လက်နှစ်ဖက်စာပဲ အရေအတွက်ရှိတဲ့ နျူလက်နက်ပိုင် နိုင်ငံတွေအကြောင်း – hotnewmyanmar.com

News Social News

လက်နှစ်ဖက်စာပဲ အရေအတွက်ရှိတဲ့ နျူလက်နက်ပိုင် နိုင်ငံတွေအကြောင်း

ဒီတခေါက်တော့ နျူလက်နက်တွေပိုင်တဲ့ နိုင်ငံတွေအကြောင်းနဲ့ အရေအတွက် ဘယ်လောက်ထိ ပိုင်ဆိုင်တယ်ဆိုတာ ရှာဖွေတင်ပြလိုက်ပါတယ်။

တစ်ကမ္ဘာလုံးအနေနဲ့ နျူလက်နက်ဟာ ၃၇၅၀ လောက် ရှိပါတယ်။ ဒီအရေအတွက်ဟာ တကယ့်ကို ကြောက်စရာပါ။

ဒါပေမဲ့ ဒီလက်နက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံက ၉ နိုင်ငံပဲ ရှိပါတယ်။ ဒီထဲက ၅ နိုင်ငံဟာ တရားဝင်ပိုင်ဆိုင်ကြောင်း ဝန်ခံထားပြီး ကျန်နိုင်ငံတွေကတော့ ဝန်ခံထားခြင်း မရှိပါဘူး။

တရားဝင် ပိုင်ဆိုင်ကြောင်းဝန်ခံထားတဲ့နိုင်ငံများကတော့ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုပ်တို့ ဖြစ်ပါတယ်။

အန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့မှာလဲ နျူလက်နက် ပိုင်ဆိုင်ထားပါတယ်။ သူတို့ကတော့ နိုင်ငံတကာအသိအမှတ်ပြုမှု မရဘဲ ထုတ်လုပ်ခဲ့ကြတာပါ။

အလားတူ အစ္စရေးဟာလည်း နျူလက်နက်ပိုင်ဆိုင်ထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ ငြင်းဆန်ခြင်းမပြုသလို ဝန်ခံခြင်းလဲမရှိပါဘူး။

နျူလက်နက် ပိုင်ဆိုင်ပြီးကာမှ ပြန်လည်ဖျက်သိမ်းပစ်ခဲ့တဲ့နိုင်ငံ ၅ ခုလည်းရှိပါသေးတယ်။ တောင်အာဖရိကဆိုရင် NPT(Non-Prolifeation Treaty) စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ဖျက်သိမ်းပေးခဲ့ပါတယ်။

ဘယ်လာရုစ်၊ ကာဇက်စတန် နဲ့ ယူကရိန်းတို့ကတော့ ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် နျူလက်နက်တွေပိုင်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ဒါတွေကို ရုရှားကို ပြန်ပို့ခဲ့ကြပါတယ်။

နျူလက်နက်တွေရဲ့ အစကို ပြန်ကြည့်မယ်ဆိုရင်တော့ အမေရိကန်ကိုပဲပြောရမှာပါ။ ၁၉၄၅ ခုနှစ်၊ ဂျူလိုင် ၁၆ ရက်မှာ အမေရိကန်ဟာ နျူလက်နက်ကို စတင်စမ်းသပ် ဖေါက်ခွဲခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ နျူဗုံးနှစ်လုံးကို ဂျပန်နိုင်ငံမှာ သုံးခဲ့ပြီး လူအများအပြားသေဆုံးခဲ့ရပါတယ်။ခုချိန်ထိတော့ ဒါဟာ သမိုင်းမှာ ပထမဆုံးနဲ့နောက်ဆုံးအသုံးပြုခြင်းအဖြစ် တည်ရှိနေဆဲပါ။

ဒီနောက်မှာတော့ နောက်ထပ်လေးနိုင်ငံဟာ နျူလက်နက်ကို အပြိုင်ထုပ်လုပ်လာပါတယ်။သူတို့ကတော့ ရုရှား(၁၉၄၉)၊ ဗြိတိန် (၁၉၅၂)၊ ပြင်သစ် (၁၉၆၀) နဲ့ တရုပ် (၁၉၆၄)တို့ ဖြစ်ပါတယ်။ဒီလိုလက်နက် အများအပြားပိုင်ဆိုင်လာခြင်းဟာ ပျက်ဆီးခြင်းလမ်းစလို့ ပညာရှင်များ သုံးသပ်လာကြပါတယ်။

ဒါပေမဲ့ အင်အားကြီးနိုင်ငံအများစုအနေနဲ့ ဒီနျူနည်းပညာကို သိုဝှက်ထားလေ့ရှိတဲ့အတွက် အခြားနိုင်ငံတွေဟာ နျူလက်နက်ကို ထုတ်လုပ်ဖို့ မလွယ်ကူပါဘူး။

လူသားတွေရဲ့ ကံကြမ္မာလိုပဲဆိုရမလား အကယ်၍ နိုင်ငံတစ်ခုဟာ နျူလက်နက်ကို တရားမဝင်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် သူဟာ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နိုင်ငံရေးအရလဲ ကုလနဲ့နေတိုးမဟာမိတ်တို့ရဲ့ အရေးယူမှုတွေခံရမှာပါ။

တောင်အာဖရိကဟာ ၁၉၉၀ ခုနှစ်မှာသူ့သဘောနဲ့သူ နျူလက်နက်ကို ဖြုတ်သိမ်းပေးခဲ့တဲ့နိုင်ငံအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။နိုင်ငံအများစုဟာ နျူထုတ်လုပ်နိုင်တဲ့အရင်းအမြစ်တွေရှိပေမဲ့ သူတို့က ထုတ်လုပ်ဖို့ မကြိုးစားခဲ့ကြပါဘူး။

နျူလက်နက်ပိုင်ဆိုင်မှုဟာ ဂုဏ်သိက္ခာ တခုလိုဖြစ်ပေမဲ့ ဒါကိုအသုံးပြုဖို့ကတော့ ခက်ခဲတဲ့စိန်ခေါ်မှုတခုပါ။၁၉၄၅ ခုနှစ်မှာ တခါသုံးပြီးကထဲက ခုထိပါဘဲ။

နျူလက်နက်သုံးပြီး စစ်ပွဲကိုတိုက်ခိုက်မယ်ဆိုရင်လဲ ကုန်ကျမှုများပြီး ပေးဆပ်ရမှုတွေက မမျှော်မှန်းနိုင်ပါဘူး။ အလုံးစုံ ပျက်သုဉ်းရမဲ့အပြင် အောင်နိုင်သူရယ်လို့လဲ ရှိလာမှာမဟုတ်ပါဘူး။

ထုတ်လုပ်ဖို့ကြိုးစားရင်လဲ ဒီနိုင်ငံဟာ ဝိုင်းပယ်ခံရမှာပါ။ ဒါကြောင့်လဲ နျူလက်နက်ကို နိုင်ငံအများစုဟာ နျူလက်နက်ထုတ်လုပ်ဖို့ မကြိုးစားကြပါဘူး။

နျူပိုင်ထားတဲ့ နိုင်ငံတွေတောင် နျူကင်းစင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လာကြပါတယ်။

အမေရိကန်ဟာ နေတိုးမဟာမိတ်တွေကို ကာကွယ်ဖို့ကတိပြုထားသလို နျူလက်နက်ရန်က ကာကွယ်ဖို့နဲ့ အသုံးမပြုဖို့ပါ ကတိပြုထားပါတယ်။ တောင်ကိုရီးယား ၊ဂျပန် နဲ့ ဩစတေးလျကိုပါ ကတိပြုထားပါတယ်။

တရုပ်ကတော့ ” no first use ” ပေါ်လစီကိုချမှတ်ထားပါတယ်။ သူကစပြီး မသုံးဘူးဆိုတဲ့သဘောပါ။ ရုရှားဟာ နျူလက်နက် ၆၄၉၀ ပိုင်ဆိုင်ခဲ့ပေမဲ့ ၂၀၀၀ ကျော်ကို သက်တမ်းကုန်လို့ ဖြုတ်ချသိမ်းဆည်းလိုက်ပါပြီ။

လက်ရှိမှာ ၁၄၆၀ သာ ဖြန့်ကျက်ထားပါတယ်။အမေရိကန်က ၁၃၆၅ ခုဖြန့်ကျက်ထားပါတယ်။အင်္ဂလန် က၄၀ နဲ့ ပြင်သစ်က ၁၀ ခုသာ ဖြန့်ကျက်ချထားကြပါတယ်။

နျူလက်နက်ဖျက်သိမ်းရေးဟာလဲ တစ်ကမ္ဘာလုံးက ကြိုးပမ်းနေကြတဲ့အရေးဖြစ်နေပါပြီ။ တစ်နေ့နေ့မှာတော့ နျူလက်နက်များဟာ ကမ္ဘာမြေမှာကင်းစင်သွားမှာပါလို့ ယုံကြည်စွာတင်ပြလိုက်ရပါတယ်ခင်များ။

Knight News Team

Crd