လုပ်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ အိန္ဒိယ မလိုင်လုံးအညို ပြုလုပ်နည်း

လုပ်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ အိန္ဒိယ မလိုင်လုံးအညို ပြုလုပ်နည်း

လုပ်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ အိန္ဒိယ မလိုင်လုံးအညို ပြုလုပ်နည်း..

အိန္ဒိယမုန့်အချိုတွေထဲ မလိုင်မုန့်အညိုကိုတော့ လူကြိုက်များပါတယ်.. အရင်ကတော့ မာဝါလို့ခေါ်တဲ့ မလိုင်တုံးနဲ့ လုပ်ကြပေမယ့် ခုအရမ်းလွယ်ကူတဲ့နည်းလမ်းကိုသုံးပြီး နို့မှုန့်ကို အသုံးပြုထားပါတယ်.. လုပ်ကြည့်တော့လဲလွယ်ကူပြီးအရသာကောင်းပါတယ်ရှင်..

ပေါင်းအိုး ဆန်ချိန်ခွက်ကို သုံးထားပါတယ်ရှင်.. ဂျုံမှုန့်ကို ပေါင်းအိုးဆန်ချိန်ခွက်နဲ့ ၃ ပုံ ၂ ပုံ ထည့်ပါတယ်.. နို့မှုန့်ကို ပေါင်းအိုးဆန်ချိန်ခွက်နဲ့ တစ်ခွက်ထည့်ပါတယ်..

ဘေကင်ပေါင်ဒါကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းသုံးထားပါတယ်.. အဲ့ဒီ ၃ မျိုးကို ဇကာချပြီး ထည့်ပါမယ်..

ကြက်ဥတစ်လုံး၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆီ ထမင်းစားဇွန်း ၃ ဇွန်း၊ ရေ ထမင်းစားဇွန်း ၂ ဇွန်း ကို ရောပြီး သမအောင် မွှေပါမယ်..

ပြီးရင် ဂျုံထဲထည့် နှံ့အောင် ဇွန်နဲ့ အသာယာမွှေပြီး ၅ မိနစ်လောကက်အနားပေးပါမယ်.. အဲဒါဆိုရင် နှံ့စပ်အောင်မွှေထားတဲ့ မုန့်သားရပါပြီ..

သကြား ပေါင်းအိုးဆန်ချိန်ခွက် တစ်ခွက်ခွဲနဲ့ ရေ ပေါင်းအိုးဆန်ချိန်ခွက် ၃ ခွက်ကို ထည့်ကျိုထားပါ.. ဖာလာစေ့တစ်စေ့ကို ထည့်ပြုတ်ပါမယ်.. ဂိးထောပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြုတ်ပါ.. ဆူလာရင်မီးဖိုပေါ်ကချထားပါ..

လက်ဖဝါးမှာ ဆီအနည်းငယ်သုတ်လိမ်းပြီး မုန့်သားအနည်းငယ် ထည့်လုံးပါ.. မုန့်လုံးရေပေါ်တစ်လုံးစာလောက်ပါ.. ဆီနဲ့တွေ့ရင် တဆလောက်ထပ်ကြီးဦးမှာပါ.. ဆီကိုပိုသုံးပြီး ကြော်ပါမယ်.. အရေးကြီးတာက မီးကို လုံးဝလျှော့ပြီးမီးအေးအေးနဲ့ ကြော်ရမှာပါ..

မီးအေးအေးထဲ မုန့်လုံးလေးတွေ ထည့်ကြော်ပါ.. မုန့်သားကို ရွှေညိုရောင်လေး ဖြစ်လာသည်အထိကြော်ပါ.. မီးအားကို ၁၀၀ အနည်းဆုံးနဲ့ ကြော်တာပါ.. ဒါမှအထဲက မုန့်သားအကုန်ကျက်ပါတယ်.. မဟုတ်ရင် အထဲမှာ ဂျုံသားကျန်တတ်ပါတယ်..

ကျက်သွားတဲ့မုန့်လုံးလေးတွေကို ကျိုထားတဲ့သကြားရည်ထဲ စိမ်ထားပါ.. အီတဲ့အနံ့ကို မကြိုက်ရင် ဖာလာစေ့မထည့်ပဲ သကြားရည်ထဲ သံပုရာသီး တစ်စိပ်ညှစ်ထည့် ကျိုပါရှင်..

အဆင်ပြေ စားကောင်းကြပါစေရှင်.. (ပန်းခရေ)



Post Views:
1

Crd