ရုံးအလုပ်မှထွက်ပြီး သန်းရှင်းရေးသမား အလုပ်လုပ်ခဲ့ရာ အိမ်၂ လုံးနဲ့ ကား၂စီး ဝယ်နိုင်တဲ့အထိ ပိုက်ဆံစုနိုင်ခဲ့တဲ့ အမျိုးသမီး

ရုံးအလုပ်မှထွက်ပြီး သန်းရှင်းရေးသမား အလုပ်လုပ်ခဲ့ရာ အိမ်၂ လုံးနဲ့ ကား၂စီး ဝယ်နိုင်တဲ့အထိ ပိုက်ဆံစုနိုင်ခဲ့တဲ့ အမျိုးသမီး




JRose(Tgidailynews)

Zawgyi

ရုံးအလုပ်မှထွက်ပြီး သန်းရှင်းရေးသမား အလုပ်လုပ်ခဲ့ရာ အိမ်၂ လုံးနဲ့ ကား၂စီး ဝယ်နိုင်တဲ့အထိ ပိုက်ဆံစုနိုင်ခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက တရုတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ “Liu Xiaoli” ဇာတ်လမ်းဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ရုံးဝန်ထမ်းဘဝမှ သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ရတဲ့ဘဝကို ထုတ်ဖော်ပြီးနောက် အိမ်ဝယ်ရန် ငွေစုနိုင်သည့်အထိ လုံ့လစိုက်ထုတ်ခဲ့ပါတယ်။ Liu က ကျေးလက်ဒေသမှာ မွေးဖွားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ တက္ကသိုလ်ဘွဲ့ရပြီးနောက် သူမက ရုံးမှာ အလုပ်ဝင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အသုံးစရိတ်တွေ ကုန်ကျများလာတာကြောင့် အရင်အလုပ်က အဆင်ပြေပေမယ့် ဝင်ငွေက မိသားစုကို မထောက်ပံ့နိုင်ဘူးဖြစ်နေပါတယ်။

Liu က စိတ်ပျက်အားငယ်စွာဖြင့် အလုပ်မှထွက်ကာ သန့်ရှင်းရေးသမားဖြစ်လာပါတယ်။ ရုံးဝန်ထမ်းလုပ်ခြင်းထက် ငွေပိုရနိုင်လိမ့်မယ်လို့ သူမယုံကြည်သောကြောင့်ဖြစ်ပါတယ်။ သူမဟာ အလုပ်တွေ အများကြီးလုပ်ခဲ့ပြီး တစ်ခါတစ်ရံ ၁၇ နာရီ ၁၈ နာရီဆက်တိုက်အလုပ်လုပဍ်ခဲ့ပါတယ်။ အချိန်တွေကုန်မှာဆိုးလို့ အလုပ်ချိန်အတွင်း ရေသောက်ရန်ပင် ငြင်းဆန်ခဲ့ပါသေးတယ်။ Liu က သန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်စမှာ သူမရဲ့ မိဘနဲ့ သူငယ်ချင်းတို့တောင် မသိခဲ့ပါဘူး။ ဒါပေမဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုက အလဟသ မဖြစ်ခဲ့ပဲ အလုပ်ကြိုးစားပြီး ၂ နှစ်ကြာပြီးနောက် ငွေအချို့ စုနိုင်ခဲ့ပါတယ်။

ယင်းအလုက်ကြောင့် Liu က အိမ်သေးသေးလေးနှစ်လုံးနဲ့ ကားနှစ်စီးဝယ်ရန် ငွေစုနိုင်ခဲ့ပါတယ်။ မိဘတွေကို အမှန်အတိုင်းပြောပြဖို့လည်း သူမဆုံးဖြတ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာ၊ သူ့မိသားစုက နားလည်ပေးတဲ့အတွက် သူမ စိတ်ချမ်းသာရခဲ့ပါတယ်။

JRose(Tgidailynews)

Crd



Post Views:
11

Crd