■လမ်းရယ်လို့သေသေချာချာမရှိဘဲ လှေဖြင့်သာသွားကြရသည့် မြောက်ပိုင်းရဲ့ဗီးနစ်မြို့

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လမ်းရယ်လို့သေသေချာချာမရှိဘဲ လှေဖြင့်သာသွားကြရသည့် မြောက်ပိုင်းရဲ့ဗီးနစ်မြို့

နယ်သာလန်နိုင်ငံဟာ သူတို့ရဲ့ သဘာဝမြေပြင်တောတောင်တွေ၊ လေရဟတ်တွေ၊ ချိစ့်စျေးကွက်နှင့် သူ့ရဲ့လှပတဲ့ လှိုဏ်ဂူ တွေကို ဆက်သွယ်ထားတဲ့ကွန်ရက်တွေကြောင့် ကမ္ဘာမှာ နာမည်ကျော်ကြားပါတယ်။

ဂီထရွန်း မြို့ဟာ ဒက်ခ်ျနိုင်ငံ စီရင်စုမှာရှိပြီး မြောက်ပိုင်းရဲ့ ဗီးနစ်မြို့လို့တောင် တင်စားခေါ်ဝေါ်ကြပြီး
ဂီထရွန်း ရွာလေးက မြောင်းများနှင့်တံတားများဖြင့် ပြည့်နှက်နေပြီး လမ်းရယ်လို့ သေသေချာချာ မရှိပါဘူး။
လှေဖြင့်သွားလို့ရတဲ့ ရေလမ်းရယ် ရွာထဲမှာ လမ်းလျှောက်သွားလို့ရတဲ့ လမ်းပဲ ရှိပါတယ်။

ဒီရွာလေးဟာ ဖရန်စစ်စကန် ဘုန်းတော်ကြီးတွေကနေ သဘာဝအရင်းအမြစ် အသုံးပြုလို့ရအောင် ၁၃ ရာစု ဝန်းကျင်ခဲ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဂီထရွန်းရွာမှာ လူပေါင်း ၃၀၀၀ အောက် နေထိုင်နေပါတယ်။

ဒီနေရာကို လာလည်ကြတဲ့ ခရီးသွားသူများဟာ သူ့ရဲ့
ဟီလီယန် မြောင်းများ၊ သစ်သားတံတားငယ်များ ပန်းရောင်စုံများနှင့် ရှုချင်စရာ သက်တမ်း ၂၀၀ ကျော်ရှိတဲ့ အိမ်များရဲ့ အလှတရားများကိုစွဲမှတ်ကြပါတယ်။

ရေမြောင်းတွေကို ဖြတ်ပြီး ကူးသန်းသွားလာခြင်းတွေကို ကနူး၊ ကရက်နှင့် လှေငယ်လေးတွေဖြင့်သွားလာကြပြီး စာပို့ဖို့အတွက်တောင်မှ လှေကိုအသုံးပြုကြပါတယ်။
ဒက်ချ်နိုင်ငံရဲ့ရွာလေးမှာ ကိုယ်တိုင်လှေကိုလှော်ပြီး အတွေ့အကြုံသစ်တွေ ရယူလိုက်ပါနော်။
Ref:youtube
Trans:thegeektext

zawgyi



နယ်သာလန်နိုင်ငံဟာ သူတို့ရဲ့ သဘာဝမြေပြင်တောတောင်တွေ၊ လေရဟတ်တွေ၊ ချိစ့်ဈေးကွက်နှင့် သူ့ရဲ့လှပတဲ့ လှိုဏ်ဂူ တွေကို ဆက်သွယ်ထားတဲ့ကွန်ရက်တွေကြောင့် ကမ္ဘာမှာ နာမည်ကျော်ကြားပါတယ်။




ဒက်ခ်ျနိုင်ငံရဲ့ရွာလေးမှာ ကိုယ်တိုင်လှေကိုလှော်ပြီး အတွေ့အကြုံသစ်တွေ ရယူလိုက်ပါနော်။
Ref:youtube
Trans:thegeektext