ကမ္ဘာလောကကြီးမှာ ရှင်သန်ကြီးပြင်းနေတဲ့ တိရစ္ဆာန်တွေမှာ သူတို့ပုံစံနဲ့သူတို့ အမဲလိုက်ကြတဲ့ ပုံစံတွေရှိပါတယ်။ အသားစားသတ္တဝါတွေဖြစ်တဲ့ ခြသေ့ၤတွေ၊ ကျားတွေကျတော့ သူတို့ရဲ့ လက်သည်းတွေ၊ ချွန်မြတဲ့ သွားတွေကို အသုံးပြုပြီး အမဲလိုက်လေ့ရှိသလို ကုန်းနေရေနေသတ္တဝါတွေဖြစ်တဲ့ ဖားတွေကျပြန်တော့လည်း သူတို့ရဲ့ ရှည်လျားလှတဲ့ လျှာကို အသုံးပြုပြီး အင်းဆက်တွေကို စားသုံးလေ့ ရှိပါတယ်။ အခုပြောပြချင်တဲ့ Archer fish အမည်ရ ငါးကျတော့ သားကောင်ကိုဖမ်းတဲ့အခါမှာ တော်တော်လေးကို အထာကျပြီး မိုက်တဲ့ နည်းလမ်းနဲ့ အမဲလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ရေကို ကျည်ဆန်သဖွယ် အသုံးပြုပြီး အမဲလိုက်တာပဲ ဖြစ်ပါတယ်။

Archer fish ငါးရဲ့ တစ်ကယ့်နာမည်အရင်းကတော့ Toxotes jaculatrix လို့ ခေါ်ပါတယ်။ အဆိုငါးတွေဟာ များသောအားဖြင့် လမုပင် ပေါက်တဲ့ နေရာတွေမှာ အနေများသလို အာရှတိုက်တောင်ပိုင်းဒေသတွေနဲ့ အရှေ့တောင်ဖက်ဒေသတွေမှာမှာ အတွေ့များရတဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။ ပုံစံတွေလို ကြည့်လိုက်မယ်ဆိုရင်လည်း Archer fish တွေဟာ ကွန်မန်ဒို ပြောက်ကျားတွေလိုပုံစံပါပဲ။ ငွေရောင်ကြေးခွံပေါ်မှာ ကွန်မန်ဒိုတွေ ခြယ်သထားသလို အမည်းရောင်အကွက်တွေနဲ့ဖြစ်ပြီး သူတို့ရဲ့ သားကောင်တွေကို ဖမ်းဆီးတိုက်ခိုက်တဲ့အခါမှာလည်း ပြောက်ကျားစနစ်အတိုင်း ရုတ်တရက်တိုက်ခိုက်လေ့ရှိတဲ့ ငါးတွေ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရှိရတဲ့အတိုင်း သူတို့ရဲ့ လက်နက်ကတော့ ရေပါပဲ။ ရေကို ပါးစပ်ထဲကနေ စုပ်ယူပြီး ရေပြင်ပေါ်မှာရှိတဲ့ အကောင်ငယ်လေးတွေကို ဖမ်းဆီးတာပဲ ဖြစ်ပါတယ်။ ရေအားကလည်း တော်တော်ပြင်းပါတယ်။ တစ်ခါလောက်ရေထဲကနေ သားကောင်ကို ချိန်ပြီး မှုတ်ထုတ်လိုက်တာနဲ့ မှုတ်ထုတ်လိုက်တဲ့ ရေအရှိန်ကြောင့် ရေပြင်ပေါ်မှာရှိတဲ့ သားကောင်ဟာ ရေထဲကို ကျလာခဲ့ပါတယ်။ အဲဒီလို ရေထဲကို ကျလာတဲ့အခါမှ Archer fish တွေဟာ အေးဆေးရေထဲကနေ လှမ်းစားလိုက်ရုံပါပဲ။ ဒါ့အပြင် Archer fish တွေဟာ ရေပြင်ပေါ်မှာရှိတဲ့ သားကောင်ကို ရေထဲက ၂ မီတာအကွာအဝေးကနေကို လှမ်းပစ်ပြီး ဖမ်းနိုင်တာပဲ ဖြစ်ပါတယ်။ Archer fish တွေရဲ့ အဓိက သားကောင်တွေကတော့ ပင့်ကူတွေ၊ အိမ်မြှောင်တွေ၊ ပုတ်သင်ညိုအကောင်လေးလေးတွေအပြင် တစ်ခြားအင်းဆက်ပိုးမွှားတွေပဲ ဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
ကမ္ဘာလောကကြီးမှာ ရှင်သန်ကြီးပြင်းနေတဲ့ တိရစ္ဆာန်တွေမှာ သူတို့ပုံစံနဲ့သူတို့ အမဲလိုက်ကြတဲ့ ပုံစံတွေရှိပါတယ်။ အသားစားသတ္တဝါတွေဖြစ်တဲ့ ခြသေ့င်္တွေ၊ ကျားတွေကျတော့ သူတို့ရဲ့ လက်သည်းတွေ၊ ချွန်မြတဲ့ သွားတွေကို အသုံးပြုပြီး အမဲလိုက်လေ့ရှိသလို ကုန်းနေရေနေသတ္တဝါတွေဖြစ်တဲ့ ဖားတွေကျပြန်တော့လည်း သူတို့ရဲ့ ရှည်လျားလှတဲ့ လျှာကို အသုံးပြုပြီး အင်းဆက်တွေကို စားသုံးလေ့ ရှိပါတယ်။ အခုပြောပြချင်တဲ့ Archer fish အမည်ရ ငါးကျတော့ သားကောင်ကိုဖမ်းတဲ့အခါမှာ တော်တော်လေးကို အထာကျပြီး မိုက်တဲ့ နည်းလမ်းနဲ့ အမဲလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ရေကို ကျည်ဆန်သဖွယ် အသုံးပြုပြီး အမဲလိုက်တာပဲ ဖြစ်ပါတယ်။