TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လုယက်သည်ဆိုသော်လည်း မြေမြုပ်ထားခြင်းမရှိသော ပင်လယ်ဓားပြများရဲ့ရတနာများ

ပင်လယ်ဓားပြတွေပိုင်ဆိုင်တဲ့ ရတနာတွေ စိန်တွေကို လူတော်တော်များများကအလွန်ဝေးလံတဲ့ ကျွန်းတွေပေါ်မှာမြှုပ်နှံထားကြမယ်လို့ ယုံကြည်ကြပါတယ်။ ဒီနေရာတွေက ထူးဆန်းပြီး ဟောင်းနွမ်းနေတဲ့ မြေပုံအဟောင်းဖြင့်သာရှာနိုင်မှာပါ။

ပရိသတ်ကြီးဟာ မြေပုံပေါ်မှာ ကြက်ခြေခတ်ထားတဲ့နေရာကို ပေါက်တူးယူပြီး မရှာခင်မှာ သိရမှာကပင်လယ်ဓားပြအများစုဟာ သူတို့ရဲ့ရတနာကို ဘယ်သောအခါမှ မမြှုပ်နှံကြပါဘူး။ တကယ်တမ်းမှာတော့ပင်လယ်ထဲမှာ ဓားပြတိုက်သမျှ အရာတွေအားလုံးဟာ ချက်ချင်းရောင်းဝယ်လို့ရတဲ့အရာတွေပဲဖြစ်ပါတယ်။

ပင်လယ်ဓားပြတွေက အတ္တလန်တိတ် သမုဒ္ဒရာတွေမှာ ဖြတ်သွားတဲ့ ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထားကြကာ။ သစ်တွေ၊ တိရစ္ဆာန်သားရေတွေ၊နှင့် ပိတ်စတွေကို သူတို့ သင်္ဘောပေါ်မှာပဲ အသုံးပြုကြပါတယ်။

အခြားသော လုယက်လို့ရတဲ့ အစားအစာတွေ၊ လက်နက်တွေ သောက်စရာတွေကိုတော့ သူတို့ဟာ ရိုးရိုးတမ်းတမ်းပဲ စားသောက်ကြပြီး အပန်းဖြေတဲ့နေရာမှာ သုံးကြပါတယ်။ ဒါကြောင့် ရတနာ သေတ္တာထဲမှာ ထည့်ပြီးမြှုပ်ရလောက်အောင်မရှိကြပါဘူး။

ကပ်ပတိန် ဝီလျံကစ်ကတော့ သူ့ရဲ့ ရတနာတွေကို နယူးယောက်မှာ မြှုပ်ထားတယ်လို့မှတ်တမ်းရှိပါတယ်။ ဒါပေမယ့်လည်း ဒီရတနာတွေကို ပြည်နယ်တာဝန်ရှိသူတွေက ပင်လယ်ဓားပြခေါင်းဆောင်ရဲ့ခိုးဝတ်လက်စားတွေအဖြစ် အင်္ဂလန်ကို ပြန်ပို့ပေးခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext