ရောမအင်ပါယာကြီးကို ဖျက်ဆီးပစ်ခဲ့သော ဆီဇာနန်းဆက် ပထမမြောက် ဘုရင် နီရိုး

ရောမအင်ပါယာကြီးကို ဖျက်ဆီးပစ်ခဲ့သော ဆီဇာနန်းဆက် ပထမမြောက် ဘုရင် နီရိုး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေရာမအင္ပါယာႀကီးကို ဖ်က္ဆီးပစ္ေသာ ဆီဇာနန္းဆက္ ပထမေျမာက္ ဘုရင္ နီ႐ိုး

ေရာမၿမိဳ႕ႀကီး မီးေလာင္ေနစဥ္ ေရာမဘုရင္ နီ႐ိုးက ေစာင္းတီးေနသည္ဟု စာဆိုရွိသည္။ အမွန္မွာ ထိုသို႔မဟုတ္ပါ။

အေကာင္းဆုံး၀တ္႐ုံကို၀တ္ဆင္ၿပီး အျမင့္ဆုံး ေမွ်ာ္စင္ေပၚမွ ေန၍ မီးေလာင္ေနေသာ ေရာမၿမိဳ႕ႀကီးကိုၾကည့္ကာ ေစာင္းတီးလ်က္ရွိေသာ ရံေ႐ႊေတာ္မ်ားႏွင့္အတူ သီခ်င္းဟစ္ေအာ္ဆိုေနသည္။

မီးေလာင္သျဖင့္ အိမ္မွထြက္ေျပးၾကရရွာေသာ တိုင္းသူျပည္သားမ်ားကို ၾကည့္ရသည္မွာ သူ႔အဖို႔ ထူးကဲလွေသာ မ်က္စိအရသာျဖစ္ေလသည္။

ျပည္သူ/သားမ်ား ဒုကၡေရာက္ပုံကို အေပၚစီးကၾကည့္ရင္ အလြန္သာယာလွပသည့္ ရႈခင္းေပတကားဟု ခ်ီးက်ဴး လိုက္ေသးသည္။

လြန္စြာမွရက္စက္၍ ေၾကာက္စရာေကာင္းေသာ စိတ္ထားျဖစ္သည္။မီးေလာင္သည္မွာ မေတာ္တဆမဟုတ္ေပ။

ေ႐ႊတိုက္ေတာ္၌ ေငြေၾကးဘ႑ာ ေလ်ာ့ပါးလြန္းလွ၍ နီ႐ိုးကိုယ္တိုင္ သူ၏အမိန္႔ႏွင့္ ၿမိဳ႕ကိုမီးရႈိ႕ျခင္းျဖစ္သည္။ နီ႐ိုးက သူ႔စစ္ သည္ေတာ္မ်ားကို မီးေလာင္ ေနခိုက္ ရႏိုင္သမွ်ရေအာင္ တိုက္ခိုက္ လုယက္ရမည္ဟု အမိန္႔ခ်မွတ္ေလသည္။

နီ႐ိုးသည္ ေရာမျပည္၌ တန္ ခိုးႀကီးခဲ့ေသာ ဆီဇာနန္းဆက္တြင္ ပထမေျမာက္ ဘုရင္ျဖစ္သည္။ ႀကီးမားလွေသာ ေရာမအင္ပါယာႀကီးကို ဖ်က္ဆီးပစ္ေသာ ဘုရင္ဆိုး မင္းယုတ္အျဖစ္ သမိုင္းတြင္ ထင္ရွားသည့္ပုဂၢိဳလ္ေပတည္း။

နီ႐ိုး၌ သမာသမတ္စိတ္၊ ၾကင္နာသနားစိတ္ဟူ၍စိုးစဥ္မွ်မရွိေခ်။ သူ႔အဖို႔ ကာ မဂုဏ္စည္းစိမ္ခံစားရမည္ဆိုလွ်င္ ငဲ့ညႇာျခင္း လုံး၀မရွိေပ။သူသည္ မေကာင္းမႈအားလုံးကို လုပ္ဖူးသည္။

မိခင္အရင္းကိုပင္ ၾကင္ရာေျမႇာက္ခဲ့သည္။ရာဇ၀င္အဆက္ဆက္၌ သူ႔ေလာက္ဆိုးသြမ္းညစ္ညမ္းယုတ္မာေသာမင္း မေပၚေပါက္ဖူးခဲ့ေခ်။

သူသည္ ခရစ္ႏွစ္ ၅၅ ခုႏွစ္တြင္ ဧက ရာဇ္ျဖစ္သည္။ အသက္(၁၇) မွ်သာရွိေသးသည္။ ထိုစဥ္က ေရာမအင္ပါယာႀကီး တည္ေထာင္လ်က္ရွိေသာ္လည္း ေရာမလူမ်ိဳးတို႔၏ တန္ခိုးမွာ ေလ်ာ့ပါးစျပဳလာေလသည္။

မင္းေကာင္းမင္းျမတ္ဆက္ခံလွ်င္ ယိမ္းေနေသာ အင္ပါယာႀကီးသည္ တည့္မတ္၍ရႏိုင္ေသးေသာ္လည္း နီ႐ိုးကဲ့သို႔ မင္းဆိုးမင္းညံ့ေၾကာင့္ ပ်က္စီးမႈျမန္သြားေလသည္။

နီ႐ိုးသည္ တိရစာၦန္စိတ္ရွိသူျဖစ္သည္။ တခါတရံျခေသၤ့ေရ၊ ဝံပုေလြေရကိုလႊမ္း ၍ ေလွာင္အိမ္ထဲမွာ အတန္ၾကာေနၿပီးလွ်င္ ေလွာင္အိမ္မွဖြင့္ေပးခိုင္းၿပီးေနာက္

ေလွာင္အိမ္မွထြက္၍ လက္ျပန္ႀကိဳးတုပ္ထားေသာ အ ႐ြယ္ငယ္ငယ္ ကြၽန္ကေလးမ်ားကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ ခုတ္ထစ္သတ္ျဖတ္ေလသည္။

တခါတရံလည္း သူ႔ကိုယ္သူ အႏုပညာသည္တစ္ေယာက္လို ထင္မွတ္ကာ ေတးသီခ်င္း၊ တူရိယာ၊ ကဗ်ာလကၤာမ်ားကို သီဆို ေရးစပ္ေလသည္။

တစ္ခါတရံ ငါးမွ်ားထြက္သည္။ ရထားၿပိဳင္သည္။ ၿပိဳင္တိုင္း သူ႔ကိုပထမေပးၾကရသည္။တစ္ခါက သူသီခ်င္းဆိုေသာေန႔တြင္ ငလွ်င္လႈပ္သည္။

ပရိတ္သတ္တို႔သည္ ဇာတ္႐ုံထဲမွ ထြက္ေျပးခ်င္ေသာ္လည္း ဘုရင္ကိုယ္တိုင္ဆိုေနသျဖင့္ မလႈပ္ရဲေခ်။ ဆုံးေအာင္ နားေထာင္ၾကရသည္။ သီခ်င္းဆုံး၍အားလုံး အျပင္ထြက္ၿပီးေသာ္ ဇာတ္႐ုံၿပိဳက် ေလသည္။

ထိုအခ်င္းအရာကို ဘုန္းေတာ္ဘြဲ႕သမားမ်ားက ဘုရင္ ဘုန္း တန္ခိုးႀကီးပုံကို ဖြဲ႕ႏြဲ႕ေလွ်ာက္တင္ၾကသည္။နီ႐ိုးတြင္ ေမာင္းမမိႆံမ်ားစြာရွိသည္။ မိဖုရားႀကီးသုံးေယာက္ ဆင့္ယူသည္။

ေနာက္ဆုံး မိခင္ရင္းကိုပင္ မခ်န္ မိဖုရားေျမႇာက္သည္။ သူ႔မိဖုရားမ်ားမွာလည္း သူၿငီးေငြ႕လွ်င္ အေၾကာင္းရွာ သတ္ပစ္သည္။ သူ႔မိခင္ ပင္လွ်င္ ေနာက္ ဆုံး ဓားျဖင့္ အဆုံးစီရင္ျခင္းခံရသည္။

တစ္သက္လုံးစည္းစိမ္ခံစားလာေသာ နီ႐ိုးဘုရင္သည္ တိုင္းျပည္၏ ဘ႑ာေတာ္မ်ားကို အရမ္းသုံးလာရာ ေနာက္ဆုံး၌ကုန္ခမ္းလာေတာ့ သည္။

သူ႔လက္ပါးေစမ်ားႏွင့္ သူေဌးမ်ားကို ရာဇ၀တ္သင့္ေအာင္ ဖန္တီးကာ ပစၥည္းဥစၥာမ်ားကို သိမ္း ယူေလသည္။ အခြန္မ်ားကို တိုး၍ေကာက္သည္။ ထိုသို႔ လုပ္ေသာ္လည္း သူ႔အသုံးစားရိတ္ကို မကာမိေခ်။

ေနာက္ဆုံးတြင္ ေရာမၿမိဳ႕ႀကီးအား မီးရႈိ႕ကာ အႀကီးအက်ယ္ လုယက္ေလေတာ့သည္။ ျပည္သူ/သားမ်ားသည္ မင္းဆိုးမင္းညစ္အား မုန္းတီးလာၾကေလရကား ညတစ္ညတြင္ နီ႐ိုးသည္ သန္းေခါင္ယံႏိုးလာေသာအခါ

သူ႔၏သက္ေတာ္ေစာင့္ တစ္ေယာက္မွ မရွိေတာ့ေၾကာင္းသိရ၍ ေတာထဲသို႔ထြက္ေျပး ေလေတာ့သည္။ ေတာထဲ၌ တိရစာၦန္ပမာ ဆံမုတ္ဆိတ္စုတ္ဖြားႏွင့္ ရက္အတန္ၾကာ ေနၿပီးေနာက္ ဖမ္းမိလွ်င္

အႀကီးအက်ယ္ ႏွိပ္စက္ခံရၿပီးေနာက္ ေသရမည္ဧကန္ျဖစ္ေၾကာင္း သိသျဖင့္ သူ႔လည္ပင္းကို ဓားေျမႇာင္ျဖင့္ ထိုးကာသူ႔ကိုယ္သူအဆုံးစီရင္လိုက္ေလေတာ့သည္။

သူ ေသဆုံးခ်ိန္တြင္ အသက္ ၃၁ႏွစ္သာရွိေသးသည္။ နန္းသက္ ၁၄ ႏွစ္မွ်သာ စည္းစိမ္ခံလိုက္ရသည္။

Credit – မူရင္း

Unicode

ရောမအင်ပါယာကြီးကို ဖျက်ဆီးပစ်သော ဆီဇာနန်းဆက် ပထမမြောက် ဘုရင် နီရိုး

ရောမမြို့ကြီး မီးလောင်နေစဉ် ရောမဘုရင် နီရိုးက စောင်းတီးနေသည်ဟု စာဆိုရှိသည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။

အကောင်းဆုံး၀တ်ရုံကို၀တ်ဆင်ပြီး အမြင့်ဆုံး မျှော်စင်ပေါ်မှ နေ၍ မီးလောင်နေသော ရောမမြို့ကြီးကိုကြည့်ကာ စောင်းတီးလျက်ရှိသော ရံရွှေတော်များနှင့်အတူ သီချင်းဟစ်အော်ဆိုနေသည်။

မီးလောင်သဖြင့် အိမ်မှထွက်ပြေးကြရရှာသော တိုင်းသူပြည်သားများကို ကြည့်ရသည်မှာ သူ့အဖို့ ထူးကဲလှသော မျက်စိအရသာဖြစ်လေသည်။

ပြည်သူ/သားများ ဒုက္ခရောက်ပုံကို အပေါ်စီးကကြည့်ရင် အလွန်သာယာလှပသည့် ရှုခင်းပေတကားဟု ချီးကျူး လိုက်သေးသည်။

လွန်စွာမှရက်စက်၍ ကြောက်စရာကောင်းသော စိတ်ထားဖြစ်သည်။မီးလောင်သည်မှာ မတော်တဆမဟုတ်ပေ။

ရွှေတိုက်တော်၌ ငွေကြေးဘဏ္ဍာ လျော့ပါးလွန်းလှ၍ နီရိုးကိုယ်တိုင် သူ၏အမိန့်နှင့် မြို့ကိုမီးရှို့ခြင်းဖြစ်သည်။ နီရိုးက သူ့စစ် သည်တော်များကို မီးလောင် နေခိုက် ရနိုင်သမျှရအောင် တိုက်ခိုက် လုယက်ရမည်ဟု အမိန့်ချမှတ်လေသည်။

နီရိုးသည် ရောမပြည်၌ တန် ခိုးကြီးခဲ့သော ဆီဇာနန်းဆက်တွင် ပထမမြောက် ဘုရင်ဖြစ်သည်။ ကြီးမားလှသော ရောမအင်ပါယာကြီးကို ဖျက်ဆီးပစ်သော ဘုရင်ဆိုး မင်းယုတ်အဖြစ် သမိုင်းတွင် ထင်ရှားသည့်ပုဂ္ဂိုလ်ပေတည်း။

နီရိုး၌ သမာသမတ်စိတ်၊ ကြင်နာသနားစိတ်ဟူ၍စိုးစဉ်မျှမရှိချေ။ သူ့အဖို့ ကာ မဂုဏ်စည်းစိမ်ခံစားရမည်ဆိုလျှင် ငဲ့ညှာခြင်း လုံး၀မရှိပေ။သူသည် မကောင်းမှုအားလုံးကို လုပ်ဖူးသည်။

မိခင်အရင်းကိုပင် ကြင်ရာမြှောက်ခဲ့သည်။ရာဇ၀င်အဆက်ဆက်၌ သူ့လောက်ဆိုးသွမ်းညစ်ညမ်းယုတ်မာသောမင်း မပေါ်ပေါက်ဖူးခဲ့ချေ။

သူသည် ခရစ်နှစ် ၅၅ ခုနှစ်တွင် ဧက ရာဇ်ဖြစ်သည်။ အသက်(၁၇) မျှသာရှိသေးသည်။ ထိုစဉ်က ရောမအင်ပါယာကြီး တည်ထောင်လျက်ရှိသော်လည်း ရောမလူမျိုးတို့၏ တန်ခိုးမှာ လျော့ပါးစပြုလာလေသည်။

မင်းကောင်းမင်းမြတ်ဆက်ခံလျှင် ယိမ်းနေသော အင်ပါယာကြီးသည် တည့်မတ်၍ရနိုင်သေးသော်လည်း နီရိုးကဲ့သို့ မင်းဆိုးမင်းညံ့ကြောင့် ပျက်စီးမှုမြန်သွားလေသည်။

နီရိုးသည် တိရစ္ဆာန်စိတ်ရှိသူဖြစ်သည်။ တခါတရံခြင်္သေ့ရေ၊ ဝံပုလွေရေကိုလွှမ်း ၍ လှောင်အိမ်ထဲမှာ အတန်ကြာနေပြီးလျှင် လှောင်အိမ်မှဖွင့်ပေးခိုင်းပြီးနောက်

လှောင်အိမ်မှထွက်၍ လက်ပြန်ကြိုးတုပ်ထားသော အ ရွယ်ငယ်ငယ် ကျွန်ကလေးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ထစ်သတ်ဖြတ်လေသည်။

တခါတရံလည်း သူ့ကိုယ်သူ အနုပညာသည်တစ်ယောက်လို ထင်မှတ်ကာ တေးသီချင်း၊ တူရိယာ၊ ကဗျာလင်္ကာများကို သီဆို ရေးစပ်လေသည်။

တစ်ခါတရံ ငါးမျှားထွက်သည်။ ရထားပြိုင်သည်။ ပြိုင်တိုင်း သူ့ကိုပထမပေးကြရသည်။တစ်ခါက သူသီချင်းဆိုသောနေ့တွင် ငလျှင်လှုပ်သည်။

ပရိတ်သတ်တို့သည် ဇာတ်ရုံထဲမှ ထွက်ပြေးချင်သော်လည်း ဘုရင်ကိုယ်တိုင်ဆိုနေသဖြင့် မလှုပ်ရဲချေ။ ဆုံးအောင် နားထောင်ကြရသည်။ သီချင်းဆုံး၍အားလုံး အပြင်ထွက်ပြီးသော် ဇာတ်ရုံပြိုကျ လေသည်။

ထိုအချင်းအရာကို ဘုန်းတော်ဘွဲ့သမားများက ဘုရင် ဘုန်း တန်ခိုးကြီးပုံကို ဖွဲ့နွဲ့လျှောက်တင်ကြသည်။နီရိုးတွင် မောင်းမမိဿံများစွာရှိသည်။ မိဖုရားကြီးသုံးယောက် ဆင့်ယူသည်။

နောက်ဆုံး မိခင်ရင်းကိုပင် မချန် မိဖုရားမြှောက်သည်။ သူ့မိဖုရားများမှာလည်း သူငြီးငွေ့လျှင် အကြောင်းရှာ သတ်ပစ်သည်။ သူ့မိခင် ပင်လျှင် နောက် ဆုံး ဓားဖြင့် အဆုံးစီရင်ခြင်းခံရသည်။

တစ်သက်လုံးစည်းစိမ်ခံစားလာသော နီရိုးဘုရင်သည် တိုင်းပြည်၏ ဘဏ္ဍာတော်များကို အရမ်းသုံးလာရာ နောက်ဆုံး၌ကုန်ခမ်းလာတော့ သည်။

သူ့လက်ပါးစေများနှင့် သူဌေးများကို ရာဇ၀တ်သင့်အောင် ဖန်တီးကာ ပစ္စည်းဥစ္စာများကို သိမ်း ယူလေသည်။ အခွန်များကို တိုး၍ကောက်သည်။ ထိုသို့ လုပ်သော်လည်း သူ့အသုံးစားရိတ်ကို မကာမိချေ။

နောက်ဆုံးတွင် ရောမမြို့ကြီးအား မီးရှို့ကာ အကြီးအကျယ် လုယက်လေတော့သည်။ ပြည်သူ/သားများသည် မင်းဆိုးမင်းညစ်အား မုန်းတီးလာကြလေရကား ညတစ်ညတွင် နီရိုးသည် သန်းခေါင်ယံနိုးလာသောအခါ

သူ့၏သက်တော်စောင့် တစ်ယောက်မှ မရှိတော့ကြောင်းသိရ၍ တောထဲသို့ထွက်ပြေး လေတော့သည်။ တောထဲ၌ တိရစ္ဆာန်ပမာ ဆံမုတ်ဆိတ်စုတ်ဖွားနှင့် ရက်အတန်ကြာ နေပြီးနောက် ဖမ်းမိလျှင်

အကြီးအကျယ် နှိပ်စက်ခံရပြီးနောက် သေရမည်ဧကန်ဖြစ်ကြောင်း သိသဖြင့် သူ့လည်ပင်းကို ဓားမြှောင်ဖြင့် ထိုးကာသူ့ကိုယ်သူအဆုံးစီရင်လိုက်လေတော့သည်။

သူ သေဆုံးချိန်တွင် အသက် ၃၁နှစ်သာရှိသေးသည်။ နန်းသက် ၁၄ နှစ်မျှသာ စည်းစိမ်ခံလိုက်ရသည်။

Credit – မူရင်း

3

Crd