ရုရှား၏ ၂၀၂၁ ခုနှစ်အတွင်း လှုပ်ရှားဆောင်ရွက်မည့် ကာကွယ်ရေးဆိုင်ရာလက်ရှိအဆင့်မြှင့်တင်မှုများ
Tsirkon Hypersonic Missile စနစ်များကို ၂၀၂၂ ခုနှစ်၌ အမြောက်အမြားစတင်ထုတ်လုပ်မည်
ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်သူ Alexei Krivoruchko က Krasnaya Zvezda သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်း၌ Tsirkon Hypersonic Missile စနစ်များကို ၂၀၂၂ ခုနှစ်၌ အမြောက်အမြားစတင်ထုတ်လုပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါစနစ်များကို 3S-14 Universal Naval Missile Launcher စနစ်များမှ ပစ်ခတ်နိုင်မည်ဖြစ်ပြီး ၎င်းကို Project 22350 ဖရီးဂိတ် များနှင့် Project 20380 ကော်ဗက်ယာဉ်များ၌ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။

Borei-A နျူကလီးယားရေငုပ်သင်္ဘော ၂ စီးကို ၂၀၂၁ ခုနှစ်၌ ရေချမည်
ရုရှားရေတပ်အနေဖြင့် ၂၀၂၇ ခုနှစ်မတိုင်မီ Borei-A နှင့် Yasen-M နျူကလီးယားရေငုပ်သင်္ဘောအရေအတွက် စုစုပေါင်း ၁၄ စီးကို တပ်တော်ဝင်နိုင်ရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။ အဆိုပါရေငုပ်သင်္ဘောများထဲမှ လာမည့်နှစ်၌ Borei-A အမျိုးအစား ၂ စီးကို ရေချမည်ဖြစ်သည်ဟု သိရှိရသည်။ ယခုနှစ်အတွက် အစိုးရနှင့်လက်မှတ်ရေးထိုးထားသည့် စာချုပ်အရ ၄ စီးကို တည်ဆောက်မည်ဖြစ်ပြီး ၂ စီးထက်မနည်း ပြီးစီးအောင်ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။ Project 955A သည် စတုတ္ထမြောက်မျိုးဆက် နျူကလီးယားရေငုပ် သင်္ဘောများလည်းဖြစ်ပြီး ဆူညံမှုကင်းမဲ့ကာ လှုပ်ရှားမှုကောင်းမွန်ရန် ဆောင်ရွက်ထားခြင်း၊ ရေပိုမိုငုပ်နိုင်ခြင်းနှင့် လက်နက်ထိန်းချုပ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရန် ပြုလုပ်မည်ဖြစ်သည်ဟုသိရှိရသည်။

S-500 လေကာစနစ်များကို ၂၀၂၁ ခုနှစ်၌စတင်တပ်ဖြန့်အသုံးပြုမည်
ရုရှားအနေဖြင့် ၂၀၂၁ ခုနှစ်တွင် နောက်ဆုံးပေါ်အဆင့်မြှင့်နည်းပညာများ အသုံးပြုထားသည့် S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို တပ်ဖြန့်အသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟုသိရှိရသည်။ ၎င်းစနစ်တွင် လှိုင်းအလျားမီတာနှုန်းအတွင်း အလုပ်လုပ်ဆောင်နိုင်မည့် Voronezh ရေဒါစနစ်လည်း ပါဝင်မည် ဖြစ်သည်ဟုဆိုသည်။ ရုရှားအနေဖြင့် S-500 စနစ်များကို နောက်ထပ် ၂၅ နှစ် အထိ အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ၎င်းသည် ၄၈၁.၂ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ထောက်လှမ်းနိုင်မည်ဖြစ်ရာ လက်ရှိအသုံးပြုနေသည့် မည်သည့်ကာကွယ်ရေးစနစ်ထက်မဆို ၈၀ ကီလိုမီတာ ပိုမိုထောက်လှမ်းခြေရာခံနိုင်မည်ဖြစ်သည်။

Tu-160M ၏ ပထမဆုံးပျံသန်းမှုကို ၂၀၂၁ ခုနှစ်အကုန်၌ပြုလုပ်မည်
ရုရှားအနေဖြင့် Tu-160 စနစ်များကို Tu-160M အဖြစ် အဆင့်မြှင့်တင်ကာ ပြန်လည်ထုတ်လုပ်ခြင်းကို ၂၀၁၅ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် NK-32-02 အင်ဂျင်စနစ်များကို အသုံးပြုထားသည်ဟုဆိုသည်။

တာဝေးပျံ UCAV များကို ၂၀၂၁ ခုနှစ်၌ ရုရှားကြည်းတပ်အတွက်ထောက်ပံ့ပေးမည်
အဆိုပါဒရုန်းစနစ်များကို နည်းဗျူဟာမြောက်လေယာဉ်စနစ်များအပေါ်တွင် တင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သလို ၎င်းမှလက်နက်စနစ်များကိုလည်း ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်ဟုသိရှိရသည်။

စမ်းသပ်မှုပြီးဆုံးခြင်းမတိုင်မီ Armata တင့်ကားများကို အမြောက်အမြားထုတ်လုပ်မည်
T-14 နှင့် T-15 ကဲ့သို့ လက်နက်စနစ်များကို သယ်ဆောင်နိုင်သည့် Armata တင့်ကားများ၏ စမ်းသပ်မောင်းနှင်နေမှုပြီးဆုံးခြင်းမတိုင်မီ အမြောက်အမြား ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေပြီဖြစ်သည်ဟုသိရှိရသည်။ ထိုသို့ဆောင်ရွက် ခြင်းသည် ပေးပို့ရမည့်အချိန်တိုတောင်းသည့်အတွက် အဆင်သင့်ဖြစ်နေနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ရုရှားတပ်ဖွဲ့များအတွက် စစ်လက်နက်ပစ္စည်း အသုံးချမှုကို အရှိန်မပြက်စေရန်အတွက်လည်းဖြစ်ကြောင်းသိရှိရသည်။
Ref-WMR
MyanmarNews24