ရေတံခွန်ရဲ့နောက်ကွယ်က ထာဝရတောက်လောင်နေတဲ့ မီးတောက် – The Geek Text

ရေတံခွန်ရဲ့နောက်ကွယ်က ထာဝရတောက်လောင်နေတဲ့ မီးတောက် – The Geek Text

ရေတံခွန်ရဲ့နောက်ကွယ်က ထာဝရတောက်လောင်နေတဲ့ မီးတောက်

နယူးယောက် အနောက်ပိုင်းက Shale Creek Preserve ရဲ့ လမ်းလေးတစ်ခုဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ လျှို့ဝှက်အဆန်းကြယ်ဆုံး “မှော်ပညာ” များထဲမှတစ်ခု ဖြစ်ပါတယ်။

ဒီမှော်ပညာကတော့ Chestnut Ridge ရေတံခွန်ပဲဖြစ်ပြီး ဒီရေတံခွန်နောက်ကွယ်က မီးတောက်ဟာ ဘယ်လိုပုံမျိုးကြောင့် မငြိမ်းနိုင်ဘဲ ထွန်းတောက်နေတာလဲဆိုတာကို ပဉ္စလက်အတက်နဲ့ တင်စားထားကြတာပါ။

မီးတောက်ရဲ့ ထာဝရတည်တံ့နေတဲ့ သဘောတရားကြောင့် ဒီရေတံခွန်ကို Eternal Flame ရေတံခွန်လို့ အမည်ပေးထားခဲ့ပြီး ဒီလိုထူးခြားဆန်းကြယ်ပုံကြောင့်လည်း ရေတံခွန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာခဲ့ပါတယ်။

Eternal Flame ရေတံခွန်ဟာ ၃၅ ပေ ရှည်လျားတဲ့ ရေတံခွန်ဖြစ်ပြီး သူ့ရဲ့ အုတ်တွင်းတစ်ခုထဲမှာတော့ အမြင့် ၈ လက်မခန့်ရှိ ထူးခြားဆန်းကြယ်တဲ့ မီးတောက်ငယ်တစ်ခုက တွဲဖက်ပါရှိနေခဲ့တာပါ။

ဒီမီးတောက်ရဲ့ လျှို့ဝှက်ဆန်းကြယ်ပုံနဲ့ ပတ်သက်ပြီး သုတေသီတွေနဲ့ သိပ္ပံပညာရှင်တို့က နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာမှုတွေပြုလုပ်ရင်း ဖော်ထုတ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ကြဖူးပါတယ်။

ဒီလိုလေ့လာမှုတွေထဲက ပထမဆုံး သုံးသပ်ချက်တစ်ခုကတော့ ဒီမီးတောက်ဟာ လွန်ခဲတဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကန်လူမျိုးတို့က ထွန်းညှိထားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ကျောက်တုံးများဖြင့် ဖြစ်တည်လာတဲ့ ဟောင်းနွမ်းပူနွေးသော အုတ်ဂူများမှ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့များကြောင့် မီးဟာ ကြာရှည်စွာ လောင်ကျွမ်းနေကြောင်း ယုံကြည်ခဲ့ကြပါတယ်။

ရေတံခွန်တည်ရှိရာ ဒီကျောက်တုံးကြီးရဲ့ မြင့်မားလှတဲ့ အပူချိန်ဟာ ကျောက်တုံးအတွင်းရှိ ကာဗွန်မော်လီကျူးများကို ဖြိုခွဲပစ်လိုက်ပြီး သဘာဝဓာတ်ငွေ့အိတ်ကို ဖန်တီးပေးတယ်လို့ သုတေသနတွေ ပြုလုပ်အပြီးမှာ တည်ရှိခဲ့ရပါတယ်။

ဒါကြောင့် ရေတံခွန်အောက်ရှိ ကျောက်တုံးများဟာ ဓာတ်ငွေ့အိတ်တွေကို ဖြစ်ပေါ်စေနိုင်လောက်အောင် ပူလွန်းတာကြောင့် ဒီမီးတောက်နဲ့ ဒီစိမ့်ထွက်မှုတွေဟာ အဲဒီဒေသတွေမှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်လို့နေခဲ့တာဖြစ်ပါတယ်။

မီတာ ၄၀၀ လောက်နက်တဲ့ အရင်းအမြစ်ကို ပိုင်ဆိုင်ထားတဲ့ ဒီကျောက်တုံးကြီးဟာ သူ့ရဲ့မြင့်မားနေတဲ့ အပူချိန်ကြောင့် ယနေ့ချိန်ထိတိုင် ဓာတ်ငွေ့များကို အဆက်အပြတ် ထုတ်လုပ်ပေးနေလျက်ရှိပြီး မကုန်ခမ်းသေးဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ကျောက်တုံးရဲ့ အပူချိန်တစ်ခုတည်းကပဲ ဒီမီးတောက်ကို ထာဝရတည်မြဲနေဖို့ မလုံလောက်ကြောင်း နှစ်တွေကြာလာတာနဲ့အမျှ သုတေသီတို့က တွေ့ရှိလာခဲ့ကြပြန်ပါတယ်။

တကယ်တမ်းမှာတော့ နောက်ထပ် မတူညီသော ယန္တရားတစ်ခုဟာ နက်ရှိုင်းတဲ့ ဓာတ်ငွေ့များ စဉ်ဆက်မပြတ် ထုတ်လုပ်နေခြင်းအတွက် တာဝန်ရှိကြောင်း အခိုင်အမာ အဆိုပြုလာခဲ့ကြပြန်ပါတယ်။

ဒီမီးတောက်ကို လောင်ကျွမ်းစေတဲ့ ဓာတုဓာတ်ငွေ့ဟာ မီသိန်းဓာတ်ငွေ့ဖြစ်ပြီး တစ်နည်းဆိုရသော် အခြားအရာတစ်ခုခုက မီသိန်းကို အမြဲဖြစ်တည်နေဖို့ လုပ်ဆောင်ပေးနေကြောင်း အဖြေဖော်နိုင်ခဲ့ကြပါတယ်။

ဒီအရာက “ထာဝရမီးတောက်” လောင်ကျွမ်းခြင်းကို ထိန်းသိမ်းပေးနေတာဖြစ်ပြီး ယနေ့အချိန်အထိတော့ သုတေသီတွေဟာ ယင်းအရာဟာ ဘယ်အရာဖြစ်နိုင်သလဲဆိုတာကိုတော့ အတိအကျ မသိရှိကြသေးပါဘူး။

ဒါပေမဲ့ သေချာတာကတော့ ဒီမီးတောက်နဲ့ ဒီရေတံခွန်ဟာ သေချာပေါက် လျှို့ဝှက်ဆန်းကြယ်ပြီး သိပ္ပံပညာရဲ့နောက်ကွယ်က အမျိုးအစားတစ်ခုပါ။

ကမ္ဘာတစ်ဝှမ်းမှာ ရာနှင့်ချီသော ‘သဘာဝ’ ထာဝရမီးတောက်များ ရှိသော်လည်း Shale Creek ထိန်းသိမ်းစောင့်ရှောက်ရေးက အမျိုးအစားဟာ အကျော်ကြားဆုံးနဲ့ အဆန်းကြယ်ဆုံး တစ်ခုဖြစ်နေတယ်ဆိုတာကတော့ သေချာပါတယ်။

ကြီးမားတဲ့ ရေစီးချောင်းများအောက်မှာ သေးငယ်သော်လည်း အားကြီးပြင်းထန်တဲ့ မီးတောက်ရဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်နဲ့အတူ Eternal Flame ရေတံခွန်ဟာ ယနေ့ချိန်ထိလည်း သိပ္ပံဆိုင်ရာ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

“ထာဝရ” ဆိုတဲ့ နာမည်ရှိသော်လည်း လေထန်တဲ့နေ့မျိုးမှာဆိုရင်တော့ အုတ်ဂူထဲသို့ ရေအမြောက်အများ ရောက်ရှိလာတတ်တာကြောင့် မီးတောက်ဟာ တစ်ခါတရံမှာတော့ ငြိမ်းသွားတတ်ပါတယ်။

တချို့ တောင်တက်သမားတွေကလည်း မီးငြိမ်းနေချိန်မှာ မီးပြန်ညှိပေးသွားလေ့ရှိပြီး Eternal (ထာဝရ) ဆိုတဲ့ နာမည်နဲ့လိုက်အောင် ရေတံခွန်ရဲ့ အလှတရားကို ထိန်းသိမ်းနေကြပါတယ်။

Knight News Team

Knight News © 2022

Crd



Post Views:
9

Crd