ရောမမှာတွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းက အပ်ချုပ်ပစ္စည်းမဟုတ်ဘဲ ကျားအင်္ဂါတုဖြစ်နေ

ရောမမှာတွေ့ရှိတဲ့ရှေးဟောင်းပစ္စည်းမှာ အပ်ချုပ်ပစ္စည်းမဟုတ်ပဲ ကျားအင်္ဂါအတုဖြစ်နေ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။
ဒီပစ္စည်းကို ဖိနပ်တွေနဲ့အဝတ်အစားပစ္စည်းတွေကြားကရှာတွေ့တာမို့ ပညာရှင်တွေက ရှေးလူတွေ အပ်ချုပ်ရာမှာ အခံအဖြစ်စွပ်ပြီးသုံးတဲ့ ပစ္စည်း လို့အစောပိုင်းအခြေအနေအရ ထင်မြင်ချက်ပေးကြပေမယ့် ဒီကနေ့မှာတော့ အမျိုးသားလိင်အင်္ဂါတုဖြစ်ကြောင်းအတည်ပြုလိုက်တာပါ။
“ဒီပစ္စည်းဟာ လိင်ပိုင်းဆိုင်ရာပစ္စည်းဖြစ်ဖို့အင်မတန်များပါတယ်။ တကယ်လို့အဲ့လိုသာဆိုရင် ဒါဟာ သမိုင်းမှာပထမဆုံးရှာတွေ့တဲ့ ရောမခေတ်က လိင်တံအတုပဲ။” လို့ ဒီလေ့လာချက်ကိုပူးတွဲထုတ်ပြန်တဲ့ ဗြိတိန်နိုင်ငံ Newcastle တက္ကသိုလ်က ရှေးဟောင်းသုတေသနဌာန senior lecturerတစ်ယောက်ဖြစ်တဲ့ Rob Collins က CNN ကိုပြောပါတယ်။
“တအားကြီးတော့ အံ့သြမသွားစေချင်ပါဘူး။ ရောမအနုပညာနဲ့စာပေတွေကတဆင့် သူတို့ ကျားလိင်တံတုတွေသုံးတာ၊ အဲ့ဒါကြီးတွေတကယ်ရှိခဲ့တာကိုလေ့လာသိရှိပြီးသားပါ။ဒါပေမယ့် အခုထိတော့ တစ်ခုမှမတူးဖော်မိသေးပါဘူး။”
ပုံစာ – ရှာဖွေတွေ့ရှိထားတဲ့ကျားအင်္ဂါအတု
Ref: BBC
ကိုခွေး ရေးသည်။
crd
Crd