

လိုက်ပါစီးနင်းလိုသူ အထူး များပြားနေသည့် ထိုင်း ‘ရေပေါ် မီးရထား’ခရီးစဉ်…

ထိုင်းနိုင်ငံ လော့ဘူရီ ပြည်နယ် ပါဆက်ခ် ဂျိုလာဆစ်ဒ် ဆည်ပေါ်တွင် ဖြတ်သန်း တည်ဆောက်ထားသည့် ရထားသံလမ်းတစ်ခုပေါ် ခုတ်မောင်းပြေးဆွဲသည့် ‘အထူးရထားခရီးစဉ်’ တစ်ခုကို လိုက်ပါစီးနင်းချင်သူ များပြားနေပြီး ယခုအခါ လက်မှတ်များလည်း အမြန်ရောင်းကုန်ထားခဲ့သည်။

ယခုအချိန်တွင် မုတ်သုံရာသီအလွန် ဆည်ရေလယ်ဗယ် မြင့်တက်နေပြီး ရေက ရထားသံလမ်းအောက်ဘက်နားအထိ ရောက်နေသဖြင့် ရေပေါ်သွား မီးရထားခရီးစဉ်တစ်ခုသဖွယ် ဖြစ်နေသည့်အတွက်ကြောင့် လိုက်ပါစီးနင်းလိုသူ အထူး များပြားနေခြင်း ဖြစ်သည်။

အဆိုပါ မီးရထားလမ်းကြောင်းက မြို့တော် ဘန်ကောက်မှ စပြီး လော့ဘူရီ ပြည်နယ် ပါဆက်ခ် ဂျိုလာဆစ်ဒ် ဆည်ပေါ် ဖြတ်သန်းသွားခြင်း ဖြစ်ပြီး ရေလယ်ဗယ်အထက် အပေါ်နားရှိ သံလမ်းတစ်ခုပေါ် ခြောက်နာရီကြာ ပြေးဆွဲခုတ်မောင်းသည်။

ယခုနှစ်တွင် ရေလယ်ဗယ်က မကြုံစဖူး တက်နေခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။အဆိုပါ မီးရထားသည် နိုဝင်ဘာနှင့် ဖေဖေါ်ဝါရီလအကြား သီတင်းပတ်ကုန်ရက်များတွင်သာ ပြေးဆွဲခြင်း ဖြစ်ပြီး ယခုအခါ နှစ်သစ်ကူးအထိ လက်မှတ်များ ရောင်းကုန်ထားပြီး ဖြစ်သည်။

“အရင်က ဒါမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး” ဟု နိုဝင်ဘာ ၆ ရက်က အဆိုပါ ရထားလမ်းကြောင်းခရီးစဉ်တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသွား ၆၀၀ အနက် တစ်ဦးအပါအဝင်ဖြစ်သော ဘွန်ယန်နွတ် ပါဟူယက်က ပြောသည်။

Crd..(ကိုလူအေး ဘာသာပြန်သည်)

Unicode








Crd