ရုံးတင်ခံရဦးမည့် ရုရှားလေထီးတပ်ဖွဲ့က ပစ်ခတ်သူ
ဈေးဝယ်အဆောက်အဦးတစ်ခုကို မတော်တဆပစ်ခတ်မိ
Pskov ဒေသ၌တာဝန်ထမ်းဆောင်နေသော ရုရှားလေထီးတပ်ဖွဲ့သည် BMD-4 စနစ်များဖြင့် တာဝန်ထမ်းဆောင်မှုပြုနေစဉ် ၎င်းတို့၏ ယာဉ်တစ်စီးမှ ၃၀ မမ အမြောက်ဖြင့် ဈေးဝယ်အဆောက်အဦတစ်ခုကို မတော်တဆပစ်ခတ်မိသည်ဟု သိရှိရသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းအဆောက်အဦသည် မြို့တော်၏ အစွန်၌ တည် ရှိပြီး လူနေခြင်းမရှိသလို ပေါက်ကွဲမှုလည်း မဖြစ်ခဲ့သည့်အတွက် အသက် ရှူချောင်ခဲ့ကြသည်။
သို့သော် ဖြစ်စဉ်ကြောင့် တရားဉပဒေစိုးမိုးရေးအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်း မှုများပြုလုပ်နေရပြီး မတော်တဆဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

BMD-4 စနစ်သည် ခြေလျင်တိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ရုရှားလေထီးတပ်သား များကို ၎င်းတို့၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းတိုးမြင့်စေရန်၊ လက်နက်များ သယ်ဆောင်ခြင်းနှင့် အကာအကွယ်ပေးနိုင်ရန် ထုတ်လုပ်ထားသည့် စနစ်များ ဖြစ်သည်။
၎င်းယာဉ်၌ 100 mm 2A70 ၂ လက်နှင့် 30 mm ၁ လက်၊ ၇.၆၃ စက်သေနတ်တို့ကို တပ်ဆင်ထားရှိပါသည်။ BMD-4 စနစ်သည် အမျိုးအစားတူ စနစ်များ၌ ပေါ့ဆုံးနှင့် လက်နက်စနစ်အကောင်းဆုံးတပ်ဆင်ထားသည့် စနစ်တစ်ခုဖြစ် ကြောင်းသိရှိရသည်။
Ref-DB
Credit – MyanmarNews24