TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရေကူဝတ်စုံထက် ကြက်ဥယူသွားဖို့ပိုသင့်တော်သော bogoria lake
ဘယ်ဂိုရီးယားရေကန်ကတော့ ကန်ညာနိုင်ငံမှာတည်ရှိပြီး သူတို့ရဲ့ရေပူစမ်းတွေကြောင့် နာမည်ကြီးတာပါ။
ဒီနေရာကိုလာကြတဲ့ ခရီးသွားတွေက ပုံမှန် ရေကူးဝတ်စုံတွေယူလာကြတာမဟုတ်ပဲ ကြက်ဥတွေယူလာကြပါတယ်။ ဘာလို့များလဲ။ ဒါဟာရိုးရှင်းပါတယ်။
ရေကန်ထဲက ရေဟာ ရေဆူမှတ် ၁၁၀ဒီဂရီဆဲလ်စီးယပ်စ် အထက်မှာ ရှိပါတယ်။ ဒီနေရာမှာဆိုရင် ပရိသတ်ကြီးက ပန်းရောင် ကြိုးကြားအုပ်တွေတောင်တွေ့နိုင်ပါတယ်။
ဒါကြောင့်လဲ ခရီးသွားတော်တော်များများကိုဆွဲဆောင်နိုင်တာလည်း မဆန်းပါဘူး။ ဒီနေရာမှာ သင်ဟာ ရေဆူနေတဲ့ကန်မှာ ဟင်းလျာတွေကိုချက်ပြုတ်စားသောက်ရင်း ရေကန်ရဲ့ အရိုင်းဆန်တဲ့အလှကိုရှုစားနိုင်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext