မရောက်ဖူးတဲ့နေရာလေးမှာအမှတ်တရဓာတ်ပုံရိုက်ချင်ကြတာပဲဖြစ်ဖြစ်၊ကိုယ့်ရဲ့ဓာတ်ပုံတပုံကြောင့်၊ပတ်ဝန်းကျင်ရုပ်ဆိုးအကျဥ်းတန်သွားမဲ့ဖြစ်ရပ်ကိုတော့မလုပ်သင့်ဘူးလို့မြင်မိပါတယ်။

ယခုတစ်ခေါက်မှာလဲတရုတ်နိုင်ငံ၊ဘေကျင်းမြစ်ကမ်းဘေးနားကဆယ်ဧကရှိတဲ့ပန်းခြံဝန်းကြီးထဲက၊လှပပီးရှားပါးတဲ့အပန်းရောင်မြက်ခင်းကြီးကို၊လာရောက်လည်ပတ်သူတချို့ကဓာတ်ပုံဝင်ရိုက်ကြရင်း၊ပန်းရောင်မြက်ခင်းကြီးဟာပွင့်စနှစ်ပတ်အတွင်းမှာပဲပျက်စီးသွားခဲ့ရပါတယ်။

၎င်းပန်းရောင်မြက်ခင်းကြီးဟာ၊တစ်နှစ်မှာမှဆောင်းဦးချိန်နှစ်လထဲပွင့်တဲ့ပန်းခင်းကြီးပါ။သို့ပေမဲ့စည်းကမ်းမရှိတဲ့လည်ပတ်သူတွေဟာပန်းခင်းထဲဓာတ်ပုံဝင်ရိုက်ကြပီး၊ရုပ်ဆိုးအကျဥ်းတန်စေခဲ့တဲ့လုပ်ရပ်တွေကြောင့်နှစ်ပတ်အတွင်းပျက်စီးသွားခဲ့ရပါတယ်။ပန်းခြံကြီးထဲက’ပန်းခင်းထဲမဝင်ရ’ဆိုတဲ့သတိပေးစာကိုတောင်ဂရုမစိုက်ပဲ၊ပန်းခင်းထဲနင်းချေဝင်ရောက်ပီးဝင်ထိုင်တဲ့သူကထိုင်နဲ့၊ထိုကဲ့သို့အပြုမူတွေကြောင့်ပန်းခင်းကြီးမှာဘယ်လိုမှ၊ထောင်ထောင်လွှားလွှားလှလှပပမရှိခဲ့တော့ပါဘူး။

ဆယ်ဧကကျယ်ဝန်းတဲ့ထိုပန်းရောင်မြက်ခင်းကြီးဟာ၊စည်းကမ်းမရှိတဲ့သူတွေရဲ့လုပ်ရပ်ကြောင့်နှစ်လရှင်သန်ရမဲ့ဟာကို၊နှစ်ပတ်အတွင်းသာရှင်သန်ခဲ့လိုက်ရပါတယ်။ထိုသတင်းကိုတွေ့ခဲ့ကြတဲ့netizenများကတော့၊ထိုလုပ်ရပ်ကိုအ ပြင်းအထန်ရှုတ်ချခဲ့ကြပီ၊းဓာတ်ပုံကောင်းတစ်ပုံရဖို့ပတ်ဝန်းကျင်ကိုတော့မဖျက်စီးသင့်ပါဘူး၊ဆိုတဲ့မှတ်ချက်အများအပြားကိုရေးသားခဲ့ကြပါတယ်။

Bam Bam (Gabar News)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

မရောက်ဖူးတဲ့နေရာလေးမှာအမှတ်တရဓာတ်ပုံရိုက်ချင်ကြတာပဲဖြစ်ဖြစ်၊ကိုယ့်ရဲ့ဓာတ်ပုံတပုံကြောင့်၊ပတ်ဝန်းကျင်ရုပ်ဆိုးအကျဉ်းတန်သွားမဲ့ဖြစ်ရပ်ကိုတော့မလုပ်သင့်ဘူးလို့မြင်မိပါတယ်။ယခုတစ်ခေါက်မှာလဲတရုတ်နိုင်ငံ၊ဘေကျင်းမြစ်ကမ်းဘေးနားကဆယ်ဧကရှိတဲ့ပန်းခြံဝန်းကြီးထဲက၊လှပပီးရှားပါးတဲ့အပန်းရောင်မြက်ခင်းကြီးကို၊လာရောက်လည်ပတ်သူတချို့ကဓာတ်ပုံဝင်ရိုက်ကြရင်း၊ပန်းရောင်မြက်ခင်းကြီးဟာပွင့်စနှစ်ပတ်အတွင်းမှာပဲပျက်စီးသွားခဲ့ရပါတယ်။

၎င်းပန်းရောင်မြက်ခင်းကြီးဟာ၊တစ်နှစ်မှာမှဆောင်းဦးချိန်နှစ်လထဲပွင့်တဲ့ပန်းခင်းကြီးပါ။သို့ပေမဲ့စည်းကမ်းမရှိတဲ့လည်ပတ်သူတွေဟာပန်းခင်းထဲဓာတ်ပုံဝင်ရိုက်ကြပီး၊ရုပ်ဆိုးအကျဉ်းတန်စေခဲ့တဲ့လုပ်ရပ်တွေကြောင့်နှစ်ပတ်အတွင်းပျက်စီးသွားခဲ့ရပါတယ်။ပန်းခြံကြီးထဲက’ပန်းခင်းထဲမဝင်ရ’ဆိုတဲ့သတိပေးစာကိုတောင်ဂရုမစိုက်ပဲ၊ပန်းခင်းထဲနင်းချေဝင်ရောက်ပီးဝင်ထိုင်တဲ့သူကထိုင်နဲ့၊ထိုကဲ့သို့အပြုမူတွေကြောင့်ပန်းခင်းကြီးမှာဘယ်လိုမှ၊ထောင်ထောင်လွှားလွှားလှလှပပမရှိခဲ့တော့ပါဘူး။

ဆယ်ဧကကျယ်ဝန်းတဲ့ထိုပန်းရောင်မြက်ခင်းကြီးဟာ၊စည်းကမ်းမရှိတဲ့သူတွေရဲ့လုပ်ရပ်ကြောင့်နှစ်လရှင်သန်ရမဲ့ဟာကို၊နှစ်ပတ်အတွင်းသာရှင်သန်ခဲ့လိုက်ရပါတယ်။ထိုသတင်းကိုတွေ့ခဲ့ကြတဲ့netizenများကတော့၊ထိုလုပ်ရပ်ကိုအ ပြင်းအထန်ရှုတ်ချခဲ့ကြပီ၊းဓာတ်ပုံကောင်းတစ်ပုံရဖို့ပတ်ဝန်းကျင်ကိုတော့မဖျက်စီးသင့်ပါဘူး၊ဆိုတဲ့မှတ်ချက်အများအပြားကိုရေးသားခဲ့ကြပါတယ်။

Bam Bam (Gabar News)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။