TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လက်ရှိစမ်းသပ်နေဆဲဖြစ်တဲ့ သူတို့ရဲ့ စတားရှစ်

ဒီတစ်ခုကတော့ စပေ့အိတ်စ် နဲ့ လက်ရှိစမ်းသပ်နေဆဲ ဖြစ်တဲ့ သူတို့ရဲ့ စတားရှစ် ပဲ ဖြစ်ပါတယ်။ ဒီစာချုပ်သုံးခုလုံးရဲ့ စုစုပေါင်းကုန်ကျစရိတ်ဟာ ဒေါ်လာ ၉၆၈ မီလီယမ် ခန့်မှန်းခြေရှိပြီး သူတို့ဟာ လာမဲ့အာတီမစ်မစ်ရှင်တွေအတွက် ကျောရိုးဖြစ်လာမှာပါ။

မြေပြင်ဆင်းသက်ရေးယာဉ်တစ်ခုဆီမှာ မတူညီတဲ့သယ်ဆောင်နိုင်တဲ့ဝန်ချိန်၊ လမျက်နှာပြင်ပေါ်အတက်အဆင်းလုပ်ရန် ကြာချိန် နဲ့ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်စွမ်း စတာတွေမှာ စွမ်းဆောင်ရည်အမျိုးမျိုးရှိကြပါတယ်။

အဆင့်တစ် ပြီးတဲ့နောက် ၂၀၂၄ အာတီမစ်ပရိုဂရမ်ရဲ့ ဒုတိယအဆင့်မှာတော့ လပေါ်မှာ ပုံမှန်စူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ဖို့ကို အဓိကထား လုပ်ဆောင်မှာပါ။ ဒီအဆင့်မှာ လူနာဂိတ်ဝေးကို သုတေသနတွေပြုလုပ်ဖို့ရာနဲ့ အာကာသယာဉ်မှူးတွေ လကမ္ဘာပေါ် သွားရောက်ကြည့်ရှုနိုင်ဖို့ အသုံးပြုမှာပါ။

လူသားဇီဝကမ္မဗေဒ၊ အာကာသဇီဝဗေဒ ၊ ရူပနက္ခတ္တဗေဒ ၊ ဟီလီယို ဖီးစစ် နဲ့ ဂြိုဟ်သိပ္ပံပညာရပ် စတဲ့ သိပ္ပံပညာရပ်ဆိုင်ရာစမ်းသပ်မှုတွေကို ဒီအဆင့်မှာ စတင်လုပ်ဆောင်မှာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext