အသက် ၁၀၉ နှစ်အရွယ် Albert Date အမည်ရှိ အဘိုးဟာ သြစတြေးလျနိုင်ငံရဲ့ အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ တစ်ဦးဖြစ်ပါတယ်။ Albert က လက်ရှိမှာ New South Wales ရှိ ဘိုးဘွားရိပ်သာတွင် နေထိုင်နေပါတယ်။ ဘိုးဘွားရိပ်သာရှိ သူနာပြုရဲ့ အဆိုအရ Albert ဟာ ကျွမ်းကျင်သော ချည်ထိုးသမားဖြစ်ကြောင်း သိခဲ့ရပါတယ်။ မကြာသေးမီက ရေနံယိုဖိတ်မှုကြောင့် ပင်ဂွင်းမြောက်များစွာ အန္တရာယ်ကျရောက်လာခဲ့ပါတယ်။ ထို့ကြောင့် အဘိုးဟာ ပင်ဂွင်းများ င်္အကျီတွေလိုအပ်ကြောင်း ဖော်ပြတဲ့သတင်းကို တွေ့သောအခါ Albert က ပင်ဂွင်းများအတွက် အထည်ချုပ်ပေးခဲ့ပါတယ်။
ပင်ဂွင်းများက ရေနံဆီတွင် ဖုံးလွှမ်းသွားတဲ့အခါ ဆီကအမွေးမှာကပ်သောကြောင့် ပင်ဂွင်းများအတွက် ချည်ထိုးထားတဲ့ jumpers များက အသုံးဝင်ပါတယ်။ ရေနံဆီတွေကြောင့် ရေကူးခြင်းနဲ့ အစာရှာရန် ခက်ခဲစေပါတယ်။ အဘိုးထိုးပေးလိုက်တဲ့ အင်္ကျီကြောင့် ပင်ဂွင်းလေးတွေဟာ အဆင်ပြေပြေနဲ့ အစာတွေရှာနိုင်ခဲ့ပါပြီ။ Albert က အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး Penguin Foundation ကို ကူညီရာမှာ ထိုသို့သော စေတနာထားမှုကို ပြသခဲ့ပါတယ်။
JRose(Tgidailynews)
Zawgyi
ရေနံဆီယိုဖိတ်မှုကြောင့် အမွေးမှာ ဆီတွေကပ်ခြင်းမှ ကာကွယ်ရန် ပင်ဂွင်းများအတွက် င်္အကျီအသေးစား ထိုးပေးခဲ့တဲ့ အသက် ၁၀၉ နှစ်အရွယ်အဘိုး
JRose(Tgidailynews)
Crd
Post Views:
14