TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရှားပါးတဲ့ရှာဖွေမှုလို့ဆိုရမည့် ပြည်ကြီးငါးပေါက်စလေးများ

နက်ရှိင်းတဲ့သမုဒ္ဒရာထဲက ဒီဧရာမပြည်ကြီးငါးတွေကို တွေ့ဖို့ရာခက်ခဲပါတယ်။တချို့တလေကိုပဲ အသက်ရှင်လျက် ဒါမှမဟုတ် သေ*ဆုံးလျက် တွေ့ရတာပါ။ သူတို့ထဲကတစ်ကောင်က နယူးဇီလန် ၊ ဝဲလ်လင်တန်ကမ်းခြေမှာ သောင်တင်နေခဲ့ပါတယ်။ လူတိုင်းက ဒီအကောင်နဲ့ ဓာတ်ပုံရိုက်ကြေတာ့တာပေါ့။

လက်တံတွေဆန့်တန်းထားမယ်ဆိုရင် ၁၃ ပေ ရှည်လျားတဲ့ဒီဧရာမငါးကို ညီအစ်ကိုသုံးယောက်က ရေငုပ်လို့ကောင်းမဲ့ နေရာရှာရင်း တွေ့ရှိခဲ့တာပါ။ ချက်ချင်းဆိုသလို သူတို့က ရေနဲ့သဘာဝဝန်းကျင်သုတေသန နေရှင်နယ် အင်စတီကျု့ ကို အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်ကြီးငါးကြီးကိုနေရာရွှေ့ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါက တကယ့်ကိုရှားပါးတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပြီး ပိုပြီး အံ့ဩဖို့ကောင်းတာက အဲ့ဒီငါးဟာ ငါးပေါက်စလေးပဲ ရှိသေးတာပါ။ တကယ့်ကို အရွယ်ရောက်ပြီး ပြည်ကြီးငါးတစ်ကောင်ဟာ ခုထက်အများကြီးပို ကြီးနိုင်ပြီး ပေ လေးဆယ်ကျော် အရှည်ရှိတာပါ။

နယူးဇီလန်မှာ နောက်ဆုံးသောင်တင်ခဲ့တဲ့တစ်ကောင်ဟာ ၂၃ ပေရှည်လျားပြီး အဲ့ဒီအကောင်ဟာ ၂၀၁၅ ခုနှစ်မှာ ကိုင်ခရီရာ က ကမ်းခြေမှာ သောင်တင်ခဲ့တာပါ။ ဒီဧရာမပြည်ကြီးငါးတွေက နက်ရှိုင်းတဲ့ သမုဒ္ဒရာရဲ့အတွင်းပိုင်းမှာပဲ ကျင်လည်ကျက်စားလေ့ရှိတာပါ။

ဒါကြောင့် ဒီနောက်ဆုံးအကောင်က ကမ်းခြေကို ဘယ်လိုရောက်လာလဲဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်ဟာ ကမ်းခြေမှာတွေ့ကသမျှ ပင်လယ်သတ္တဝါတွေထဲမှာ အကြီးဆုံးနဲ့ အထင်ကြီးစရာအကောင်းဆုံးသတ္တဝါတစ်ကောင် ဖြစ်ပါတယ်ရှင်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ရွားပါးတဲ့ရွာေဖြမႈလို႔ဆိုရမည့္ ျပည္ႀကီးငါးေပါက္စေလးမ်ား
နက္ရွိင္းတဲ့သမုဒၵရာထဲက ဒီဧရာမျပည္ႀကီးငါးေတြကို ေတြ႕ဖို႔ရာခက္ခဲပါတယ္။တခ်ိဳ႕တေလကိုပဲ အသက္ရွင္လ်က္ ဒါမွမဟုတ္ ေသ*ဆုံးလ်က္ ေတြ႕ရတာပါ။ သူတို႔ထဲကတစ္ေကာင္က နယူးဇီလန္ ၊ ဝဲလ္လင္တန္ကမ္းေျခမွာ ေသာင္တင္ေနခဲ့ပါတယ္။ လူတိုင္းက ဒီအေကာင္နဲ႔ ဓာတ္ပုံရိုက္ၾကေတာ့တာေပါ့။
လက္တံေတြဆန႔္တန္းထားမယ္ဆိုရင္ ၁၃ ေပ ရွည္လ်ားတဲ့ဒီဧရာမငါးကို ညီအစ္ကိုသုံးေယာက္က ေရငုပ္လို႔ေကာင္းမဲ့ ေနရာရွာရင္း ေတြ႕ရွိခဲ့တာပါ။ ခ်က္ခ်င္းဆိုသလို သူတို႔က ေရနဲ႔သဘာဝဝန္းက်င္သုေတသန ေနရွင္နယ္ အင္စတီက်ဳ႕ ကို အေၾကာင္းၾကားခဲ့ပါတယ္။ အဲ့ဒီေနာက္ ျပည္ႀကီးငါးႀကီးကိုေနရာေရႊ႕ၿပီး ေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ဒါက တကယ့္ကိုရွားပါးတဲ့ရွာေဖြေတြ႕ရွိမႈတစ္ခုျဖစ္ၿပီး ပိုၿပီး အံ့ဩဖို႔ေကာင္းတာက အဲ့ဒီငါးဟာ ငါးေပါက္စေလးပဲ ရွိေသးတာပါ။ တကယ့္ကို အရြယ္ေရာက္ၿပီး ျပည္ႀကီးငါးတစ္ေကာင္ဟာ ခုထက္အမ်ားႀကီးပို ႀကီးနိုင္ၿပီး ေပ ေလးဆယ္ေက်ာ္ အရွည္ရွိတာပါ။
နယူးဇီလန္မွာ ေနာက္ဆုံးေသာင္တင္ခဲ့တဲ့တစ္ေကာင္ဟာ ၂၃ ေပရွည္လ်ားၿပီး အဲ့ဒီအေကာင္ဟာ ၂၀၁၅ ခုႏွစ္မွာ ကိုင္ခရီရာ က ကမ္းေျခမွာ ေသာင္တင္ခဲ့တာပါ။ ဒီဧရာမျပည္ႀကီးငါးေတြက နက္ရွိုင္းတဲ့ သမုဒၵရာရဲ့အတြင္းပိုင္းမွာပဲ က်င္လည္က်က္စားေလ့ရွိတာပါ။
ဒါေၾကာင့္ ဒီေနာက္ဆုံးအေကာင္က ကမ္းေျခကို ဘယ္လိုေရာက္လာလဲဆိုတာ ဘယ္သူမွ ေသခ်ာမသိပါဘူး။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအေကာင္ဟာ ကမ္းေျခမွာေတြ႕ကသမၽွ ပင္လယ္သတၱဝါေတြထဲမွာ အႀကီးဆုံးနဲ႔ အထင္ႀကီးစရာအေကာင္းဆုံးသတၱဝါတစ္ေကာင္ ျဖစ္ပါတယ္ရွင္။
Ref:youtube
Trans:thegeektext