■ရှေးဟောင်းရိုမန်ဂူသင်္ချိုင်းတစ်ခုမှ Ancient Comics

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ရှေးဟောင်းရိုမန်ဂူသင်္ချိုင်းတစ်ခုမှ Ancient Comics

ဒီနေ့ကမ္ဘာကြီးဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ ကောမစ်စာအုပ်တွေနဲ့ ဆက်သွယ်ထားပီးပါပြီ။ အမျိုးမျိုးသောဇာတ်ကောင်တွေနဲ့ အလွန်လူကြိုက်များချစ်ခင်ကြတဲ့ ဇာတ်ကောင်တွေကို အ‌ခြေပြုပြီး ရုပ်ရှင်ကားအမျိုးမျိုးလည်း ထွက်ပေါ်လာနေပါတယ်။

ဒါပေမဲ့ သမိုင်းကထုတ်ဖော်ပြောခဲ့တာကတော့ ကောမစ်ဘုတ်တွေက သင်မျှော်လင့်ထားတာထက် အရင့်အရင်အချိန်တွေကတည်းက ရှိနေခဲ့ပါပြီ။ရှေးဟောင်းရိုမန်ဂူသင်္ချိုင်းတစ်ခုကို ဂျော်ဒန်နိုင်ငံမှာ ရှာတွေ့ခဲ့ကြပြီး ဂူသင်္ချိုင်းရဲ့ နံရံမှာလည်း ရာနဲ့ချီတဲ့ရုပ်ပုံတွေကို ရေးဆွဲထားပါတယ်။

စကားပြောပုံစံလေးတွေလည်း ပါရှိပြီး ဒါကိုပြုလုပ်ထားပုံက ရှေးကောမစ်ဘုတ်နဲ့တိကျစွာ တူညီနေသလို ရေးဆွဲထားတဲ့အကြောင်းအရာတွေကလည်း စူပါဟီးရိုးအကြောင်း ဒါမှမဟုတ် တခြားအကြောင်းများလည်း ဖြစ်နိုင်ပါတယ်။ရေးဆွဲထားပုံကဆိုရင် ကပ်ပစ်တိုလာမြို့အနီးမှာ နေထိုင်တဲ့ လူသားတွေရဲ့ဘဝကို ဖော်ညွှန်းထားခြင်းမျိုးဖြစ်ကာ အခြေပြုထားတဲ့စာသားနဲ့ ရေးဆွဲပုံကို ကြည့်ကာ အေဒီ ၂ ရာစုလောက်ကလို့ ဆိုကြပါတယ်။

ဒီရှေးဟောင်းကောမစ်ဘုတ်တွေရဲ့ စကားပြောနေရာမှာတော့ ထွင်းစာများနဲ့ ဖော်ပြထားပြီး စာများကို အပေါ်ဘက် ဒါမှမဟုတ် ဇာတ်ကောင်နဲ့နီးကပ်စွာရေးထွင်းထားပြီးတော့ သူတို့ရဲ့လုပ်ရပ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ဇာတ်ကောင်တွေရဲ့ ပြုမူနေပုံ ကို ငါဟာဖြတ်နေသည် ဒါမှမဟုတ် ငါသေပြီ စသည်ဖြင့် ဖော်ပြထားပြီး တိုက်ခိုက်ခန်းအချို့ကိုလည်း ပုံရေးဆွဲဖော်ပြထားပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေကို အံ့ဩစေတဲ့အချက်ကတော့ ဒီရုပ်ပုံတွေက အံ့ဩဖွယ်ကောင်းအောင်မူလအ‌ခြေအနေကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါတယ်။သို့ပေမဲ့ ဒီဟာတွေက နှစ်ပေါင်းများစွာ အိုဟောင်းနေခဲ့ပါပြီ။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext