လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာ တစ်ဒါဇင်ခန့်သာ ကျန်ရှိတော့တဲ့ ခြင်္သေ့ဖြူတွေအကြောင်း

လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာ တစ်ဒါဇင်ခန့်သာ ကျန်ရှိတော့တဲ့ ခြင်္သေ့ဖြူတွေအကြောင်း
ခြင်္သေ့ဖြူတွေဟာ ခြင်္သေ့များရဲ့ ယေဘူယျ အမျိုးအစား ခွဲခြားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
သူတို့တွေဟာ ရှားပါးတဲ့ အခြေအနေတစ်ခုကြောင့် ရောင်ခြယ်မှု လျော့နည်းသွားခြင်းအတွက် အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်။
သူတို့ရဲ့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကြောင့် အာဖရိက တောင်ပိုင်းရှိ မျိုးနွယ်စုများက မြင့်မြတ်တဲ့ သတ္တဝါများအဖြစ် လေးစားခဲ့ကြပေမဲ့ တစ်ဖက်မှာလည်း တောရိုင်းတွေမှာ မျိုးသုဉ်းလုနီး အမဲလိုက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
ယခုအခါ ခြင်္သေဖြူတွေကို Global White Lion Protection Trust မှ ကာကွယ်ထားသော ဧရိယာများမှာ ပြန်လည်ထည့်သွင်းထားပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ အကောင်ရေ တစ်ဒါဇင်ခန့်သာ ကျန့်ရှိတော့တယ်လို့ သိရပါတယ်။
ခြင်္သေ့ဖြူတွေဟာ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုရဲ့ ရလဒ်အဖြစ် Leucism လို့ခေါ်တဲ့ အခြေအနေကြောင့် ခန္ဓာကိုယ် အရောင်အသွေးကို အဖြူရောင်အနီးမှ ရွှေရောင်အထိ ကွဲပြားစေတဲ့ ရှားပါးမျိုးနွယ်တွေ ဖြစ်ပါတယ်။
သူတို့ရဲ့ ရှားပါး မျိုးရိုးဗီဇဟာ သူတို့ရဲ့မျက်လုံးတွေကို အပြာရောင် သို့မဟုတ် ရွှေရောင် ဖြစ်စေပါတယ်။
နှာတံပေါ်မှာလည်း အနက်ရောင် အသွင်အပြင်၊ မျက်လုံးနဲ့ နားရွက်နောက်ဘက်တို့မှာလည်း အနက်ရောင် အကွက်များ ပါရှိတတ်ကြပါတယ်။
ခြင်္သေ့အထီးတွေကတော့ လည်ဆံတွေမှာ အဖြူ၊ ရွှေရောင် သို့မဟုတ် အမွေးဖျော့ဖျော့နဲ့ အမြီးစွန်းများမှာ ရှိနိုင်ပါတယ်။
ခြင်္သေ့ဖြူတွေရဲ့ သဘာဝ နေထိုင်ရာနေရာများမှာ ဆဗားနားမြက်ခင်းပြင်၊ သစ်တောများနဲ့ သဲကန္တာရနေရာများ ပါဝင်ပါတယ်။
သူတို့က အာဖရိက တောင်ပိုင်းရှိ Greater Timbavati ဒေသမှာ ဇာတိမြေဖြစ်ပြီး လက်ရှိမှာတော့ တောင်အာဖရိကရှိ Central Kruger Park မှာ ကာကွယ်ထိန်းသိမ်းထားကြပါတယ်။
တောရိုင်းတွေထဲ မျိုးသုဉ်းလုနီးပါး အမဲလိုက်ခံရပြီးနောက် ခြင်္သေ့ဖြူများကို ၂၀၀၄ ခုနှစ်မှာ ပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။
Timbavati ဒေသနဲ့ ပတ်ဝန်းကျင်ရှိ သဘာဝထိန်းသိမ်းမှုများမှာ အမဲလိုက်ခြင်းကို တားမြစ်ထားတာကြောင့် ၂၀၀၆ ခုနှစ်မှာတော့ အဆိုပါဒေသမှာ ပထမဆုံး အဖြူရောင် သားပေါက်လေးတွေကို မွေးဖွားခဲ့ပါတယ်။
ဒါ့အပြင် Kruger Park မှာ ဒုတိယအကြိမ်အဖြစ် အကောင်ပေါက်လေးတွေကို ၂၀၁၄ ခုနှစ်မှာ ထပ်မံမွေးဖွားခဲ့ပါတယ်။
သူတို့တွေဟာ သာမန်ခြေင်္သေ့တွေလိုပဲ နို့တိုက်နွယ်ဝင်တွေဖြစ်ကြပြီး အသားစားသတ္တဝါတွေ ဖြစ်ကြပါတယ်။
အထီးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ ပျမ်းမျှ ၁၀ ပေ အထိ အရှည်၊ အမြင့် ၆ ပေခန့်နဲ့ ပေါင် ၅၃၀ လောက်အထိ ရှိနိုင်ပါတယ်။ အမတစ်ကောင်ကတော့ ပျမ်းမျှ ၆ ပေ အရှည်၊ အမြင့် ၃ ပေခွဲ၊ ပေါင်ချိန် ၄၀၀ လောက်အထိ ရှိနိုင်ပါတယ်။
သက်တမ်းအားဖြင့် ၁၈ နှစ်လောက်အထိ ပျမ်းမျှ နေထိုင်နိုင်ကြပြီး အစာအနေနဲ့ နို့တိုက်သတ္တဝါတွေ၊ တွားတွားသတ္တဝါတွေနဲ့ ငှက်တချို့ကို အဓိက စားသုံးကြပါတယ်။
ဒရယ်များ၊ သမက်များ၊ မြင်းကျားများနဲ့ ကျွဲများကတော့ သူတို့ရဲ့ အကြိုက်ဆုံး သားကောင်တွေပါ။
သူတို့ရဲ့ ချွန်ထက်သော သွားများနဲ့ ခြေသည်းတို့ဟာ သားကောင်များကို တိုက်ခိုက် သတ်ဖြတ်စေနိုင်ပြီး သားကောင်များကို အခွင့်ကောင်းယူ တိုက်ခိုက်ရန်အတွက်လည်း အချိန်မှန်ကို စိတ်ရှည်စွာ စောင့်စားတတ်ကြပါတယ်။
ပုံမှန်အားဖြင့် ခြင်္သေ့ဖြူတွေဟာ သူတို့ရဲ့ သားကောင်ကို လည်ပင်းကို ကိုက်ခဲသတ်လေ့ရှိပြီးပြီး အဲဒီနေရာပဲ အသေကောင်ကို စားသုံးလေ့ရှိကြပါတယ်။
သာမန်ခြင်္သေ့များလိုပဲ ခြင်္သေ့ဖြူများဟာ အသက်သုံးနှစ်မှ လေးနှစ်ကြား လိင်ပိုင်းဆိုင်ရာရင့်ကျက်မှုသို့ ရောက်ရှိကြပါတယ်။ ခြင်္သေ့ဖြူ အများစုကို အများအားဖြင့် တိရစ္ဆာန်ရုံထဲမှာ မွေးမြူထားကြပါတယ်။
အဲဒီထဲကမှာ အခေါ်ခံထားရတဲ့ကောင်တွေဟာ နှစ်စဉ်နှစ်တိုင်း မိတ်ဖွဲ့နိုင်ပြီး တောရိုင်းအဖော်များနဲ့ နှစ်နှစ် တစ်ကြိမ်ခန့် ပေါင်းသင်းနိုင်ပါတယ်။
ခြင်္သေ့ သားပေါက်လေးတွေကတော့ မွေးရာပါ မျက်မမြင်ဖြစ်ပြီး မိခင်ကို ပထမနှစ်နှစ်မှာ အားကိုးကြပါတယ်။
ခြင်္သေ့တစ်ကောင်ဟာ သားပေါက်ချိန်မှာ နှစ်ကောင်မှ လေးကောင်အထိ မွေးတတ်ပါတယ်။ ခြင်္သေ့ဖြူ မျိုးနွယ်ဖြစ်ဖို့အတွက် မိဘတွေဟာ ခြင်္သေ့ဖြူ သို့မဟုတ် ရှားပါးခြင်္သေ့ဖြူ မျိုးရိုးဗီဇကို ဆောင်ထားရန် လိုအပ်ပါတယ်။
ခြင်္သေ့ဖြူအဖြစ် သားပေါက်နိုင်တဲ့ အခြေအနေ သုံးမျိုးရှိပါတယ်။ မိဘနှစ်ပါးစလုံးက အညိုဖြစ်ပြီး မျိုးဗီဇကို သယ်ဆောင်လာပါက အဖြူရောင် သားပေါက်ဖြစ်ရန် အခွင့်အလမ်း ၂၅% ရှိပါတယ်။
မိဘတစ်ကောင်က ခြင်္သေ့ဖြူဖြစ်ပြီး နောက်တစ်ကောင်က မျိုးရိုးဗီဇနဲ့ အညိုရောင်ဖြစ်နေရင် မျိုးစေ့က အဖြူရောင် သားပေါက်ဖြစ်ဖို့ အခွင့်အလမ်း ၅၀% ရှိပါတယ်။
မိဘနှစ်ပါးစလုံးက ခြင်္သေ့ဖြူတွေဆိုရင်တော့ သားပေါက်လေးဟာ ၁၀၀% အဖြူ ဖြစ်လာမှာပါ။
ခြင်္သေ့ဖြူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အထိန်းအကွပ်မဲ့ ရောင်းဝယ်မှုနဲ့ ခြင်္သေ့ အမဲလိုက်ခြင်းတို့ဟာ မျိုးရိုးဗီဇကို လျော့ပါးလာစေပြီး ခြင်္သေ့ဖြူမျိုးရိုးများကို ပိုရှားပါးစေပါတယ်။
ထို့အပြင် အကျိုးအမြတ်အတွက် ခြင်္သေ့ဖြူမွေးမြူလိုသော ပရိုဂရမ်များကလည်း မျိုးဗီဇကို ပြုပြင်မွမ်းမံခြင်းတွေကြောင့် ခြင်္သေ့ဖြူ အကောင်ရေဟာ တစ်ကမ္ဘာလုံးမှာ တောရိုင်းထဲ ၁၂ ကောင်ခန့်၊ တိရစ္ဆာန်နဲ့ မွေးမြူရေးတို့မှာ အကောင်ရေ ၉၀ ခန့်သာ ကျန်ရှိပါတော့ကြောင်း တင်ပြလိုက်ပါတယ်။
Knight News Team
Knight News © 2022
Crd