■လက်ထပ်ယူခြင်းဟာအနည်းငယ် ဝမ်းနည်းစရာကောင်းခဲ့တဲ့ ဘရွန်စဝစ်ရဲ့ မင်းသမီးကယ်ရိုလိုင်း

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■လက်ထပ်ယူခြင်းဟာအနည်းငယ် ဝမ်းနည်းစရာကောင်းခဲ့တဲ့ ဘရွန်စဝစ်ရဲ့ မင်းသမီးကယ်ရိုလိုင်း

၁၇၆၈ ခုနှစ်မှာမွေးဖွားပြီးတော့ ကယ်ရိုလိုင်းဟာ အုပ်ချုပ်သူ ဂျာမန်မင်းသား ဒမ့်စ်ရဲ့ သမီးတော်ဖြစ်ပါတယ်။ လူအများစုကသူမကို လက်ထပ်ယူချင်ကြပီး။ ဥပမာအားဖြင့်အော်ရိန့်ခ်ျမင်းသား၊ ဟက်ဆာဒမ်စတာ့တ်ရဲ့မင်းသားဂျော့ဂျ်၊ မက်ကလန်ဘာ့ဂ်စတရေးလ်ရဲ့ မင်းသားချားလ်တို့ပဲဖြစ်ပါတယ်။

သို့ပေမယ့်လည်း မင်းသမီးရဲ့မိဘတွေက တောင်းရမ်းတဲ့သူတွေကို ငြင်းဆိုခဲ့ပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့အမျိုးသားကိုမျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့သူတို့စောင့်မျှော်နေတဲ့အချိန်ကုန်လွန်ခဲ့ပါတယ်။ ကယ်ရိုလိုင်းဟာ အဲ့အချိန်တုန်းက အသက် ၂၆ နှစ်ပါ။

သူဟာ ဗြိတိန်ထီးနန်းဆက်ခံမယ့် ဝေးလ်မင်းသားဂျော့ဂ်ျကို လက်ထပ်ယူခဲ့ရပီး။ ဒါပေမယ့် ကယ်ရိုလိုင်းနှင့်ဂျော့ဂျ်ကတော့ လက်မထပ်ခင်တုန်းက ဘယ်တော့မှ မတွေ့ဖူးခဲ့ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ လက်ထပ်ယူခြင်းဟာအနည်းငယ် ဝမ်းနည်းစရာတော့ကောင်းပါတယ်။

တစ်ယောက်ယောက်ကတော့ ဂျော့ဂျ်ဟာ ကယ်ရိုလိုင်းကိုတွေ့ရဖို့ပျော်နေမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။ သူဟာ မြင်မြင်ချင်းမှာပဲ ကယ်ရိုလိုင်းကိုမကြိုက်ခဲ့ပါဘူး။ ဒီခံစားမှုဟာလည်း နှစ်ဦးလုံးဖြစ်ခဲ့တာပါ။

ဒါကြောင့် ကယ်ရိုလိုင်းဟာ ပျင်းစရာကောင်းပြီး အထီးကျန်တဲ့ဘဝကိုဖြတ်သန်းခဲ့ရကာ ဒါကယောက်ျားတွေကြားမှာ နာမည်လျော့သွားတယ် လို့မဆိုလိုပါဘူး။ဒါတွေရဲ့ဆန့်ကျင်ဘက်သာဖြစ်ခဲ့တာပါ။ ဒီလင်မယားဟာ အတူတူ မနေထိုင်ခဲ့ပဲ ကယ်ရိုလိုင်းဟာ ခရီးတွေသွားခဲ့ပြီး ယောက်ျားတွေရဲ့စိတ်ဝင်စားမှုကို အမြဲလိုလို ရခဲ့ပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■လက္ထပ္ယူျခင္းဟာအနည္းငယ္ ဝမ္းနည္းစရာေကာင္းခဲ့တဲ့ ဘရြန္စဝစ္ရဲ့ မင္းသမီးကယ္ရိုလိုင္း

၁၇၆၈ ခုႏွစ္မွာေမြးဖြားၿပီးေတာ့ ကယ္ရိုလိုင္းဟာ အုပ္ခ်ဳပ္သူ ဂ်ာမန္မင္းသား ဒမ့္စ္ရဲ့ သမီးေတာ္ျဖစ္ပါတယ္။ လူအမ်ားစုကသူမကို လက္ထပ္ယူခ်င္ၾကပီး။ ဥပမာအားျဖင့္ေအာ္ရိန႔္ခ္်မင္းသား၊ ဟက္ဆာဒမ္စတာ့တ္ရဲ့မင္းသားေဂ်ာ့ဂ်္၊ မက္ကလန္ဘာ့ဂ္စတေရးလ္ရဲ့ မင္းသားခ်ားလ္တို႔ပဲျဖစ္ပါတယ္။

သို႔ေပမယ့္လည္း မင္းသမီးရဲ့မိဘေတြက ေတာင္းရမ္းတဲ့သူေတြကို ျငင္းဆိုခဲ့ပါတယ္။ သူတို႔ဟာ ပိုေကာင္းတဲ့အမ်ိဳးသားကိုေမၽွာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့သူတို႔ေစာင့္ေမၽွာ္ေနတဲ့အခ်ိန္ကုန္လြန္ခဲ့ပါတယ္။ ကယ္ရိုလိုင္းဟာ အဲ့အခ်ိန္တုန္းက အသက္ ၂၆ ႏွစ္ပါ။

သူဟာ ၿဗိတိန္ထီးနန္းဆက္ခံမယ့္ ေဝးလ္မင္းသားေဂ်ာ့ဂ္်ကို လက္ထပ္ယူခဲ့ရပီး။ ဒါေပမယ့္ ကယ္ရိုလိုင္းႏွင့္ေဂ်ာ့ဂ်္ကေတာ့ လက္မထပ္ခင္တုန္းက ဘယ္ေတာ့မွ မေတြ႕ဖူးခဲ့ပါဘူး။ ဒါ့ေၾကာင့္ သူတို႔ရဲ့ လက္ထပ္ယူျခင္းဟာအနည္းငယ္ ဝမ္းနည္းစရာေတာ့ေကာင္းပါတယ္။

တစ္ေယာက္ေယာက္ကေတာ့ ေဂ်ာ့ဂ်္ဟာ ကယ္ရိုလိုင္းကိုေတြ႕ရဖို႔ေပ်ာ္ေနမယ္လို႔ထင္ေကာင္းထင္နိုင္ပါတယ္။ ဒါေပမယ့္ မဟုတ္ခဲ့ပါဘူး။ သူဟာ ျမင္ျမင္ခ်င္းမွာပဲ ကယ္ရိုလိုင္းကိုမႀကိဳက္ခဲ့ပါဘူး။ ဒီခံစားမႈဟာလည္း ႏွစ္ဦးလုံးျဖစ္ခဲ့တာပါ။

ဒါေၾကာင့္ ကယ္ရိုလိုင္းဟာ ပ်င္းစရာေကာင္းၿပီး အထီးက်န္တဲ့ဘဝကိုျဖတ္သန္းခဲ့ရကာ ဒါကေယာက္်ားေတြၾကားမွာ နာမည္ေလ်ာ့သြားတယ္ လို႔မဆိုလိုပါဘူး။ဒါေတြရဲ့ဆန႔္က်င္ဘက္သာျဖစ္ခဲ့တာပါ။ ဒီလင္မယားဟာ အတူတူ မေနထိုင္ခဲ့ပဲ ကယ္ရိုလိုင္းဟာ ခရီးေတြသြားခဲ့ၿပီး ေယာက္်ားေတြရဲ့စိတ္ဝင္စားမႈကို အျမဲလိုလို ရခဲ့ပါတယ္။
ref:youtube
trans:thegeektext