TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လကိုဖောက်ခွဲဖို့ကြံစည်ကာ ကမ္ဘာ့အလည်မှာအင်အားအကြီးဆုံးနိုင်ငံဖြစ်ကြောင်း သက်သေပြဖို့ကြိုးစားခဲ့သော American

ဘယ်သူမှတော့ လကိုမဖောက်ခွဲခဲ့ကြပါဖူး။ဒါပေမယ့် USအစိုးရကတော့လကမ္ဘာကြီးကို ဖောက်ခွဲဖို့ စဉ်းစားခဲ့ကြပါတယ်။US လေတပ်ဟာ 1958 ခုနစ်မှာ A119 အမည်ရ projectတစ်ခုအနေနဲ့ စတင် အကောင်အထည်ဖော်ခဲ့ကြပါတယ်။

သူတို့ဟာ နက္ခတ်ပညာရပ်ဆိုင်ရာအကြောင်းတွေကို ပိုမို သိလိုတဲ့အတွက် လရဲ့ မျက်နှာပြင်ပေါ်မှာ ဖောက်ခွဲမှုတွေကို လုပ်ဆောင်ချင်ခဲ့ကြတာပါ။
ပရိတ်သတ်ကြီးကရော ဘာကြောင့်ဖြစ်မယ်လို့ထင်ပါသလဲ?
ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးရေ….ခိုင်လုံရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုတော့ရှိပါတယ်။

လကိုဖောက်ခွဲလိုက်ခြင်းအားဖြင့် အမေရိကန်က ဆိုဗီယက်အပါအဝင် တကမ္ဘာလုံးကို သူတို့အင်အားကြီးမားကြောင်းသက်သေပြနိုင်မှာမို့လို့ပါဘဲ။ ဪ ဒါနဲ့ပရိတ်သတ်ကြီးရေ ဆိုဗီယက်နိုင်ငံကလည်း အာကာသထဲကိုပထမဆုံးဂြိုဟ်တုစတင်ထုတ်လွတ်ခဲ့တယ်ဆိုတာမမေ့ပါနဲ့နော်။အဲ့ဒီတုန်းကအမေရိကန်ကအဲ့လိုကြိုးစားတဲ့နေရာမှာမအောင်မြင်ဘဲအရှုံးကြီးရှုံးခဲ့တာပေါ့။

အကယ်၍ ပရိတ်သတ်ကြီးက လကမ္ဘာကိုဖောက်ခွဲဖို့ စီစဉ်မယ်ဆိုရင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရမှုတွေ ရှိနေမှာပါ။ဒါကြောင့် အစိုးရဟာ ဖြစ်လာမယ့် ဂြိုလ်တုပေါက်ကွဲမှုတွေကို လူထုက လက်မခံမှာကို စိုးရိမ်နေရပါတယ်။

ပရိတ်သတ်ကြီးအနေနဲ့ လက်ခံနိုင်တယ်ဆိုပါစို့။လကမ္ဘာပေါ်မှာသာ ပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရင် ထွက်လာမယ့် အမျိုးအမည်မသိ ရေဒီယို သတ္ထုကြွ အမှုန်တွေနဲ့ နေအဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ ပေါက်ကွဲမှုပြင်းအားတွေကိုလည်း စိုးရိမ်ဖို့တော့ လိုပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext