ရေရှိတဲ့မည်သည့်နေရာမှာမဆို နေထိုင်နိုင်ပြီဖြစ်တဲ့ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ရေပေါ်ကွန်ဒို

News

ရေရှိတဲ့ မည်သည့်နေရာမှာမဆို နေထိုင်နိုင်ပြီဖြစ်တဲ့ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ရေပေါ်ကွန်ဒို

အကယ်၍ Anthénea ကပြောစရာရှိတယ်ဆိုရင် ဇိမ်ရှိပြီး နေချင်စရာ အိုအေစစ်လေးတခုက သင်အနီးနားက မြို့လေးကို မကြာခင်ရောက်ရှိလာတော့မယ်ဆိုတဲ့ အကြောင်းပါပဲ၊ 2019 ခုနှစ် မှာ ရှေ့ပြေးအဖြစ်ကြေညာပြီးတဲ့အခါမှာ ပြင်သစ် လုပ်ငန်းအဖွဲ့က နောက်နှစ်အစောပိုင်းတွင် လိပ်ခုံးပုံသဏ္ဍာန် အဆောက်အအုံကို ထုတ်ဖော်ခဲ့ပါတယ်၊

ဒါဟာ ကိုယ်တိုင်ထိန်းချုပ် မောင်းနှင်နိုင်တဲ့ သင်္ဘောဖြစ်ဖို့အတွက် အချိန်အကြာကြီးလိုအပ်ပါတယ်၊ ပြင်သစ်ရေတပ် ဗိသုကာ ပညာရှင် Jean-Michel Duacancelle ရေးဆွဲတဲ့ မူရင်း ဒီဇိုင်းဟာ 1977ခုနှစ်က ရိုက်ကူးခဲ့တဲ့ James Bond ရဲ့ The Spy Who Love Me ဇာတ်လမ်းထဲက လူ ဆိုး ပုန်းအောင်းတဲ့နေရာကို တုပရေးဆွဲခဲ့တာဖြစ်ပါတယ်၊ ပန်းကန်ပြားပျံ ပုံစံဟာ ရှေ့ပြေးအဖြစ် ပုံစံ5မျိုးရှိပြီး ပြီးစီးဖို့ 15နှစ်ကျော်ကြာခဲ့ပေမယ့် ယခုနောက်ဆုံးမှာတော့ ပင်လယ်ပြင်ထဲ သက်ဆင်းလာပြီဖြစ်ပါတယ်၊

အလန်းစား Anthénea ဟာ အချင်း31ပေရှိပြီး လူကြီး2ယောက် သို့မဟုတ် မိသားစုဝင် 4 ယောက်ဆန့်ပါတယ်၊ အတွင်းပိုင်းတွင် ဧည့်ခန်း၊ဘားနဲ့ မီးဖိုချောင်အပြင် ခေါင်မိုးထက်မှာ လူ12ယောက်ဆန့်တဲ့ ဖန်လုံအိမ်ဘား လဲ ပါဝင်ပါတယ်၊ Anthéneaရဲ့ စွမ်းဆောင်ရည်ကတော့ ပင်လယ်ကမ္ဘာနဲ့ တသားထဲဖြစ်စေတာပဲဖြစ်ပါတယ်၊ ကုမ္ပဏီက ၎င်းကို ပင်လယ်ပေါ်မှာ ရှိတာကြောင့် ကြာပန်း လို့တင်စားထားပြီး ရေအောက်ကမ္ဘာ ဂေဟစနစ်အပေါ် သက်ရောက်မှုလဲ မရှိနိုင်ပါဘူး၊ ၎င်းသင်္ဘောပေါ်မှာ ဆိုလာပြားတပ်ဆင်ထားပြီး 100%သန့်စင်တဲ့ စွမ်းအင်ကိုအသုံးပြုပါတယ်၊ ဒါ့အပြင် ဆန်းသစ်တဲ့ ကျောက်ချစနစ်ပါဝင်ပြီး ရေအောက်ကြမ်းပြင်ကို အထိအခိုက်နည်းစေတဲ့ သဲဝက်အူ လည်း ပါရှိပါတယ်၊

ရေငန်ကို စစ်ထုတ်ပေးနိုင်တဲ့ အစိမ်းရောင် နည်းပညာလည်း ပါဝင်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့များကလည်း အမှိုက်ရှင်းလင်းတဲ့နည်းကိုပြောပြထားပါတယ်၊ အဆောက်အအုံတခုလုံးဟာပြန်လည်အသုံးပြုလို့ရတာကြောင့် သက်တမ်းကုန်ဆုံးသွားခဲ့ရင်တောင် အမှိုက်ကျန်ခဲ့မှာမဟုတ်ပါဘူး၊

Anthénea မှာ တွန်းကန်စနစ်တပ်ဆင်ထားပြီး ဧည့်သည်ဟာ ပင်လယ်လူနေမှုစနစ်ကို လိုချင်ရင် ပဲ့ထိန်းနဲ့ မောင်းနှင်နိုင်ပါတယ်၊ ၎င်းဟာတခြားသင်္ဘောတွေကဲ့သို့ ရပ်ထားနိုင်ပြီး လေတိုက်နှုန်း 27 knotsအထိ ခံနိုင်ရည်ရှိပါတယ်၊

Anthéneaသည် သင်္ဘောများကိုသီးသန့်ပင်လယ်သမုဒ္ဒရာကွန်ဒိုအဖြစ်သုံးနိုင်ပါတယ်၊သို့သော်ကုမ္ပဏီသည် သင်္ဘောများစွာပါ၀င်သောရေပေါ်အပန်းဖြေစခန်းများဖန်တီးရန်ကမ္ဘာအနှံ့ရှိဟိုတယ်လုပ်ငန်းရှင်များနှင့်လည်းပူးပေါင်းရန်ကြိုးစားနေပါတယ်၊Anthéneaသည်ဇိမ်ခံ အပန်းဖြေစခန်း တစ်ခုအဖြစ်လည်းလုပ်ဆောင်နိုင်သလိုရေပေါ် spa သို့မဟုတ်စားသောက်ဆိုင်အဖြစ်ပြင်ဆင်နိုင်ပါတယ်၊

ကုန်ကျစရိတ်ကတော့ သာမန် Anthénea ဆိုရင် အခြေခံအားဖြင့် ဒေါ်လာ 365,000 ကုန်ကျနိုင်ပြီး ရေပေါ် Spa အမျိုးအစားဆိုရင်တော့ ဒေါ်လာ 730,000 ကုန်ကျနိုင်ပါတယ်၊ ကုမ္ပဏီကတော့ယခုနှစ် ဇွန်လနဲ့ဇူလိုင်လမှာ အော်ဒါလက်ခံပြီး 2022 အစောပိုင်းမှာဝန်ဆောင်မှုပေးသွားမယ်လို့ဆိုပါတယ်၊

ကိုဗစ်19ဖြစ်ပွားပြီးတဲ့အခါမှာ အိမ်ထဲ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရတာကြောင့် အပန်းဖြေစခန်းများကို ရှာဖွေကြပါလိမ့်မယ်၊Anthénea ဟာရောင်းချမည့် ရေပေါ်ကွန်ဒို ဖြစ်ရုံတင်မကပါဘူး၊ မီယာမီ အခြေစိုက် ကုမ္ပဏီ Arkup က ပထမဆုံး ဂေဟစနစ်နဲ့ကိုက်ညီပြီး လူနေထိုင်နိုင်တဲ့ ရွက်လှေကို ဒေါ်လာ5.5သန်းနဲ့ ဈေးကွက်မှာရောင်းချခဲ့ပြီး ဒီဇိုင်းအသစ်တွေလည်း ထပ်မံ ထွက်ပေါ်လာအုံမှာဖြစ်ပါတယ်၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။