
News Social News





Rain (For Ialinks)

Unicode

လမ်းဘေးသူတောင်းစားတစ်ဦးဆီကနေ ပိုက်ဆံပြန်ချေးပြီးတော့ အိမ်ပြန်ခဲ့ရသည့် မိန်းကလေးရဲ့အဖြစ်

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အပြင်ပုံပန်းကြည့်ရုံနဲ့ မသိနိုင်သလို ဆင်းရဲသားသည်လည်း တစ်ခါတစ်လေ ကိုယ့်မျက်စိရှေ့မှာ ဒုက္ခရောက်နေသူများကို တတ်နိုင်သည့်ဖက်ကနေ ကူညီပေးနိုင်သည့်အခွင့်အရေးမျိုးလည်း ရှိနေသည်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် ညဖက်သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာချိန်းဆိုပြီးတော့ အစားထွက်စားခဲ့စဥ် စားစရာဖိုးအားလုံးကို သူမတစ်ယောက်တည်းကပဲ ရှင်းပေးခဲ့ရသည်။

မိန်းကလေးသည် စားစရာဖိုးအားလုံးရှင်းပေးပြီးသောအခါ သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်လမ်းအိမ်ပြန်ခဲ့ကြရာ ကားဌားစီးချိန်မှာတော့ သူမအိတ်ထဲပိုက်ဆံတပြားမှမကျန်တော့တာကို သတိထားမိသွားသည်။

မိန်းကလေးသည် သူငယ်ချင်းတွေဆီဖုန်းဆက်ခဲ့သော်လည်းမရ၍ အခက်တွေ့နေချိန် လမ်းဘေးရှိတောင်းရမ်းစားသောက်သူတစ်ဦးမှ မိန်းကလေးအား တောင်းရမ်းလို့ရထားသည့် အကြွေစေ့လေးတွေထုတ်ပေးပြီးတော့ အိမ်ပြန်နိုင်ရန် ကူညီပေးခဲ့သည်။

Rain (For Ialinks)

Crd