ရေငုပ်သင်္ဘောက ဟောင်းလို့ အဖာတစ်ရာပါတယ်လို့ ထင်ကြတယ်။

ဗီယက်နမ်ရေတပ်ပိုင် ကီလိုအတန်းအစား အသစ်ရေငုပ်သင်္ဘောမှာလည်း မြင်နေရတဲ့အတိုင်း အကွက်တွေပါပါတယ်။ အသစ်ဆိုတော့ ချပ်ချပ်ရပ်ရပ် ရှိပါတယ်။ အဲဒီအကွက်တွေက Anechoic tile လို့ခေါ်ပြီး ရာဘာအမျိုးအစားနဲ့ လုပ်ထားပါတယ်။

အများအားဖြင့် တစ်လက်မခန့်ထူပြီး အသံစုပ်ယူနိုင်အောင် အသံထုတ်လွှတ်မှုနည်းအောင်စီမံထားတာပါ။ ကိုယ်ထည်သံပြားပေါ်မှာ ကပ်ထားပါတယ်။ ရေအောက်မှာထောက်လှမ်းရင် ဆိုနာကနေ အသံလှိုင်းလွှတ်ပြီးထောက်လှမ်းပါတယ်။ ဗီယက်နမ်က အသစ် ၆ စီးဝယ်ထားပါတယ်။

Credit – Zaw Win
Credit – စစ်သမိုင်းများနှင့် စစ်လက်နက်များ