းေထာင္အရာရွိတစ္ဦးက အက်ဥ္းသားေတြလြတ္ေျမာက္ခဲ့တာဟာ လုံျခဳံေရးနဲ႔ ေထာက္လွမ္းေရးပ်က္ကြက္မႈျဖစ္ခဲ့တာလို႔ ေျပာဆိုခဲ့ၿပီး ပါလက္စတိုင္းစစ္ေသြးႂကြအုပ္စုကေတာ့ အက်ဥ္းသားေတြကို သူရဲေကာင္းေတြလို႔ ခ်ီးက်ဴးခဲ့ပါတယ္။
အစၥေရးေျမာက္ပိုင္းမွာတည္ရွိတဲ့ အက်ဥ္းေထာင္ကေန ထြက္ေျပးခဲ့တဲ့ေနာက္ လူစိမ္းေတြကို ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံလယ္သမားေတြက သတိေပးခဲ့အၿပီးမွာ ေထာင္အတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့ပါတယ္။ဒီေနာက္ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ရာမွာေတာ့ အက်ဥ္းသား ၆ ဦးေပ်ာက္ ဆုံးေနတာကို ေတြ႕ရွိခဲ့ရၿပီး အေရးပါတဲ့လူေတြပါဝင္ခဲ့ကာ အက်ဥ္းေထာင္တာဝန္ရွိသူေတြအတြက္ ေသြးပ်က္စရာျဖစ္ခဲ့ပါတယ္။
ပါလက္စတိုင္းေတြဟာ သူတို႔ရဲ့ေရခ်ိဳးခန္းၾကမ္းျပင္အေပါက္ကို အတူတကြေဖာက္ခဲ့ၾကၿပီး အတူတူထြက္ေျပးခဲ့တယ္လို႔လည္း ယုံၾကည္ရပါတယ္။ The Jerusalem Post ကေတာ့ သူတို႔ဟာ အက်ဥ္းခန္းနံရံအေနာက္မွာ သံဇြန္းတစ္ေခ်ာင္းကိုဖြက္ထားခဲ့ၿပီး အဆိုပါဇြန္းကိုအသုံးျပဳကာ ဥမင္တူးခဲ့တယ္လို႔ ေဖာ္ျပခဲ့ေၾကာင္း BBC က ဆိုပါတယ္။
သူတို႔တူးေဖာ္ခဲ့တဲ့လမ္းေၾကာင္းဟာ အက်ဥ္းေထာင္ေအာက္မွာရွိတဲ့ အေပါက္ေနရာတစ္ခုဆီ ဦးတည္ခဲ့ၿပီး အစၥေရးတပ္မႈးတစ္ဦးကေတာ့ အက်ဥ္းေထာင္ဖြဲ႕စည္းပုံမွာ ခ်ိဳ႕ယြင္းခ်က္ရွိေနခဲ့တာကို အသုံးခ်သြားခဲ့တယ္လို႔ မွတ္ခ်က္ျပဳပါတယ္။ Shin Bet လုံျခဳံေရးဝန္ေဆာင္မႈကေတာ့ အက်ဥ္းသားေတြဟာ ေမွာင္ခိုသြင္းယူခဲ့တဲ့ လက္ကိုင္ဖုန္းကိုအသုံးျပဳကာ အျပင္ကလူေတြနဲ႔ အဆက္အသြယ္ျပဳလုပ္ခဲ့ၿပီး ၎တို႔ကို ကားနဲ႔ေခၚေဆာင္သြားခဲ့တယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဂ်ီဟတ္ ၅ ဦးမွာေတာ့ ၄ဦးက ေထာင္ဒဏ္ တစ္သ က္တစ္ကၽြန္းခ်မွတ္ခံထားရသူေတြျဖစ္ၿပီး အစၥေရးလူမ်ိဳးေတြကို သ တ္ၿဖ တ္ဖို႔စီစဥ္ျခင္း ဒါမွမဟုတ္ တိုက္ခိုက္ဖို႔ႀကံစည္မႈနဲ႔ အပစ္ေပးခံရၿပိး ေနာက္တစ္ဦးကိုေတာ့ အုပ္ခ်ဳပ္ေရးဆိုင္ရာအမိန႔္နဲ႔ ၂ႏွစ္ၾကာစြဲခ်က္မတင္ဘဲ အက်ဥ္းခ်ထားတာျဖစ္တယ္လို႔ အစၥေရးမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။