သမ္မတထရမ့်နှုတ်ဆက်မိန့်ခွန်းထုတ်ပြန်လုပ်စရာရှိတာထက်ပိုလုပ်ခဲ့သည်ဟုဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရာထူးမှမထွက်ခွာမီ နှုတ်ဆက်မိန့်ခွန်းတစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အစိုးရသည် ပြုဖွယ်ရှိသည်များကို ပိုမိုလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကြိုတင်ရိုက်ကူးထားသည့် မိနစ် ၂၀ စာ နှုတ်ဆက်မိန့်ခွန်းသည် YouTube ပေါ်တွင် ပေါ်ထွက်လာခဲ့ပြီး
ထရမ့်က မိမိသည် ပြင်းထန်သည့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့လုပ်ရန် မိမိအရွေးချယ်ခံခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထရမ့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒင်ကို အရေးနိမ့်ခဲ့ကြောင်း အပြည့်အဝလက်ခံမှု မရှိသေးပေ။ ဘိုင်ဒင်ကား ယနေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မည်ဖြစ်သည်။

နိုင်ငံရေးအကြမ်းဖက်မှုများသည် အမေရိကန်များမြတ်နိုးသည့် အရာအားလုံးကို တိုက်ခိုက်ခြင်းဖြစ်၍ မည်သည့်အခါမျှ သည်းမခံနိုင်ဟု ထရမ့်ကပြောသည်။ လွန်ခဲ့သည့်နှစ်ပတ်က ကောက်တင်မြှောက်မှုရလဒ်ကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှုများအတွင်း ဘိုင်ဒင်အနိုင်ရမှုကို အတည်ပြုအခမ်းအနားကျင်းပနေသည့် လွှတ်တော်အဆောက်အအုံကို ထရမ့်လိုလားသူများက သွေးထွက်သံယို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့သည်။
ထို့အတွက် ထရမ့်သည် ပုန်ကန်ရန်လှုံ့ဆော်မှုဖြင့် စွပ်စွဲပြစ်တင်ခံထားရပြီး သမ္မတရာထူးမှထွက်ခွာပြီးနောက် ဆီးနိတ်လွှတ်တော်တွင် အမှုရင်ဆိုင်ရဦးမည်ဖြစ်သည်။ အပြစ်ရှိကြောင်း စီရင်ခံရပါက ၎င်းသည် နောက်တစ်ကြိမ် သမ္မတရွေးချယ်ခံခွင့် ရတော့မည်မဟုတ်ပေ။
ထရမ့်သည် အမေရိကန်သမိုင်းတွင် လွှတ်တော်၏ နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာသည်။ ပထမအကြိမ်စွပ်စွဲပြစ်တင်မှုမှာ ဘိုင်ဒင်အား အသရေဖျက်ရန် ယူကရိန်းအစိုးရအား အကျပ်ကိုင်သည့် အာဏာအလွဲသုံးမှုကြောင့်ဖြစ်ပြီး ရီပတ်ဘလီကန်လွှမ်းမိုးသည့် ဆီးနိတ်လွှတ်တော်က တရားသေလွှတ်ပေးခဲ့သည်။
အမေရိကန်တွင် ထိန်းချုပ်မရခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုက်ခဲ့ပြီး နိုင်ငံရေးရည်ရွယ်သည် အကြမ်းဖက်မှုများလည်း အရိပ်ထိုးခဲ့ကာ ရောဂါကူးစက်သူ ၂၄ သန်းကျော်အနက် ၄၀၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

မိမိအစိုးရသည် ကမ္ဘာ့သမိုင်းတွင် အကြီးကျယ်ဆုံးစီးပွားရေးကို တည်ဆောက်ခဲ့ကြောင်း ထရမ့်က ပြောသည်။ ကပ်ဘေးသင့်နေသည့် အမေရိကန်စတော့ဈေးကွက်သည် ပြန်ခုန်တက်လာပြီး နည်းပညာလုပ်ငန်းကြီးများအညွန်းကိန်း Nasdaq သည် ၂၀၂၀ တွင် ၄၂ ရာခိုင်နှုန်း၊ S&P 500 သည် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ကျန်စီးပွားရေးနယ်ပယ်ကား အခက်အခဲများ ပိုမိုရင်ဆိုင်နေရပြီ ဒီဇင်ဘာတွင် အလုပ်အကိုင်များစွာ လျော့ကျခဲ့သည်။ လက်လီအရောင်းများလည်း လျော့ကျနေသည်။
ဘိုင်ဒင်၏ပြင်ဆင်မှု
ဆီးနိတ်အမတ်အဖြစ် ၃၆ နှစ်တာ၊ အိုဘားမား၏ ဒုသမ္မတအဖြစ် ၈ နှစ်တာ ထမ်းဆောင်ခဲ့သည့် မစ္စတာဘိုင်ဒင်နှင့်ဇနီး ဂျီးလ်ဘိုင်ဒင်တို့သည် ဇာတိ Delaware ပြည်နယ်မှ ဝါရှင်တန်သို့ ထွက်ခွာလာကာ သမ္မတကျိန်းကျိန်ပွဲအတွက် ပြင်ဆင်နေပြီ ဖြစ်သည်။ ဇာတိမှ ထွက်ခွာလာစဉ် ကျွန်တော်ကွယ်လွန်တဲ့အခါ Delaware ကို ကျွန်တော့်နှလုံးသားထဲ ရေးထိုးသွားမှာပါဟု မစ္စတာဘိုင်ဒင်က ပြောဆိုခဲ့သည်။

ဇန်နဝါရီ ၂၀ ရက် ဝါရှင်တန်စံတော်ချိန် နေ့လည် ၁၂ နာရီ (17:00 GMT) (မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ)တွင် ဘိုင်ဒင်နှင့် ကမာလာဟားရစ္စတို့ သမ္မတနှင့် ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပမည် ဖြစ်သည်။
လွှတ်တော်အကြမ်းဖက်ခံခဲ့ရမှုကြောင်း ယခုသမ္မတကျမ်းကျိန်ပွဲကို ယခင်သမ္မတကျိန်းကျိန်ပွဲများနှင့် ခြားနားစွာ ကျင်းပမည်ဖြစ်သည်။ ဝါရှင်တန်တွင် လုံခြုံရေးထူထပ်စွာချထားပြီး အိမ်ဖြူတော်တဝိုက်တွင် အမျိုးသားအစောင့်တပ်မှ အရန်တပ်သား ထောင်ချီ စောင့်ကြပ်နေကြသည်။
ကျမ်းကျိန်ပွဲကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုရန် National Mall အတွင်း ပရိသတ်ဝင်ရောက်ခွင့် ကန့်သတ်ထားသည်။ ထရမ့်သည် ကျမ်းကျိန်ပွဲမတိုင်ခင် မနက်ခင်းမှာပင် ဖလော်ရီဒါသို့ လေကြောင်းဖြင့်ထွက်ခွာမည်ဟု ပြောဆိုနေကြရာ ယင်းသို့ အမှန်တကယ်ဖြစ်လာပါက ၁၈၆၉ သမ္မတအင်ဒရူးဂျွန်ဆင် နောက်ပိုင်း မိမိအားအနိုင်ရသည့် သမ္မတသစ်၏ ရာထူးလက်ခံ ကျမ်းကျိန်ပွဲ မတက်ရောက်သည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာမည် ဖြစ်သည်။
Ref; BBC
Min Myat San မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi