လစာတစ်လကို သန်း၂၀ရရှိခဲ့သော်လည်း ချစ်သူမိန်းကလေးနှင့် စားသောက်ဆိုင်တစ်ခုတွင် ချိန်းတွေ့စဥ် ကျသင့်သောငွေများကို ပြန်တောင်းခဲ့သော ကောင်လေး

News Social News








Zawgyi

လစာတစ်လကို သန်း၂၀ရရှိခဲ့သော်လည်း ချစ်သူမိန်းကလေးနှင့် စားသောက်ဆိုင်တစ်ခုတွင် ချိန်းတွေ့စဉ် ကျသင့်သောငွေများကို ပြန်တောင်းခဲ့သော ကောင်လေး

များသောဖြင့် ချစ်သူနှစ်ဦးတွေ့သည့်အခါ ကောင်လေးမှ ကိုယ့်ချစ်သူမိန်းကလေး လိုချင်တာမှန်သမျှ တတ်နိုင်သည့်အခါ မတွန့်ဆုတ်ပဲ ဝယ်ပေးကြသည်။

ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီဖြစ်၍ အမှတ်တရနေ့လေးကို တူတူဖြတ်သန်းချင်သည့်အနေနှင့် ချိန်းတွေ့ခဲ့ကြသည်။

ထိုစဉ် နှစ်ယောက်သား ရုပ်ရှင်လေးကြည့်လိုက် လျှောက်လည်လိုက်လုပ်နေရင်း ဗိုက်ဆာလာ၍ စားသောက်ဆိုင်တစ်ခုတွင် ပျော်ပျော်ရွှင်ရွှင်နှင့်အစားဝင်စားခဲ့ပြီး အိမ်ပြန်ချိန်မှာတော့ ချစ်သူကောင်လေးဆီကနေ မမျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုး ရရှိခဲ့သည်။

ကောင်လေးသည် တစ်နေကုန် လည်ပတ်ရင်း စားသောက်ခဲ့သမျှကို သူပဲရှင်းပေးခဲ့ပြီး နောက်ဆုံး တစ်ဝက်စီပြန်တောင်းခဲ့ရာ ဆိုင်ကယ်ဆီဖိုးအပါအဝင် အားမနာတမ်း ချစ်သူမိန်းကလေးဆီကနေ ပြန်တောင်းခဲ့သည်။

မိန်းကလေးမှာ စတွဲကတည်းက ကပ်စေးနှဲမှန်းသိသော်လည်း သူမဧ။်ချစ်သူကောင်လေးမှာ တစ်လလုံးလုပ်မှ ဗီယက်နမ်ငွေ ၄သန်းသာ ရရှိလို့ဆိုပြီး စာနာပြီးတွဲလာခဲ့ရာ ယခုဆိုရင် တစ်လကို ဗီယက်နမ်ငွေ သန်း၂၀ရနေပြီဖြစ်သည်။

သို့သော်လည်း ကိုယ့်ချစ်သူလေးအတွက်ကို နေရာတကာ လိုက်ခွဲနေ၍ စိတ်ပျက်မိကာ မိန်းကလေးမှ သည်းမခံနိုင်တော့ပဲ လမ်းခွဲပစ်လိုက်တော့သည်။

Crd